Skip to main content

ဆေးလိပ်လက်ဆောင် (၂)

မေးတာတခုရတယ်။ မဝယ်ဘူး မယ်ခူးတဲ့ဖက်ဆို ‘မ’ ရှေ့ရှိလျှင် ‘ဘ’ နဲ့ ဆုံးမယ်။ အဲ့လိုသင်ခဲ့ဖူးတယ်။ မှန်သည် မမှန်သည်တော့ ပညာသည်တွေ သိမှာပဲ။

‘ဖက်’ ဆိုလို့ရေးရင် သွက်သွက်ခါအောင် မှားတယ်။ ဘယ်ဆရာဆရာမတွေက ဘယ်စာအုပ်တွေ ဘယ်ကျမ်းတွေကို ကိုးကားပြီး သင်ပေးကြသလဲတော့ မသိပါ။ 

မြန်မာစာမှာ သိပ္ပံမှာလို ဖေါ်မြူလာတွေက အသုံးမကျတာက များတယ်။ 'မ' နောက်က 'ဘဲ' လိုက်ဆိုတာ၊ ရေတွက်လို့ရရင် 'တစ်'လုပ်ပါ။ အဲဒီနှစ်ခုလုံးကို နေရာတိုင်းမှာ သုံးလို့မရပါ။ ယေဘုယျ မှန်တာတော့ များပါတယ်။ နမူနာတွေ အကိုးအကားတွေ ပေးထားတာ များလှပြီ။

"ဆေးလိပ်လက်ဆောင်"

မဝယ်ဘူး မယ်ခူးတဲ့ဖက်စို။ 

မီးမကူ နေပူမှာ မကင်အားလို့၊ ထားရတယ် အိပ်ရာအောက်မှာ၊ မင်းသောက်ဖို့ကို။ 

ညှာအနား၊ ရှေ့သွားနဲ့ကိုက်လို့တို၊ မချိုတောင့်လိပ်ဆေး။

ပိုးမကူ၊ ဝါချည်ဖြူ တပင်ရစ်ကယ်နှင့်၊

ငယ်ချစ်မောင် ရွှေဝသွားကို၊ ပါးလိုက်ကဲ့လေး။   ။ (မယ်ခွေ) 

ရိုးရိုးလေးသာ စဉ်းစားကြည့်ပါ။ ဖက်က စိုနေလို့ မယ်ခွေမှာ မီးကင်စရာ ရှာနေရတယ်။ မီးမကူနိုင်လို့ သူ့အိပ်ယာ အောက်မှာသာ ထားရရှာတယ်။ 

"ခန်းတော်ဝင် မနောဟရီ အိပ်မက်ဖွဲ့"

ရွှေနံ့သာ ထုံကာသ၊ စုံစွာပ စီခြယ်၊

ဖုံဇာမြ ကတီလယ်မှာ၊ မဒီမယ် စက်မြန်း။

မြင်မက်တဲ့ သုပိန္နံ၊ မှုကြိမ်ဖန် တွေ့ပေါ့တခန်း၊။

ချစ်သူနင့် တွေ့ကာယှဉ်၊ မွေ့ရာတွင် ဖက်ရမ်း။

ငွေ့ဇာသင် တက်လှမ်းလို့၊ တသက်တန်း ကြံကာ။ 

အုံးတော်ကို ယောင်ကာဖက်၊ တောင်ညာရှက် ရှက်ရလေတာ။

မေချစ်တဲ့ ကိုဒေဝါရယ်၊ ပျိုမေမှာ လာမကလိပါနှင့်၊

တချိချိ ပန်းလှပါသရှင်၊ ခန်းဝ ဇာသဉ်။ 

ရှောင်ရှားဘို့ ပဏာဆင်မယ်၊

ကညာခင် ထိတ်လွန်းလို့လေး။

မေကညာ ကြုံပါရ တုန်ကာဖျ ကြည်ဆယ်

အုံနာလှ မဒီမယ်မှာ မကြည်ဖွယ် ရှက်သန်း။

ကြင်ဖက်နှင့် ညုချိန်မှန်သည်

သုပိန္နံ ပေးရော့အဆန်း။

လှစ်လျူသင့် မေ့ညာခင်

ငွေ့ဇာသဉ် လက်လှမ်း။

တွေ့ကာယှဉ် မပျက်တန်းဟာမို့

ဘဝဂ်မှန်း ပန်ထွာ။

ဘုန်းမော်ပျို ရှောင်ခွာထွက်လျှင်ဖြင့်

မောင်ညာခက် ခက်ကြဆလမှာ။

သွေမပြစ်နဲ့ ဆိုပေရှာတယ်

ငိုနေမှာ တကယ်အတိပါရှင့်

ကလိ,ကလိ စန်းလသာတွင်

မြန်းကြွလာရှင်။

ထောင်လွှားဘို့ ကညာတင်မယ်

နှစ်ဖြာပင် စိတ်ယွန်းစို့လေး။ ။

‘တစ်’ပင်ရစ်ကယ်နှင့် မဟုတ်။ ‘တစ်’ခန်း မဟုတ်။ 

‘တစ်’ချိချိပန်းလှပါသရှင် မဟုတ်။ 

‘တစ်’သက်တန်း ကြံကာ မဟုတ်။

‘တစ်’ကယ်အတိပါရှင့် မဟုတ်။

A PRESENT OF CHEROOTS

I did not buy: I plucked the leaves green. I did not depend on fire and I had not time to dry them in the sun. So I put them under my bedding. They were for you to smoke.

They were short because I bit them off with my front teeth near the leaf-stalk; never were sweeter cheroots. I did not depend on silk. I bound them with one strand of cotton thread. Here they are my love. Take them with you to golden Ava.

Translation - J.A. Stewart

ငွေတာရီမဂ္ဂဇင်း ၁၂ (၁၉၆၁ ဒီဇင်ဘာလ)

Listener's Heaven Audiobooks - အသံစာအုပ်

အခုစာရေးနေသူတွေ အတော်များများ -

မဝယ်ဘူး၊ တပင်၊ အိပ်ရာ၊ တပင်ရစ်ကယ်တို့ကို မှန်အောင် မရေးတတ်ကြပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ