ဆရာမင်းသုဝဏ်ရဲ့ လယ်စောင့်တဲလေးကဗျာကို ခေါင်းစဉ်ရော စာသားသတ်ပုံတွေကိုပါ ပြင်ထုတ်ထားတယ်။
မြန်မာစာ ပညာရှင်တဦးဖြစ်တဲ့ ဒေါက်တာသိန်းထွန်း ထောက်ပြတဲ့အတိုင်း အဲလိုလုပ်ခြင်းဟာ "စာပေရာဇဝတ်မှု" ဖြစ်တယ်။
လယ်စောင့်တဲလေး
မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေးဝေး
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုပ်အောက်မှာတည်ကြာနီတပွင့် ဖြူတပွင့်
တဲနဲ့ပနံတင့်။ ။
ကဗျာထဲက မိုးကုပ် နဲ့ မိုးကုတ်မြို့ မတူပါ။
အွန်လိုင်းမှာ တင်ထားတဲ့ကဗျာ ၅ လုံးမှားနေသည်။ ခုခေတ်တော့ ကြာနီရော ကြာဖြူပါ စသတ်တွေနဲ့ မတင့်တော့ပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment