စက္ကူယပ်တောင်ခေတ် ရှိသေးလားတော့ မသိပါ။ အရင်ကတော့ ဘာသာရေး၊ လူမှုရေးမှာ မရှိမဖြစ် အလွန် အသုံးဝင်တယ်။ စက္ကူယပ်တောင်မှာ စာရေးတယ်။ အလှူပွဲ၊ မင်္ဂလာဆောင်နဲ့ နာရေးတွေမှာ ဝေငှရတယ်။
စက္ကူယပ်တောင်လေးတွေဟာ သမိုင်းဝင်ပစ္စည်းဖြစ်တယ်။ မင်္ဂလာသမိုင်း၊ ကုသိုလ်သမိုင်း၊ အနိစ္စသမိုင်း။
တကိုယ်တော်သမိုင်း၊ မိသားစုသမိုင်း၊ တိုင်းပြည်သမိုင်း၊ ယဉ်ကျေးမှုသမိုင်း၊ သတ်ပုံသမိုင်း။
မေတ္တာစာ၊ တရားသံဝေဂ ရစရာရေးတာရှိတယ်။ နိုင်ငံရေးဆောင်ပုဒ် ဖြစ်တာလည်းရှိတယ်။
ကျွန်တော်လည်း အစုံရဖူးတယ်။ ဝေငှဖူးတာတော့ အလှူတခုတည်းသာ။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူချုပ် ဦးသန့်ယပ်တောင်မှာ ကမ္ဘာ့ခေါင်းဆောင်ကြီးတဦးလို့ ရေးထားပါတယ်။ အခုတော့ ကုလသမဂ္ဂမှာ ခေါင်းဆောင်တစ်ဦး မြန်မာ့အရေး ကြိုးစားဖြေရှင်းနေရတယ်လို့ သတ်ပုံပြောင်းရေးနေကြတယ်။ နိုင်ငံရေးမှားတော့ သတ်ပုံမှားတယ်။ သတ်ပုံမှားတော့ နိုင်ငံရေးမှားတယ်။
စက္ကူယပ်တောင်သည် မြန်မာစာသတ်ပုံသမိုင်းသက်သေခံလည်းဖြစ်၏။
ဒေါက်တာတင့်ဆွေ
၉-၁ဝ-၂ဝ၁၇
Photo from Tin Maung Aye
Comments
Post a Comment