ဗေဒကို ဗေဒ လို့ ရေးသင့်လား ဘေဒ လို့ ရေးသင့်လား ဆရာ။ ဓာတုဗေဒ၊ ရူပဗေဒ အားလုံးမှာ 'ဗ' သုံးကြပြီး အခုဆရာ့ ပို့စ်ထဲက ယတိဘေဒမှာ 'ဘ' သုံးတာ သတိထားမိလို့ပါ။ ကျေးဇူးပါ ဆရာ။
ယတိ (မြန်မာ) = ပြောဆို ရေးသား ရွတ်ဖတ်ရာ၌ စကားအားလျော်စွာ ရပ်တန့် ခြားဖြတ်ရသော
အပိုင်းအခြား။
လင်္ကာယတိ စောင်းသို့ ညှိ၍။
ယတိပြတ် (မြန်မာ) = အပြီးအပိုင် ပိုင်းခြားသတ်မှတ်လျက်။ ပြီးပြတ်စေလျက်။ တခုခုကို ယတိပြတ် ဆုံးဖြတ်ထားပြီး။
ယတိမှတ် (မြန်မာ) = ယတိကို သိသာထင်ရှားစေသည့် အရေး သို့မဟုတ် ပုံနှိပ်အမှတ်အသား။ (အပြော က်စက် .၊ တုံးတို -၊ ခရေပွင့် စသည်ကို ဖြစ်စေ၊ ပုဒ်အဆုံး၌ နေရာလပ် ခြားခွာ၍ဖြစ်စေ ဖော်ပြလေ့ရှိသည်။)
ဘေဒ (ပါဠိ) = ကွဲပြားခြင်း။ ပျက်စီးခြင်း။ အပြား။ အထူးအပြား။
ယတိ (ပါဠိ) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ စောင့်စည်းခြင်း။ ချုပ်တီးခြင်း။
မြန်မာစာရေးနည်း အကျဉ်းမှတ်ဖွယ် သံခိပ် နိယံ
(၁) ကွက်လပ် ( )
ဝိဘတ်တလုံး၊ ဆုံးခဲ့တုံမှတ်၊ ပုဒ်နောက်ရပ်၊ ‘ကွက်လပ်’ ခြားရမည်။
၄၁။ သင်္ချာကိန်းများ၊ သုံးလိုငြားက၊ ငါးလုံးတဖြာ၊ သုံးလုံးမှာ၊ ထားပါ ‘ပုဒ်ကန့်’ တည်း။
၄၃။ မျိုးတူ မည်ကွဲ၊ တကြောင်းထဲ၌၊ တွဲစပ် ရေးလျှင်၊ ဝင်လေ ‘ပုဒ်ကန်’့ တည်း။
(၉) မီးပြကလေး (‘ ‘)
၄၆။ တဆင့်ပြောဟန်၊ ကြံစည်ဟန်ကို၊ ရေးရန် ကြုံက၊ ‘မီးပြ’ ကြီး အတွင်း၊ ‘မီးပြ’ ကလေး ကိုသွင်း။
(၁၃) တဘက်ကွင်းရှည် - }
၅၆။ အရေးကြီးလာ၊ ကြောင်ခြင်းရာကို၊ ပေါင်းကာ စုကြ၊ ‘တဘက်ကွင်းရှည်’ ကို ပြ။
(၁၈) ချန်ကွက် ( … )
၆၁။ တမင်ချန်လျက်၊ အညွှန်းဆက်၊ ‘ချန်ကွက်’ ကိုသာ သုံးလေတည်း။
ကြေးမုံ မှန်ကွဲစများ ကဗျာရှည်မြန်မာစာရေးနည်း သံခိပ် နိယံ (လယ်တီ အရှင်ကေလာသ)
ယတိဘေဒ ခေါ် မြန်မာစာရေးနည်း https://burmese-spelling.blogspot.com/2023/12/blog-post_366.html
Punctuation မြန်မာစာ ပန်ကျူယေးရှင်း https://burmese-spelling.blogspot.com/2023/11/punctuation.html
ယတိဘေဒ https://burmese-spelling.blogspot.com/2023/11/blog-post_144.html
ယတိဘေဒ ခေါ် မြန်မာစာရေးနည်း https://burmese-spelling.blogspot.com/2023/10/blog-post_213.html
Punctuation မြန်မာစာ ပန်ကျူယေးရှင်း https://burmese-spelling.blogspot.com/2023/11/punctuation.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment