Skip to main content

စွတ် နဲ့ ဆွတ် မှားနေသည်

၁။ မြေပဲတွေ နုတ်ပြီ၊ မြေပဲစွတ် လာလို့ရတယ်နော်။ (ရွှေကန်သူ/ရွှေကန်သားများ ဆုံစည်းရာ)
စွတ် နဲ့ ဆွတ် မှားနေသည်။ မြေပဲဆွတ်နေကြသည်။
၂။ လွမ်းစွတ်ကြတယ်လေ
စွတ် နဲ့ ဆွတ် မှားနေသည်။ လွမ်းဆွတ်ကြတယ်လေ။
၃။ အပေါ်က ပြောထားတဲ့ အသုံးအနှုန်း မှာ ဇွတ် နဲ့ စွတ် ဘယ်ဟာအမှန်လဲ ဆိုတာသိချင်လို့ပြောပြပေးပါဆရာရှင့်
၄။ ဆရာ စိုစွပ်လား (စိုစွတ်)လား သိချင်လို့မေးခြင်း ဖြစ်ပါတယ်ခင်ဗျာ။ 
၅ ဆပ်ပြာမှာ အရေပြား စိုစွပ်(စိုစွတ်) စေတာ ပါတာသုံးပါ။ 
၆ သခွါးမွှေး စွတ်ခူးပြီးခြံ လို့တင်ထားတာတခု တွေ့တယ်။ ဆွတ်လို့သာ ရေးသင့်တယ်။ 
၇ ဆရာ ချက်ကို ဆီစွတ်ပေးရင် တကယ်ပဲ အကျိုးရှိနိုင်တာလားဆရာ။ ဆီဆွတ်လို့ ရေးရတယ်။
၈ ရာသီလာရင်နာတာအတွက် အရက်စွတ်ပေးရရင် သက်သာတယ်ဆိုလို့ တကယ်ပဲ အကျိုးပါသလားလို့ ဆရာနဲ့ တိုင်ပင်ချင်လို့ပါ။ ဆေးနည်းလည်း မှား၊ သတ်ပုံလည်း မှားတယ်။ အရက်ဆွတ်လို့ရေးရတယ်။ 
၉ မင်္ဂလာပါဆရာ။ စွပ်နဲ့ စွတ်နဲ့ အသံတူတာလား ရှင်းပြပေးပါဆရာ။ ကျမတို့သူငယ်ချင်းတွေအငြင်းပွားနေကြလို့ပါ။
စွက်
စွက် = အနည်းငယ်ဖြည့်သည်။ ပူသားရေထက်၊ ရေချမ်းစွက်၍။ 
ဖြည့်စွက် (ရောစွက်) = ခတ်၊ ဖြည့်၊ ထည့်၊ လောင်း။
ရေစွက် (အွန်လိုင်းသတ်ပုံထဲမှာ ရေစွတ် ဖြစ်နေတာ မမှန်ပါ။)
ဇွတ် = မဆင်မခြင်။ အတင်းအဓမ္မ။ ဇွတ်တရွတ်။ ပုလိုက်စုလိုက်၊ ကိုက်လို့စားမည့်နှယ်၊ တရားအလွတ်၊ ဇွတ်ပြုမည့်နှယ်ဆိုလှာလျှင်။
စွပ်
ကွင်းစွပ်
ခြေစွပ်
ခေါင်းစွပ်
ခေါင်းမှာစွပ်
စွပ်ကျယ်အင်္ကျီ
စွပ်စွပ်မြည်သံ
စွပ်စွပ်ရွပ်ရွပ်
စွပ်စွဲသည်
စွပ်တံ
စွပ်ပြုတ်ဟင်းချို
စွပ်လိုက်ချွတ်လိုက်
ပန်းကုံးစွပ်
ယိုးစွပ်သည်
လက်စွပ်
လှံစွပ်
ဝင်ကစွပ်ကောင်
စွတ်
ခြည်ခင်စွတ်ငှက်
စွတ်ကယ်စွတ်ကယ်
စွတ်ကြောင်း
စွတ်ကြောင်း
စွတ်ခနဲထွက်သွား
စွတ်ခနဲထွက်သွား
စွတ်စွတ်ရွတ်ရွတ်လုပ်
စွတ်စွတ်ရွတ်ရွတ်လုပ်သည်
စွတ်စို
စွတ်စိုနေသည်
စွတ်ပြော (ဇွတ်ပြော)
စွတ်ဖား
စွတ်ဖါးလှည်း
စွတ်လုပ် (ဇွတ်လုပ်)
စိုစွတ်
နီနီစွတ်စွတ်
ဝက်မစွတ်မြို့စား
ဆွတ်
ချွေးဆွတ်
ဆွတ်ခြွေ
ဆွတ်ခူး
ဆွတ်ဆွတ်ကြင်
ဆွတ်ဆွတ်ဖြူ
ဆွတ်ဆွတ်လွတ်လွတ်
ဆွတ်ပျံ့
ဆွတ်ဖျန်း
ဆွတ်သူ
ဆုတ်ဆွတ်
ဖက်ဆွတ်ပင်
ဖက်ဆွတ်မိုး
ဖက်ဆွတ်ရေ
ရေဆွတ်
ရေမွေးဆွတ်
လွမ်းဆွတ်
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

မုန့် နဲ့ မုံ့

မင်္ဂလာပါဆရာ ထိုးမုံ့ကအမှန်လား ထိုးမုန့်ကအမှန်လား တကယ်မသိလို့မေးတာပါ ဖြေပေးပါနော်  ၁။ ဆရာ မုန့်ဖိုး ကအမှန်မဟုတ်ဘူးလား။ ‌ဆရာရေးထားတဲ့ မုံ့ဘိုးက မှားနေပါတယ်။ - သွေးသောက်အယ်ဒီတာ၏ အမှာ တင်ပြထားပါတယ်။ ၂။ မုန့် နဲ့ မုံ့ ရဲ့ ကွာခြားပုံလေးကို ကျေးဇူးပြု၍ ခွဲခြားပြသပေးပါခင်ဗျ။ အများရေးတာတွေ့နေရတာကတော့ မုန့် လို့အများဆုံးတွေ့ရလို့ပါ။သိမှတ်စရာကောင်းနေပါတယ်ရှင်းပြပေးစေချင်ပါတယ်။ ၃။ မုန့် လို့သာ သင်ခဲ့ရလို့ပါ ဆရာ ၄။ အခုမှ သိတယ် ဆရာ ကျေးဇူးပါ ဆရာ တသက်လုံး အမှား အမှန် ပြင်ရပြီ ၅။ ကျနော်လည်း မုန့် က အမှန်ထင်နေတာ မဟုတ်ဘူးလားဗျ။ ၆။ မုန့်ဖက်ထုပ် ဘာဟာက အမှန်လဲ ဆရာ။ ၇။ မုံ့ လား မုန့် လား။ ၈။ မုံ့ဆိုတာ သတိမထားမိခဲ့ဘူး။ မုန့်မှတ်နေတာဆရာ မြန်မာစာသတ်ပုံမှာ မုန့်လို့ မရှိခဲ့ပါ။ အစီအစဉ်မှာ မုံ - မုံ့ - မုံး - မုန် - မုန်း -မိုး - မိုရ် - မို့ - မိုး - မိုဃ်း လို့သာရှိတယ်။ ကဝိဓဇသတ်ပုံကျမ်းမှာ မုံ့ = စားသောမုံ့၊ မုံ့မျိုးစုံလို့ရေးတယ်။ ဧကန်သာတမုံ့၊ နေသည်တမုံ့၊ ပြုသည်တမုံ့တွေကတော့ အသုံးနည်းလာတဲ့စာလုံးတွေဖြစ်ပါတယ်။ နောက်ထုတ်သတ်ပုံစာအုပ်တွေမှာ မုန့် လို့သာတွေ့နိုင်ကြပါမယ်။ မြန်မာ့စွယ်စုံကျမ်းမှာ မုံ့ လို့သာသုံးပါ...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟု...