‘ကော’ 'ကော်' အစား ‘ရော’ လို ရေးသင့်။
စာပြင်ပေးတာရော ရောဂါအကြောင်း သင်ပြပေးတာရော
ကော် = ဆန်၊ ဂျုံ၊ သားရေ စသည်တို့ကို ပြုပြင်ထားသည့် စေးကပ်သော အရည်ပျစ်။ ဓနသိပ္ပ၊ စသည်ထိုထို၊ ကော်နှယ်ကျို၍။
ကော
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈)
၁။ မြစ်၊ ချောင်း၊ အင်း၊ အိုင် တို့တွင် မြေပို့လာ၍ ရေတိမ်လာသည်။ တိမ်သည်။
၂။ တဖြည်းဖြည်း တစစ ပျက်စီးသည်။
၃။ အချည်းအနှီးဖြစ်သည်။
၄။ အချည်းအနှီးဖြစ်သော။ အလကားဖြစ်သော။
၅။ မာနထားသည်။ ပလွှားထောင်ထားသည်။ ဝင့်ဝါသည်။
၆။ ဧကန်မုချ ဖြစ်ပြီးသည့်သဘောကို ညွှန်ပြသော စကားလုံး။
၇။ နှိုင်းယှဉ်း ပူးတွဲ မေးမြန်းသော အမေးစကား။
၈။ ကြိယာကို လေးနက်စေသော စကားလုံး။ တဆိတ်ကမှ မသနားရန်ကော။
ရော
၁။ ပေါင်းစပ်သည်။ တခုနှင့်တခု နှောသည်။
၂။ တပေါင်းတည်းတည်သည်။ ထွေးယှက်သည်။
၃။ ဝံဆံ့အောင်ပြုသည်။
၄။ အခြားဘာသာစကား တမျိုးမျိုးကို ပြောဆိုသည်။ သူ ကုလားလို ရောနေသည်။
၅။ အပါအဝင်ဖြစ်ကြောင်း ထင်ရှားစေရန် နာမ်နောက်မှ လိုက်သောစကားလုံး။ ခဏမစဲ ရုပ်ရော နာမ်ရော ရပ်တည်မရ။
၆။ စကားအဆုံးတွင် ကြိယာနောက်၌ ဖြည့်စွက်ဆက်၍ အဆုံးသတ် ပြောဆိုလေ့ရှိသော စကားလုံး။ ငါကတောင့်တလိုက်ရော ဤသတ္တဝါတွေလည်း ရောက်လာရော။
၇။ အံသြခြင်း၊ ထိန့်လန့်ခြင်း အံအားသင့်ခြင်း စသည်တို့တွင် ရုတ်တရက်မြည်ဆိုသော စကား။ သနားစဖွယ်ပြောလေလျှင် ရော၊ ခက်ချည်ကရို့။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment