သား ကစားတဲ့ သဲပုံမှာ
စာကလေးတွေ လာ။
အစာ ရှာဖို့ လာတာလား
ဆော့ဖို့ လာသလား။
အများကြီးပဲ စာလေးတွေ
သဲမှာ ဝပ်လို့ နေး
ခြေနဲ့ ယက်ကာ အတောင် ခတ်
ဘယ်ညာ တဖျပ်ဖျပ်။
လက်စသတ်တော့ စာတဖော်
သဲရေချိုးလို့ ပျော်။
ကိုယ်ပေါ် ခေါင်းပေါ် မွှားကောင်များ
သန့်လို့ ရှင်းလို့ သွားတယ်လေး။
စာကလေး = Sparrow
(မြတ်လေး ။ ။ မေ၊ ၁၉၈ဝ)
Listener's Heaven Audiobooks - အသံစာအုပ်
ခုခေတ် စာကလေးတွေရော လင်းတတွေပါ တစ်ဖော်တဲ့။ တစ်ဖျပ်ဖျပ် တဲ့။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment