Skip to main content

ဆော နှင့် စော

၁။ ဆရာရှင် စာလုံးပေါင်းသတ်ပုံ အမှန်လေး သိချင်လို့ပါရှင် စောလျင်စွာ နဲ့ ဆောလျင်စွာ ဘယ်တခု အမှန်လဲရှင်

၂။ ကျွန်တော်တို့ သင်ခဲ့ရတာ စောလျင်စွာ၊ ဆရာရဲ့ အခုမြင်ရတဲ့စာအုပ်ထဲမှာတော့ ဆောလျင်စွာ။ ဗဟုသုတရရှိပါတယ် ဆရာ။

ဆောဆောတလျင်

ဆောမြို့

ဆောလျင်စွာ = မနှောင့်မနှေး။ မြန်မြန်ထက်ထက်။ လျင်မြန်စွာ။ ရေစုန်တွင်လှော်ခတ်နေသည့်လှေငယ်သည်ရေစီးသန်ပါကအချိန်တိုတိုနှင့်လိုရာခရီးသို့ဆောလျင်စွာရောက်နိုင်။

အဆောတလျင်

စော (ကြိယာ)

စော (နာမဝိသေသန)

စောကြော (ကြိယာ)

စောစောစီးစီး (ကြိယာဝိသေသန)

စောဒက (နာမ်)

စောဒကတက် (ကြိယာ)

စောဒကလွှာ (နာမ်)

စောဒကဝင် (ကြိယာ)

စောဒနာ (နာမ်)

စောဒနာတုံ့ (နာမ်)

စောစီး (နာမ်)

စောပြာ (နာမ်)

စောရနက္ခတ် (နာမ်)

စိတ်စောနေသည်

စေဒနာ

စောကြောစစ်ဆေး

စောကြောမေးမြန်း၊ 

စောစောက

စောစောစီးစီး

စောစောထ

စောထွတ်

စောထွတ်ရအောင်

စောဒကတက်သည်

စောဒနာ

ဘဝင်စော

ဦးစော

စောပန (ပါဠိ) = လှုပ်ရှားခြင်း။

စောစောအိပ်လို့၊ စောစောထလို့၊ စောစောလမ်းလျှောက်ကြပါစို့။

ကင်ဆာကို စောစီးစွာအောင်လုပ်ပါ။

ဝီရိယအကျိုး စောစောနိုင်း၊ သူခိုးတုတ်နှင့် ပစ်လတ္တံ့။

မနက်စောစော သီချင်းသီ

ရွှေကြက်ဖကြီး လည်ဆံနီ

တချီနှစ်ချီ တွန်လေတော့

လူလေး နိုးပါပေါ့

ထလော ထလော့။

စောလျင်စွာလို့ရေးရင် မှားမယ်။ အစောကြီးအိပ်ရာထလို့ ရေးနိုင်တယ်။ ဆောလျင်စွာအလုပ်သွားတယ်လို့ ရေးသင့်တယ်။

ညသန်ကောင်မှာ အရေးတကြီး အဆောတလျင် ဆေးရုံသွားတယ်။ အဲတာကို စောနဲ့ရေးရင် မှားတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ