Skip to main content

အမကြီးတော့ အမိအရာ

ကွန်မင့် = အစ်မ (အမ)

အစ်မ၊ အစ်မေ၊ အစ်ဖေ။

ကွန်မင့် = အထီး၊ အမ အဓိပ္ပာယ် အသုံးနှင့်မတူစေရန် အစ်မ ဟုသုံးတာဟု မှတ်သားဖူး(ဘူး) လို့

ကွန်မင့် =  ဆရာခင်ဗျ အစ်ကို အစ်မ တို့ကို (စ်) ထည့်ရသေးလား ခင်ဗျာ။

၂-၃ ခါ တင်ပြထားပါတယ်။ ဟိုကတည်းက စသတ်ပါတာမျိုး ရှိတယ်။ ဒါပေမဲ့ အကို၊ အမ၊ အဖေ၊ အမေ လို့ရေးတာ အသင့်ဆုံးဖြစ်ပါတယ်။

အစ်ကို အကို အစ်မ အမ https://burmese-spellingblogspotcom/2023/09/blog-post_31html

ကွန်မင့် = အစ်မ ဆိုတာ ကိုယ့်ထက်အသက်ကြီးသူကို ဆိုလိုပြီး၊ အမ ဆိုတာ တိရစ္ဆာန် အမကို ဆိုလိုတယ်လို့ သင်ယူမှတ်သားရပါတယ်။

အထီး-အမ လို့ တွဲထားတဲ့စကားစုအရသာ အမက အကောင်တွေကိုညွှန်းတာဖြစ်တယ်။ 

အဖို-အမ ဆိုရင် အပင်တွေနဲ့ ပစ္စည်းတွေ။ 

အဖေ၊ အမေ၊ အကို၊ အမ တွေမှာ စ မသတ်ပါ။

အမ = ဆန့်ကျင်ဘက်နှစ်ခုတစုံရှိသောအရာမျိုး၌အ ဖိုဘက်မဟုတ်သောအရာ။

စည်၏အကြီးဘက်မျက်နှာကိုအမဘက်မျက်နှာ၊အငယ်မျက်နှာကိုကားအဖိုဘက်မျက်နှာဟုခေါ်သည်။လုပ်သား။(၅-၃-၆၅။)

အမ 

(၁) သန္ဓေဆောင်နိုင်စွမ်းသော သတ္တဝါ။ (၂) အသီးသီးနိုင်သော အပင်။ (၃) ဆန့်ကျင်ဘက်နှစ်ခု တစုံရှိသော အရာမျိုး၌ အဖိုမဟုတ်သောအရာ။

အဖေ အမေ အကို အမ အလှူ့အမ

ကွန်မင့် =  ဒေါက်တာခများ အကိုနဲ့ အစ်ကိုကို အမှန်ဘယ်လိုယူလဲသိပါရစေ

အားမနာရလောက်သူလို့ ယူဆတဲ့အတွက် အစ်မတ​ယောက်နဲ့အတူကို အမတယောက်နဲ့အတူလို့ ပြင်ပေးလိုက်တယ်။ ဆောရီး။

တယောက်လို့ ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

အရင်ကလည်း အစ်မ၊ အစ်ကိုလို့ ရေးတာတွေရှိခဲ့ပါတယ်။ ကျွန်တော်ကတော့ အမ၊ အကိုလို့ရေးတာကို ပိုပြီး သဘောကျမိတယ်။ အစ်မ၊ အစ်ကိုလည်း မမှားပါ။

ခေတ်သဘောအရ ပြောင်းလဲလာခြင်းဆိုတာ အရင်ကထက် ပိုပြီး ရှင်းလင်း တိုတောင်း တိကျလာရတာမျိုး ဖြစ်ပါတယ်။ ဆိုလိုချက်လည်း မပျက်စေရပါ။

ကွန်မင့် = ဆရာရှင် အစ်မ နဲ့ အမ ရောနေလို့ပါ။ ဘယ်ဟာအမှန်ပါလည်းရှင့်။ အထီးအမလား အထီးအစ်မပါလား ကိုယ့်ထက်အကြီးကို အမလို့ပေါင်းတာ မှန်ပါလားရှင့်။ ကျေးဇူးပါရှင်။

ကွန်မင့် = အစ်ကို အကို ဘယ်တခု မှန်မလဲ ဆရာခင်ဗျာ

ကွန်မင့် = အစ်မနှင့် အမ အမှန်အမှားကိုလည်း သိချင်ပါသည် ဆရာရှင့်။

ကွန်မင့် = ဆရာ အမ (အစ်မ) က သတ်ပုံများ မှားနေသလားလို့ပါ။ အကြံပြုတာပါဆရာ။ ဆရာက မြန်မာစာပေ သတ်ပုံမှားတာကို မကြိုက်သူမို့ပါ။

ကွန်မင့် = အစ်မ၊ အစ်ကို ရေးတော့အမှန် ဖတ်တော့အသံလားဆရာ။

ကွန်မင့် = အစ်မမှာ စလုံးသတ်ပါပါသလားဆရာ။ ဒွိဟဖြစ်နေမိလို့ပါ။ ဆရာ့ရဲ့ posts တွေကို see first လုပ်ပြီး အမြဲဖတ်ပါတယ်ရှင့်။ အခုနောက်ပိုင်းစာတွေဖတ်ရင်တစ်နဲ့တတွေကို မရှာပေမယ့် သတိထားမိလာပါတယ်။ ကိုယ်တိုင်ရေးတဲ့အခါမှာလည်း သတိပိုထားခဲ့ပါတယ် ဗန်းစကားတွေကိုလည်း မကြိုက်ပါဘူးရှင့်။ သတ်ပုံမှန်တဲ့ အရေးအသားကိုပဲ နှစ်သက်ပါတယ်။ သတိထားလိုက်နာရအောင် အမြဲတင်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

အစ်

ကွမ်းအစ်၊

ဆင်အစ်သည်

ဘကရီးအစ် (ဘက္ကရီးအစ်)၊

အစ်ထုတ်သည် (စကားထွက်လာအောင်)

အစ်အံ

လိင်ခွဲခြား ရေးသားတာမှာ အထီး နဲ့ အမ မှန်တယ်။

အရင်ကထုတ်တဲ့ သတ်ပုံစာအုပ်တွေမှာ အကို၊ အစ်ကိုလို့ မပါခဲ့ပါ။ နောက်ထုတ်စာအုပ်တွေမှာလည်း အစ်ကို၊ အစ်မလို့ ရေးကြတယ်။ အကို၊ အမလို့ ရေးလာတာလည်းရှိတယ်။

ရေးတော့အမှန် ဖတ်တော့အသံထုံးကို လိုသလိုယူသုံးနေကြတယ်။ တချို့ပြောတာတွေက မမှန်ပါ။ တစ်ခါတစ်ရံကို တခါတရံအသံထွက်လို့မရပါ။ သတ်ပုံမှားရေးနေသူတွေက အမှားကို ဖုံးဖိနေကြတာဖြစ်တယ်။ ခေါင်းကိုက်ကိုသာ ဂေါင်းကိုက်သံထွက်တယ်။

ရေးတာတော့ မမှား၊ ဖတ်ကား အသံဖြစ်ရပါတယ်။ ကျွန်တော်တို့တသက်လုံး ညီအကိုတွေ စာရေးရင် အကိုကြီး၊ အကိုလေးလို့သာ ရေးကြတယ်။

မြန်မာ့စွယ်စုံကျမ်းမှာတော့ အစ်ကိုလို့ ရေးတယ်။ ခေတ်သဘောအရ လွယ်အောင်ပြင်ကြတယ်။ အကို၊ အမသည်သာ သင့်မြတ်မယ်ထင်ပါတယ်။ အစ်မလည်း မမှားပါ။

မောင်နှမကိုလည်း စသတ်ရန် မလိုပါ။

အစ်မ၊ အစ်ကိုအသံဟာ ရုပ်ရှင်တွေထဲမှာ ကုလား-မြန်မာ ကပြားသရုပ်ဆောင်သူတွေကနေ ဗမာစကားပြောတာနဲ့ တူတယ်။

အမကြီး အမိအရာလို့ ဆိုစကားရှိတယ်။ တကယ်လို့ ရှေ့က အမကို စသတ်နဲ့ရေးရင် နောက်က အမိကိုပါ ထည့်ရမလိုဖြစ်သွားတယ်။

အမကြီးတော့ အမိအရာ

မေမေတယောက်ထဲနဲ့တော့ ပြစ်ထားဘို့ကို မတွေးပါ၊ တာဝန်ယူရမှာ ကျမမှာ။ ချစ်သူက အမြဲနားပူဆာ ချစ်တာဘဲပြောနေတာ၊ နောင်တချိန်တခါမှာ ငြိုငြင်ရင်သာ နောင်တ တခုသာ အဖတ်တင်မှာ။

မန္တလေးရုပ်ရှင်ဇာတ်ကားတွေမှာ မကြာခဏသရုပ်ဆောင်ရတဲ့ ခင်မောင်လေးက ကုလား-ဗမာ ကပြား။ ကုလားနေရကနေ ပါရတယ်။ ရုပ်ရှင်ထဲမှာ သူအပြင်မှာပြောတဲ့ အစ်ကို စာလုံးကို တမင်တကာ ကုလားသံ ပိုထွက်ပြရတယ်ထင်တယ်။ ကာတွန်းတွေထဲမှာလည်း တရုပ်-ဗမာကပြားကလည်း တရုပ်သံ ပိုပီပြင်ရလေ့ရှိတယ်။

အစ်ကို အစ်မလို့ အရင်က ရေးကြလေ့ရှိပေမဲ့ အကို အမလို့သာ သုံးစွဲလာတာ များများလာတယ်။ ခေတ်သဘောအပြောင်းအလဲနဲ့ ကိုက်ညီတယ်။ ခေတ်ဆိုတာ ပိုလွယ်ကူ၊ ပိုမြန်ဆန်ရရိုးဖြစ်တယ်။ ဆိုလိုချက်တော့ မပျက်ရပါ။ အခုတော့ ရှည်အောင် ရှုပ်အောင်ရေးတာကို အဟုတ်ထင်သူက မနည်းပါ။

ဆရာဝန်ကတော့ လူနာကို မြန်မြန်သင်သာစေချင်တယ်။

အမကြီးခင်ဗျား ဒီဆေးကို တခါသောက် တပြား၊ တနေ့တကြိမ်၊ တပတ်ကြာသောက်ပါ။ တလနေပြန်လာပြပါ။

ဘေဘေ၊ အဘေအမေ (ကဝိဓဇသတ်ပုံကျမ်း)

အဖေအမေနဲ့ အဘေအမေလို့ ရှိတယ်။ အစ်ဖေ အစ်မေ၊ အစ်ဘေအစ်မေ မရှိပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ