သတ်ပုံမှန်အောင်ရေးတဲ့ “တဦး” တော့ ငှက်က ပညာပေးလိုက်ပါသတဲ့။
ကာတွန်းဆရာ ကွန်ဂရက်ကျူလေးရှင်း။ ပို့ပေးသူ ကျေးဇူး။
စာလုံးပေါင်းသတ်ပုံမှန်တွေ ငှက်သင့်တဲ့ခေတ်။
ဆိုစကားကို ဖွင့်ဆိုတာအများစုကတော့ ဆွမ်းခံထွက်မြဲထွက်စဉ် အလိုလို ငှက်ဖျားသင့်သကဲ့သို့ ရိုးရိုး ပြုမြဲပြုမူနေထိုင်စဉ် အလိုလို အမှုရောက်လာသည်လို့ ဖြစ်ပါတယ်။
ကြားဘူးတဲ့ မူကွဲက ဆွမ်းခံနေစဉ် အပေါ်မှာပျံနေတဲ့ငှက်က ကိုရင့်ဦးခေါင်းပေါ်မှာ အညစ်အကြေးစွန့်ချတာ။ ကောင်းရာကိုလုပ်နေပေမယ့် ကံမကောင်းအကြောင်းမလှတာမျိုး ဖြစ်တတ်ကြောင်း ပြဆိုတာဖြစ်ပါတယ်။
အများကဖွင့်ဆိုကြသလို ငှက်ဖျားသင့်တာဆိုရင် ကိုရင်ဟာ ငှက်ဖျားပေါတဲ့တောထဲ တောင်ထဲသွားပြီး ဆွမ်းခံသွားရင် ဆွမ်းမရလောက်ပါ။
ဒေါက်တာသောင်းထိုက် နှင့် ဆွမ်းခံရင်းငှက်သင့် (ရွှေဥဒေါင်း)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment