Skip to main content

ပဏ္ဏာ ပနာ ပနံ

- မိုးရေတက်ရေ တဖွေးဖွေး

- ကွင်းကျယ် အဝေးဝေး

- လယ်စောင့်တဲလေး ခြေတံရှည်

- မိုးကုပ်အောက်မှာတည်

- ကြာနီတပွင့် ဖြူတပွင့်

- တဲနှင့် ပနာတင့်။   ။

၁။ ပဏ္ဏာလားလို့ပါဆရာ

၂။ တဲနှင့် ပနာတင့် ကြာနီတပွင့် ဖြူတပွင့်ပို့စ်အောက်မှာ မေးတယ်။ ပနံတင့် မဟုတ်ပါဘူးလား။ ဆရာမင်းသုဝဏ်ရေးတဲ့မူရင်းကဗျာမှာ ပနာတင့်လို့သာဖြစ်ပါတယ်။

မေးစရာကောင်းပါတယ်။

ဒီကဗျာမှာ ပဏ္ဏာ မဟုတ်ပါ။

မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉) ထဲမှာ

ပနံစား

ပနံရ

ပနံသင့်

ကဗျာ၊ သီချင်း၊ ကာတွန်း။ ဆောငပုဒ် စတာတွေမှာ အသံ၊ ကာရန်၊ အားကိုယူပြီး ရေတာလည်း ရှိပါတယ်။ ဥပမာ ပန်းသည်ကဗျာကို သီချင်းသံသွင်းတော့ ဂီတသင်္ကေတစာရွက်မှာ ပန်းသယ်လို့ ရေးပါတယ်။ ဂီတသင်္ကေတစာရွက်မှာဘဲ သီချင်းခေါင်းစဉ်က ပန်းသည်။

ပဏ္ဏာ = (ပါ) ပဏ္ဏာကာရ၊ လက်ဆောင်။

ပနာစားတယ်

ပဏ္ဏာ = လက်ဆောင်ပစ္စည်း။ ပဏ္ဏာကာရ။

ထက်ဝန်းမင်းတို့၊ စင်းလျင်းစေပါ၊ ချစ်ခြင်းရာဖြင့်၊ ပဏ္ဏာလက်ဆောင်၊ မိန့်စာစောင်နှင့်။ ဟင်္သာ*၆၁။

မပြုံး တပြုံ့ ပြုံးတပြုံ့၊

 မထုံး တထုံ့ မင်ကေသီ၊

မဖုံး တဖုံ့ ရွှေထဘီဝယ်၊

 လျှံနေခြည်ရောင် လဲ့ပြောင်ဝင်း။

လှမျိုးသေတ္တု တပွင့်ရွှေငယ်၊

 ခင်ခင့်အမေ မွေးတတ်လိုက်လေခြင်း။ ။

သောင်းခွင်လေးရပ် ခရိုင်ဘူမှာ၊

 ပြိုင်သူဘက်ကွာ စံရှားကင်း၊

ခိုင်မဉ္ဇူခက်ညှာ မာလာမင်းသို့၊

 ပဉ္စာအဆင်း ပြစ်မဲ့စင်။

သမိုင်းရွှေစာ တင်ယူကုံးလောက်ကဲ့၊

 ယဉ်လုံး ယဉ်မျာ့၊

 ယဉ်ဆုံး ယဉ်ပ ယဉ်မှူးကေကျော့ခင်။ ။

လေးယောက်ခြောက်ကျိပ် ပဒုံစင်ကို၊

 တဂုဏ်ယှဉ်လျှင် သာဟန်ကြူးပါလိမ့်၊

ဝေယံဘုံမှူး သမိံပါ၊

 နှင်းဆက်လိမ့် ပဏ္ဏာ…။

ယဉ်ကျေး မူရာ့၊

သွင်သွင်း ရူပ၊

ခင်လေးသူဇာ့ သိမ်မွေ့သာသည်၊

 ဣန္ဒြေ့မာယာ အိုများပါဘိလေး။ ။

(ထပ်တွန့်ရှစ်ဆယ်ပေါ်တေးထပ်- ဇော်ဂျီ)

ဆုတောင်းပဏ္ဏာ တေးရေး ရွှေပြည်အေး တေးဆို ၀င်းဦး https://www.youtube.com/watch?v=PgMVCIOo1uY

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ