Skip to main content

တခုတ်တရ

တခုတ်တရ ၏ အဓိပ္ပါယ် လေးသိချင်ပါတယ်ခင်ဗျ။
တခုတ်တရ = တကူးတက၊ အထူးတလည်၊ တကူးတကန့်၊ တခုတ်တရ၊ တမင်။
"မောင်သာရ နဲ့ ရွှေအမြုတေမဂ္ဂဇင်း တို့ ရဲ့ အပြန်အလှန် ပေးစာ"
ဒါပေမယ့် ဝင်းငြိမ်း၊ ပြည်တွင်းကနေ America ကို အလည်အပတ် ရောက်လာကြတဲ့ စာပေသမားတွေထဲမှာ မင်းက တခုတ်တရ (အဲသည် အချိန်တုန်းက) စွန့်စွန့်စားစား တိတ်တဆိတ်လာပြီး တွေ့ ရဲ ခဲ့တဲ့အတွက် မင်းကို ရော မျိုးမြင့်ကိုရော ငါ တအားလေးစားခင်မင် သွားခဲ့တယ်။ ဒါ့ကြောင့်လဲ မင်းကို ငါရေးပေး နေတာပေါ့။ ငါ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း ဗမာပြည်မှာ စာပေစိစစ်ရေး မရှိတော့ရင် … စာပေလွတ်လပ်ခွင့် ရရင်  … စာပြန်ရေးမယ် ဆိုတာ … ခု ရေးပေးပို့ ပေး နေတာပဲ။ စာပေစိတ်နဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့်တွင် မဟုတ်ဘူး။ ပုဂ္ဂိုလ်ရေး သံယောဇဉ်လဲ ပါတယ်။ ဒါ့ကြောင့် ပေးထားခဲ့တဲ့ ကတိလဲ မပျက်ရအောင် … ငါ သည်စာမှာ ပြောထားတဲ့ ငါ့ရဲ့ စိတ်ကြိုက် ငါ့ရဲ့ မူ အတိုင်းလဲ ပုံနှိပ် မနှိပ် သိရအောင် … ဝတ္ထုတိုတပုဒ်နဲ့ ဆောင်းပါးတပုဒ်အဖြစ် သည်စာကို ပေး လိုက်တယ်။ “တစ် နေရာ မှာ သုံးထားတဲ့ “တ” တွေက အစ ငါ့ မူအတိုင်း ငါ ရေးလိုက်တဲ့ စာလုံးတွေကိုရော ရေးထုံးတွေကိုရော လုံးဝ လုံးဝ မပြင်ပါနဲ့။ ငါ လုံးဝ လက်မခံဘူး။ (ဆုံး)
တခုတ်တရစာလုံးဟာ ခေတ်အရပေါ်လာတဲ့ ဝေါဟာရ။ လှတယ်။ ကဗျာဆန်တယ်။ တကူးတက၊ တမင်တကာ၊ ကြိုးစားပမ်းစား။ 
ခဏခဏ လာလာပြောကြတယ်။ အရင်က တတွေကို တစ်လို့ရေးတာ ခေတ်တဲ့။ ဘယ်ကလာ ကြံကြံဖန်ဖန်။
အဖြစ်နိုင်ဆုံး ၂ ချက်ရှိတယ်။
၁။ ပေါ်လစီ နိုင်ငံတော်မူ
၂။ ယတြာ။
တတွေကို မလိုအပ်ဘဲ စသတ်နေကြတာတွေတွေ့တိုင်း အတော်ကိုစဉ်းစားပါတယ်။ တချို့စာလုံးတွေကို သူတို့လို တစ်နဲ့ ရေးကြည့်နေမိတယ်။ တခုတ်တရကိုကော တစ်ခုတ်တစ်ရလို့ ရေးကြသလား မသိပါ။
တွေ့ပြီ -
တစ်ခုတ်တရဇာတ်ကားကြီး သက်ထားရဲ့နာကျင်မှု ဇာတ်ဝင်ခန်း 
တစ်ခုတ်တရ စဆုံး 
တစ်ခုတ်တစ်ရဇာတ်ကားအစအဆုံး - TikTok
တစ်ခုတ်တရ |TikTok တွင် တစ်ခုတ်တရ အကြောင်း နောက်ဆုံးထွက် ဗီဒီယိုများ ကြည့်ပါ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ