ဇကောဇက (ဆန်ကောဆန်ခါ)
အဓိပ္ပါယ်။ မည်သည့်ဖက်နှင့်မျှ အဆင်မပြေဘဲရှိသည်။
သုံးနည်း။ အထည် တဂိုက်စမှာ အင်္ကျီလက်ရှည်အတွက်လည်း မလုံလောက် ပိုလျှံနေသဖြင့် ဇကောဇကဖြစ်နေသည်။
ဇယားကိုက်
အဓိပ္ပါယ်။ တွက်ခြေမိသည်။ အကျိုးများသည်။
သုံးနည်း။ စာအုပ်များကို တအုပ်ချင်း ဝယ်သည်ထက် ဒါဇင်လိုက်ဝယ်လျှင် ပို၍ ဇယားကိုက်သည်။
ဇောက်ချ
အဓိပ္ပါယ်။ အာရုံမပြောင်းမရွေ့ စူးစိုက်စွဲမြဲလျက်၊
သုံးနည်း။ အသက်မွေးဝမ်းကျောင်း အလုပ်အလုပ်အကိုင်တခုကို ဇောက်ချလုပ်မှ ကြီးပွားနိုင်သည်။
(လှသမိန်)
မြန်မာအဘိဓာန် အကျဉ်းချုပ်
ဆန်ကာ အသံထွက် = ဇဂါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment