၁။ မ ဘဲ နှင့်ဆိုပြီး ပြောကြတယ်မလား ဆရာ။ ဒါက အမှန်ဆို မ ဘဲ နှင့်ဆိုတာ အမှားလားဗျ။
၂။ ဒီ ဘဲကို ရှင်းပြပါလားဆရာ ပုံသေနည်းနဲ့မှတ်လို့မရဘူးဆိုရင် ဘယ်လိုမှတ်ရမလဲခင်ဗျာ
၃။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ
၄။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ
၅။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။
၅။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း
၆။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။
၇။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။
၈။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ
၉။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင်
၁၀။ မဆိုပဲ မဆိုဘဲ အပသို့မထွက်စေပဲ အပြင်သို့မထုတ်ပဲ ဘယ်ဟာမှန်ပါသလဲခင်ဗျ။
၅-၆ ခါမက တင်ပြထားပါတယ်။ မြန်မာစာကို ဓါတုဗေဒဖါ်မြူလာတွေနဲ့သင်တာ မမှန်ပါ။
မူရင်းစာအုပ်က ဘဲ မှန်သမျှကို မ မပါလို့ဆိုပြီး ပဲ လို့လိုက်ပြင်နေခြင်းဟာ မူရင်းစာရေးဆရာရဲ့ ပညာပိုင်းဆိုင်ရာ မူပိုင်ခွင့်ကို စော်ကားတာဖြစ်တယ်။
အကောင်းဆုံးဥပမာနှစ်ခုက
၁။ မင်းသုဝဏ် ပန်းပန်လျက်ဘဲ နဲ့
၂။ တက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ဘဲ ဆက်၍ခေါ်မည် ခိုင်
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။ ။ (ဇော်ဂျီ - တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၊ ၁၉၆၀)
ယောက်ျားများစွာဟာ ကလေးဆိုးကြီးတွေနဲ့ တူတာ အမှန်ဘဲ။ ဆေးရုံမှာ ကြည့်ပါလား။ သတ္တိချင်းယှဉ်ရင် မိန်းမတွေကို တဝက်မမှီဘူး။ (မောင် ကိုကို နှင့် မြနန္ဒာ ၁ ကြည်အေး)
ဆရာဝန်ပါဘဲ ပြဇာတ် (သခင်ဘသောင်း)
H2O မြန်မာစာ ဖေါ်မြူလာတို့၏ အမှားနှင့် ခြွင်းချက်များ https://burmese-spelling.blogspot.com/2023/10/h2o.html
ပန်းပန်လျက်ပဲ လို့ရေးတာက ဆိတ်အုပ်ကဗျာ https://burmese-spelling.blogspot.com/2023/02/blog-post_60.html
ပဲ နှင့် ဘဲ သို့မဟုတ် မြန်မာစာမှာ ဖေါ်မြူလာရှိသလား https://burmese-spelling.blogspot.com/2022/10/blog-post_208.html
ပဲ နဲ့ ဘဲ ဋီကာ https://burmese-spelling.blogspot.com/2023/07/blog-post_12.html
ပဲ ဘဲ ပဲ့ https://burmese-spelling.blogspot.com/2022/10/blog-post_331.html
ပဲ ဘဲ ဖဲ https://burmese-spelling.blogspot.com/2023/03/blog-post_779.html
မြန်မာစာကို ဓါတုဗေဒဖေါ်မြူလာတွေနဲ့ သင်တာ မမှန်ပါ https://burmese-spelling.blogspot.com/2022/11/blog-post_901.html
မောင်ဘဲ အနိုင်ယူ https://www.youtube.com/watch?v=luHkJDs0JPU
သူငယ်ချင်းလို့ဘဲ ဆက်၍ခေါ်မည်ခိုင် https://burmese-spelling.blogspot.com/2022/10/blog-post_804.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment