Skip to main content

Thai-Burma War ထိုင်း-မြန်မာစစ်ပွဲများ

ယိုးဒယားလို့သာရေးနေကြတယ်။ စစ်အစိုးရလက်ထက်မှာ ထိုင်းလို့ရေးရင် ထုတ်ဝေခွင့်မပေးလို့ဖြစ်ခဲ့တာကို သိစေလိုပါတယ်။ အရင်က နှစ်မျိုးလုံးရေးပါတယ်။ သူများနိုင်ငံကို ချိုးနှိမ်တာမသင့်ပါ။ သမိုင်းဆိုတာ လိမ် ဖျောက် ကောက် မရေးရပါ။ 

ယိုးဒယား ခေါ် ထိုင်း ခေါ် စယမ်နိုင်ငံနဲ့ မြန်မာစစ် (၁၇၆၅-၁၇၆၇) ဟာ မြန်မာ့ကုန်းဘောင်မင်းဆက်နဲ့ ထိုင်း ဘန်ဖလူလောင်မင်းဆက်မှာ ဖြစ်ခဲ့တယ်။ စစ်ပွဲအဆုံးမှာ ရာစု (၄) ခုကြာရှည်ခဲ့တဲ့ စယမ်မင်းဆက် ပျက်သုဉ်းသွားတယ်။ ဒါပေမယ့် မြန်မာဘုရင်ဟာ တရုပ်ရဲ့ကျူးကျော်မှုကြောင့် ခက်ခက်ခဲခဲတိုက်ယူထားတဲ့နယ်မြေကနေ ဆုတ်ခွါခဲ့ရတယ်။ ထိုင်းမှာ ကနေ့အထိသက်တမ်းရှည်တဲ့မင်းဆက်ကို ၁၇၇ဝ ကနေစပြီး ထူထောင်လာနိုင်တယ်။

ဘုရင့်နောင်က ထိုင်းကို ၁၅၆၄-၆၉ မှာတိုက်ပြီးအနိုင်ယူခဲ့တယ်။ ထိုင်းနဲ့ မြန်မာစစ် (၁၇၆၅-၁၇၆၇) ဟာ ၁၇၅၉-၁၇၆ဝ စစ်ပွဲအဆက်ဖြစ်တယ်။ တနင်္သာရီကိုထိန်းချုပ်ရေးနဲ့ ဟံသာဝတီမွန်တွေကနေ ဗမာဘုရင်ကို ပုန်ကန်ရာမှာ ယိုဒယားဖက်ကနေ ကူညီရာကနေဖြစ်တယ်။ မြန်မာစစ်သား မြောက်ပိုင်း ၂ သောင်းနဲ့ တောင်ပိုင်းက ၂ သောင်းစီပါတယ်။ အယုဒ္ဓယကိုသိမ်းယူတယ်။ တချိန်တည်းမှာ တရုပ်ကလာတိုက်လာတယ်။ စယမ်ဘုရင်က စစ်ပြေငြိမ်းလိုတယ်။ ဗမာဘုရင်က အပြတ်လက်နက်ချခိုင်းတယ်။ ၇-၄-၁၇၆၇ မှာ အယုဒ္ဓယမြို့တော်ကို ဖျက်ဆီးတယ်။ ဗမာဖက်က ရက်စက်ခဲ့တယ်။

ဗမာ့ပဏ္ဍာဆက် လန်န ခေါ် ဇင်းမယ်က စယမ်အကူအညီနဲ့ ဗမာဘုရင်ကိုပုန်ကန်တော့ ၁၇၇၅ မှာ ဗမာက ထပ်တိုက်ရပြန်တယ်။ ၁၇၇၅-၁၇၇၆ နဲ့ ၁၇၈၅-၁၇၈၆ မှာ နှစ်ခါတိုက်တယ်။ နောက်ဆုံးမှာ ဇင်းမယ်ကို စယမ်က အပြီး သိမ်းယူလိုက်တယ်။

၁၇၆ဝ မှာ အလောင်းဘုရားနတ်ရွာစံတော့ တက်လာတဲ့ နောင်တော်ကြီးလက်ထက်မှာ အင်းဝနဲ့ တောင်ငူမှာ ပုန်ကန်မှုတွေ ရှိတယ်။ ဇင်းမယ်က ၁၇၆၁-၆၃ မှာ ပြောင်ပြောင်တင်းတင်း ပုန်ကန်တာကို စယမ်ကကူညီတယ်။ နောင်တော်ကြီး ၁၇၆၃ နှစ် နိုဝင်္ဘာလမှာနတ်ရွာစံတယ်။ ဆင်ဖြူရှင် တက်လာတယ်။ ၁၇၆၄ နှစ်လယ်မှာ စယမ်ကနေ အလောင်းဘုရား ခန့်ထားခဲ့တဲ့ ထားဝယ်စားမွန်ကို အားပေးတယ်။ ဆင်ဖြူရှင်ကနေ စစ်သူကြီးမဟာနော်ရထာကို လွှတ်တယ်။ ၁၇၆၄ နိုဝင်္ဘာမှာ ထားဝယ်ကို ဗမာကပြန်ရတယ်။ ဗမာစစ်တပ် ၁၇၆၂ ဖေဖေါ်ဝါရီမှာ ပြန်ဆုတ်တော့ ဇင်းမယ်ကလည်းမငြိမ်ပါ။ ၁၇၆၄ မှာ ကျိုင်းတုံရှမ်းကိုလည်း သွားနှိမ်နင်းရတယ်။ ၁၇၆၅ နှစ်ဖန်းမှာ ထိုင်းနယ်စပ် လမ်ပန်း မှာ ဗမာက တပ်စွဲထားတယ်။

ဆင်ဖြူရှင်ကနေ စစ်သူကြီးနေမျိုးသီဟပတေ့ကို လာအိုထဲက ဗီယန်ကျင်းနဲ့ လောင်ဖရာဘန်းကို ဝိုင်းစေတယ်။ ဗီယန်ကျင်းကို တိုက်ပွဲမရှိပဲ ၁၇၆၅ နှစ်ဦးမှာရတယ်။ လောင်ဖရာဘန်းခုခံတယ်။ ၁၇၆၅ ခုမတ်လမှာရတယ်။

အဲဒီအချိန်မှာ ဗမာဘုရင့်စစ်သည် စုစုပေါင်း ၅ သောင်းရှိတယ်။ ဘုရင့်နောက်နောက်မှာ ဒါအများဆုံးဖြစ်တယ်။ ဗမာ့အမြောက်တပ်မှာ ပြင်သစ် ၂ဝဝ ကကူညီနေတယ်။ စယမ်ဖက်ကလည်း ဆင်ဖြူရှင်ကိုခုခံဘို့ရာ စစ်ပြင်ဆင်မှုတွေ လုပ်တယ်။ ၁၇၆၄ မှာ စစ်အင်အား ၆ သောင်းရှိလာတယ်။ ဘုရားသုံးဆူနဲ့ ကန်ချနပူရီမှာ တပ်စွဲထားတယ်။ ဗမာဖက်က စစ်သူကြီးမဟာနော်ရထာရှိတယ်။ စယမ်က မြောက်ဖက်မှာ ဆူခိုထိုင်းနဲ့ ဖီဆန်နူလောက်မှာ တပ်စွဲထားပြီး၊ အယုဒ္ဓယကို အခိုင်အမာပြုတယ်။ သူတို့က တရုပ်နဲ့ ဗြိတိသျှစစ်သင်္ဘောဆီကနေ အကူအညီယူတယ်။ စယမ်ဟာ အမြောက်လက်နက်တွေလုပ်တယ်။ တချို့အမြောက်တွေက ၉ မီတာရှည်တယ်။ ၁၇၆၇ မှာ အယုဒ္ဓယကျတော့ အမြောက်အသစ် တသောင်းသိမ်းဆည်းရတယ်။

တရုပ်ရဲ့ မြန်မာပြည်ကို ကျူးကျော်မှု (၁၇၆၅ ဒီဇင်္ဘာ - ၁၇၆၆ ဧပြီ) 

ဗမာဖက်က စစ်သူကြီးနေမျိုးသီဟပတေ့ရဲ့ ရှမ်းဒေသမြောက်ပိုင်းမှာလုပ်လာတဲ့ စစ်ပြင်မှုကို တရုပ်ကစိုးရိမ်လာတယ်။ သူတို့နယ်လို့ယူဆထားလို့ပါ။ ကွန်လုံအင်ပါယာကနေ ရှစ်ဆောင်ပနာနဲ့ ကျိုင်းတုံကို စစ်ချီခိုင်းတယ်။ ၁၇၆၅ ဒီဇင်္ဘာမှာ ဗမာစစ်တပ်က စယမ်က ပစ်ဆန်နူလောက်ကိုဝင်တိုက်နေတယ်။ ကျိုင်းတုံကို တရုပ်စစ်သည် ၆ ထောင် ဝင်လာတယ်။ ဗမာစစ်တပ်မှာ စစ်မျက်နှာ ၂ ခုကိုတပြိုင်တည်းရင်ဆိုင်နေရတယ်။ စစ်မျက်နှာတခုမှာက ကမာ္ဘ့အင်အား အကြီးဆုံးတရုပ်ရဲ့ ကျူးကျော်မှုကို လျှော့တွက်တဲ့ ဆင်ဖြူရှင်တွက်ကိန်း မှားသွားတယ်။

တရုပ်-မြန်မာစစ်ပွဲတွေသမိုင်းစာရင်း

၁။ ပထမ (မွန်ဂို) ကျူးကျော်မှု (၁၂၇၇-၁၂၈၇) 

၂။ ဒုတိယ (မွန်ဂို) ကျူးကျော်မှု (၁၃ဝဝ-၁၃ဝ၂) 

၃။ (လူချန်-ပင်မိန်း) တိုက်ပွဲ (၁၄၃၆-၁၄၄၉) 

၄။ တရုပ်-မြန်မာစစ် (၁၇၆၅-၁၇၆၉)

တရုပ်ကနေ ၁၇၆၇-၁၇၆၈ မှာ ထပ်ပြီးကျူးကျော်တယ်။ အယုဒ္ဓယကို တိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးနိုင်လိုက်တဲ့ ဆင်ဖြူရှင်ဟာ ၁၆ ရာစုမှာ ဘုရင့်နောင်ထူထောင်ခဲ့တဲ့ မဏိပူကနေ စယမ်နဲ့ လာအိုအထိကျယ်ပြန့်သလောက်နီးပါး အင်ပါယာကြီးရလိုက်ပေမယ့် မတည်ငြိမ်ပါ။ တရုပ်နဲ့ပါ ရင်ဆိုင်လာရတယ်။ တရုပ်စစ်တပ်မှာ လူ ၅ သောင်းပါတယ်။ မန်ချူးစစ်သားတွေက ဦးစီးတယ်။ အင်းဝအထိဆင်းလာတယ်။ ဒီဇင်္ဘာမှာ ဆင်ဖြူ့ရှင်က သူ့တပ်တွေကို စယမ်ကနေ ဆုတ်ခိုင်းပြီး၊ ရှမ်းဖက်ကိုလွှတ်ရတယ်။ ဗမာတွေက တရုပ်ထောက်ပံ့ရေးလိုင်းကို ပျောက်ကျားနည်းနဲ့တိုက်တယ်။ တရုပ်တပ်တွေ ၁၇၆၈ ဖေဖေါ်ဝါရီမှာ အင်းဝကိုရောက်လာတော့တယ်။ ဆင်ဖြူရှင်မှာ အင်အားတသောင်းနှစ်ထောင်သာ လက်ထဲမှာ ရှိနေတယ်။ စယမ်ကတပ်တွေပြန်ရောက်လာတော့ ဗမာ့ခုခံမှု အားပြည့်လာပြီး တရုပ်တွေကို တွန်းလှန်နိုင်တယ်။ ၁၇၆၈ မတ်လမှာ တရုပ်တပ်တွေ အထိနာပြီး ပြန်ဆုတ်ရတော့တယ်။

ထိုင်းပြည်တွင်းစစ်နဲ့ အင်အားပြည့်လာခြင်း (၁၇၆၇-၁၇၇ဝ) 

အယုဒ္ဓယမြို့တော် ဗမာတွေကဖျက်ဆီးခံရအပြီးမှာ တရုပ်ကကျူးကျော်လို့ပြန်ဆုတ်သွာပေမယ့် ထိုင်းမှာ ပါဝါကွက်လပ် ဖြစ်လာတယ်။ ချန်ထာဘူရီမှာ တခ်ဆင်ကအခြေပြုနေတယ်။ ထိုင်းနိုင်ငံကို ၃ နှစ်အတွင်း စည်းလုံးနိုင်ခဲ့တယ်။ ၁၇၆၈ မှာ သူ့ကိုကျန်လူတွေကမယှဉ်နိုင်တော့ဘူး။ ထိုင်းရာဇဝင်အရ သူကနေ အယုဒ္ဓယမှာ ဗမာကို ခံချခဲ့တယ်လို့ဆိုတယ်။ ဗမာ့သမိုင်းမှာ အဲဒီတိုက်ပွဲကိုရေးမထားပါ။ တရုပ်စစ်တပ်ကလည်း ကျိုင်းတုံ ၁၇၆၅-၁၇၆၆ မှာ ဗမာတပ်ကိုမသိမ်းနိုင်ခဲ့ပါ။

စယမ်-မြန်မာစစ်ပွဲ သုံးသပ်ချက်

မြန်မာ့ကုန်းဘောင်မင်းဆက်ရဲ့ စစ်အင်အားအကောင်းဆုံးအချိန်မှာဖြစ်ခဲ့တယ်။ တရုပ်ကို ကောင်းကောင်း ခုခံ တိုက်ထုတ်နိုင်တာက သက်သေဖြစ်တယ်။ သမိုင်းပညာရှင် Lieberman အဆိုအရ စယမ်(၁၇၆၇) နဲ့ တရုပ် (၁၇၆၅-၁၇၆၇) စစ်ပွဲကြီးတွေကို တပြိုင်တည်း အချိန်လောက်မှာ အနိုင်ယူနိုင်ခဲ့တဲ့ ဗမာ့စစ်အင်အားဟာ ဘုရင့်နောင် အင်ပါယာကြီးနဲ့ နောက်မှာ အံသြစရာကောင်းတယ်လို့ ဆိုပါတယ်။ ဗမာတပ်မှာ စစ်သည်အရေအတွက် အသာစီးရလို့လည်း မဟုတ်ပါ။ စစ်အတွေ့အကြုံနဲ့ စစ်သူကြီးတွေရဲ့ ခေါင်းဆောင်မှုကြောင့်ဖြစ်တယ်။ ဗမာစစ်သူကြီးတွေမှာ လူမျိုးစုမတူတာတွေကို ပေါင်းစည်းနိုင်စွမ်းရှိကြတယ်။ ကုန်းဘောင်နန်းစိုက်ရာ အထက်မြန်မာပြည် တခုတည်းဆိုရင် အဲလိုအင်အားမျိုးမရနိုင်ပါ။

သမိုင်းပညာရှင် Harvey ကတော့ ဗမာတွေဟာ တိုက်ဟေ့ဆိုတာနဲ့ စိတ်ဓါတ်နဲ့တိုက်ကြတယ်။ ဘယ်သူ စစ်တိုက်ရဲသလဲကို ခေါင်းထဲထားကြတယ်။ သေရင်ယင်ကောင်တွေလို အသေခံရဲကြတယ်။ ရှေ့တန်းမှာမသေပဲ ခြေလက်ပြတ်လို့ ဒုက္ခိတဖြစ်နေနေ ဘုရင့်ဆီကကျေးဇူစကားလည်း မျှော်လင့်နေကြတာမဟုတ်ဘူး။ ဘုရင်ကိုဖူးမျှော်ခွင့် ဆိုတာကနေ တကယ့်အရှိတရားကို ဖုံးကွယ်မသွားစေကြပါလို့ရေးတယ်။

ဗမာစစ်သူကြီးတွေဟာ သူတို့နိုင်လို့သိမ်းယူထားတဲ့ စယမ်စစ်သားတွေကိုပါ သိမ်းသွင်းနိုင်စွမ်းရှိကြတယ်။ အဲတာကိုကြည့်ရင် ထိုင်း-ဗမာစစ်ပွဲဟာ အုပ်စိုးသူချင်းစစ်ခင်းတာဖြစ်တယ်။ တိုင်းပြည်နှစ်ခုတိုက်ကြတာမဟုတ်ဘူး။

ဗမာစစ်တပ်ဟာ ထိုင်းဖက်ကတွက်သလို ခြောက်သွေ့ရာသီပြီးရင် ပြန်မဆိုကြပဲ ထိုင်းနယ်မြေကို မိုးတွင်းမှာပါ ဆက်ထိန်းနိုင်ခဲ့တယ်။ အယုဒ္ဓယမှာ ဗမာတွေ ၁၄ လကြာသိမ်းထားခဲ့တယ်။

၁၉ ရာစုထဲမှာ စယမ်ဟာ၊ မြန်မာနဲ့ ဗီယက်နမ်တို့နဲ့အတူ အရှေ့တောင်အာရှိမှာ အင်အားကြီးဖြစ်လာတယ်။ ပဌမ အင်္ဂလိပ်-မြန်မာစစ် (၁၈၂၄-၁၈၂၆) ကတည်းက မြန်မာပြည်ဟာ ထိုင်းအတွက် စိုးရိမ်စရာမရှိတော့ပါ။ စစ်ပွဲအမွေအနှစ်အဖြစ် ထိုင်းဟာ အရှေ့တောင်အာရှမှာ အားအကောင်းဆုံးစစ်တပ်ကို ထူထောင်လာနိုင်တော့တယ်။ အယုဒ္ဓမှာ နန်းမစိုက်တာ့ပါ။ တနင်္သာရီ၊ ကျိုင်းတိုင်းတုံနဲ့ လန်နကို တခါတခါ ခြိမ်းခြောက်တယ်။ ကမော္ဘဒီးယား အနောက်ခြမ်းကိုပါ သိမ်းနိုင်တယ်။ ဇင်းမယ် ၁၇၇၆ နဲ့ ဗီယန်ကျင်း ၁၇၇၈၊ ချန်ဆီယန် ၁၇၈၆၊ လွန်ဖရာဘန်း (၁၇၉၂-၁၇၉၄) ကို သိမ်းယူနိုင်လာတယ်။ ကျိုင်းတုံနဲ့ ရှစ်ဆောင်ပနာကိုပါ (၁၈ဝ၃-၁၈ဝ၄) ခြိမ်းခြောက်သေးတယ်။

မြန်မာပြည်မှာတော့ အယုဒ္ခယကနေယူလာတဲ့ စယမ်ယဉ်ကျေးမှုကို အမြစ်တွယ်လာစေတယ်။ ၁၇၈၉ မှာ စယမ်နဲ့ ဂျားဗားယဉ်ကျေးမှုတွေကို မြန်မာဘာသာပြန်ဆိုတယ်။ မြဝတီမင်းကြီးဦးစက ဦးဆောင်တယ်။ ဖမ်းဆီးခေါ်ဆောင်လာတဲ့ ထိုင်းလူမျိုးတွေဆီကနေအကူအညီယူတယ်။ Siamese Ramayana ရာမယန၊ Enao အီနောင်ဇာတ်တွေပေါ်လာတယ်။ မြန်မာ့ရာမယနဟာ အိန္ဒိယကနေယူတာမဟုတ်ပါ။

ထိုင်း-မြန်မာစစ်ပွဲကြီး နှစ်ဆက်ရှိတယ်။ ထိုင်းတွေက ဘုရင့်နောင်ကနေလာတိုက်တာကို ဘုရင်ကနေတိုက်တယ်လို့သာ မြင်ပြီး ဆင်ဖြူရှင်ကနေလာတိုက်တာကို ဓါးပြလို့မြင်ကြတယ်။

ဝန်ကြီးချုပ်ဦးနုကနေ ၁၉၅၄ ခုနှစ် ဒီဇင်္ဘာလထဲက ပထမဆုံးဘန်ကောက်ခရီးစဉ်အတွင်းမှာ ထိုင်းနိုင်ငံကို တရားဝင် တောင်းပန်ခဲ့ပါတယ်။ ဒါပေမယ့် ကနေ့မြန်မာနိုင်ငံသားအများစုကြီးကတော့ သူတို့ဘုရင်တွေကနေ ထိုင်းနိုင်ငံကို သွားတိုက်ခဲ့တဲ့သမိုင်းကို အပေါ်ယံလောက်သူသိကြတယ်။ မြန်မာပြည်ကထုတ်တဲ့ သမိုင်းစာအုပ်ထဲမှာလည်း ကောင်းကောင်းရေးမထားပါ။

ရေးထာတာ ၈ နှစ်တိတိကဖြစ်ပါတယ်။ ထပ်ဖြည့်စရာတွေထဲက နှစ်ချက်လောက်ကိုပြောရရင် - 

၁။ မြန်မာပြည်မှာ တတိယအကြိမ်အာဏာသိမ်းတဲ့နောက် ထိုင်းနိုင်ငံဟာ အခွင့်အလမ်းသစ်ကို သူ့နိုင်ငံအကျိုးအတွက် ကောင်းကောင်း အသုံးချနိုင်တာတွေ့ရတယ်။ 

၂။ ကိုဗစ်ကာလကတည်းက တရုပ်ပြည်မှာ ရင်းနှီးမြှုပ်နှံနေကြတဲ့ နိုင်ငံတကာစီးပွားရေးလုပ်ငန်းကြီးတွေဟာ လုပ်အားခလည်းနည်းရာတိုင်းပြည်တွေကိုရွှေ့ကြတယ်။ အဲဒီထဲမှာ မြန်မာပြည်မပါဘဲ တခြားနိုင်ငံတွေနဲ့အတူ ထိုင်းနိုင်ငံပါလာတယ်။

ကျွန်တော်တို့ ထိုင်းကို စစ်မတိုက်ရဘဲ ရှုံးပါတယ။်

Photo from Kingdom of War ထိုင်းနိုင်ငံကနေ ၂၃-၆-၂ဝ၁၁ မှာ ထုတ်လုပ်တဲ့ ဘုရင့်နောင်လက်ထက် ထိုင်း-မြန်မာ စစ်ပွဲနောက်ခံရုပ်ရှင်၊ အပိုင်း (၁) https://www.youtube.com/watch?v=INZiWXBPXww

ဒေါက်တာတင့်ဆွေ

၂၉-၆-၂၀၁၆

Comments

Popular posts from this blog

နိုင်ငံတော်သီချင်း

နိုင်ငံတော်သီချင်းကို တင်ထားတာ တွေ့တယ်။ မူရင်းသီချင်း မဟုတ်ပါ။ သတ်ပုံရော စာသားပါ မှားအောင်ပြင်ထားတာဖြစ်နေတယ်။ အမှန်ကိုသိသူ အတော်ကို ရှားသွားပြီ။နိုင်ငံတော်သီချင်း  တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ တို့ပြည် တို့မြေ များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည် တို့ပြည် တို့မြေ ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ အဓိဋ္ဌာန်ပြုပေ ထိန်း သိမ်း စို့လေ။ (ကမ္ဘာမကျေ၊ ဗမာပြည်၊ တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ) ၂ ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ။ ဒါ တို့ပြည် ဒါ တို့မြေ တို့ပိုင်နက်မြေ။ တို့ ပြည် တို့ မြေ - အကျိုးကို  ညီညာစွာ တို့ တတွေ ထမ်းဆောင်ပါစို့ လေ  တို့ တာဝန်ပေ  အဖိုးတန် မြေ။ မှတ်ချက် - ပြည်ကို ပြေဟု ဖတ်ပါ။ တို့ ကို ဒို့ ဟာ ဖတ်ပါ။ နိုင်ငံတော်သီချင်း မူရင်း ဖြစ်ပါတယ်။ အခုတော့ ဗမာပြည် မရှိတော့ပါ။ တို့တတွေလည်း မရှိတော့ပါ။ သတ်ပုံမှန်တွေကို ဖျက်လိုက်ပြီ။ စစ်အစိုးရ ဒုတိယမျိုးဆက်မှာ ဗမာ နဲ့ မြန်မာ ဝေါဟာရကို အငြင်းပွားလာကြတယ်။ စစ်ထောက်လှမ်းရေးက စတာ။ ကနေ့အသုံး ဂျင်း (ချင်း) ဖြစ်တယ်။ တိုင်းရင်းသားအမျိုးမျိုးကလည်း ဗမာဆိုတာ တကောင်းကစခဲ့တဲ့ ပုဂံ (ပျူ) လူမျိုးနဲ့သာဆိုင်တယ်၊ မြန်မာကသာ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ