ကွန်မင့်များ -
- ဆာအာသာကိုနင်တွိုင်းရဲ့ ရှားလောဒ်ဟုမ်း ကို ဆရာကြီး ရွှေဥဒေါင်းမှ ဘာသာပြန်ပြီး ဦးစံရှားဝတ္ထုကို ရေးခဲ့တယ်လို ကျွန်တော်ကတော့ထင်တယ် နှစ်အုပ်စလုံးကိုဖတ်ဖူးပါတယ်
- ဖတ်ပြီးတာကြာလှပြီဆရာ
- ဖတ်ပြီးခဲ့ပါပြီ ဟိုးငယ်ငယ်ကပါဆရာ
- ကြိုက်တယ်
ရွှေဥဒေါင်း (၁၈၈၉- ၁၉၇၃) ရေးသားတဲ့စာအုပ်အားလုံး ဖတ်လို့အရသာရှိတယ်။ ဝါကျတိုင်းက လေးလေးပင်ပင်၊ ကွက်ကွက်ကွင်းကွင်း။
ဒေါ်မြမြအေးက ရွှေပြည်စိုးဝတ္တု ဖတ်နေတယ်။ ဦးလတ် (၁၈၆၆ - ၁၉၂၁) ရေးတာ။ သွေးသောက်စာပေတိုက်က ၁၉၇၂ ခုနှစ်၊ နိုဝင်္ဘာလမှာ အဋ္ဌမအကြိမ် ထုတ်ဝေပါတယ်။ ပဌမအကြိမ်ကို ၁၉၁၄ ခုနှစ်ကတည်းက ထုတ်တယ်။
မြန်မာကာလပေါ်ဝတ္တုတွေဟာ ၁၈၇၃ ခုနှစ်မတိုင်မီကတည်းက စတင်ပုံနှိပ်ထုတ်ဝေတယ်လို့ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၁၀၊ စာမျက်နှာ ၅၄ မှာရေးထားတယ်။ ဘာသာပြန်ဝတ္တုတွေက စတယ်။ အီစွပ်ပုံပြင်များ၊ ရောဗင်ဆန်ခရူးဆိုး၊ မောင်ရင်မောင် မမယ်မ စသည်။
ချဉ်ပေါင်ရွက်သည် မောင်မှိုင်းကတော့ ဘာသာပြန်မဟုတ်ဘဲ ဝန်စာရေး ဦးကြီးရေးသားတဲ့ ပဌမဆုံး မြန်မာဝတ္တုလို့ ဆိုပါတယ်။ ဒိနောက်မှာ မောင်ဘသင်ရေးတဲ့ မောင်တာနောဝတ္တု စသည်။
မောင်မှိုင်းဝတ္တု ထွက်လာပြီးနောက် ၁၀ နှစ်မှာ ဦးလတ်ရေးတဲ့ ရွှေပြည်စိုးဝတ္တုထွက်လာတယ်။ နောက်တခါ ဦးလတ်ရေးတဲ့ စပယ်ပင်ဝတ္တု။ အခုထိ ဖတ်လို့ အလွန်ကောင်းတဲ့ ဝတ္တုတွေဖြစ်ပါတယ်။
အဲဒီခေတ်က စာအရေးအသားတွေက ခေတ်ဟောင်းလို့ဆိုပေမဲ့ မြန်မာမှုပီသတယ်။
မြန်မာ့လျှာဟာ လေးလေးပင်ပင်နဲ့ ချဉ်ငံစပ်ကြိုက်ပါတယ်။ အစပ်အစပ် တည့်တယ်။
ခုခေတ်စာအရေးအသာတချို့ဟာ ပေါ့ရွှတ်ရွှတ်နိုင်တယ်။
စာလုံးပေါင်းသတ်ပုံကလည်း နိုင်ငံတော်မူနဲ့ရေးကြလို့ မျိုချရခက်ပြန်ရော။ အစပ်အစပ် မတည့်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment