ညှာသွယ်တင့်ဆန်း
နာမည်ဖြင့်ဆန်ပေလိမ့်
ဘယ်ပန်းခိုင်လို့
သိနိုင်တတ်ပြီ
မငုံတချို့ငုံတချို့နှင့်
မှူံလိုစီရာသီလင့်ဟန်ရှိကြတယ်။
အဲဒီကဗျာမှူံဆိုတဲ့အဓိပ္ပယ်သိချင်ပါတယ်။
ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အဆင့်အထိ မတတ်ပါ။
ကဗျာ၊ ပန်းချီ စတာတွေကို မူရင်းရေးသူမဟုတ်ဘဲ တခြားသူတွေက ဘာသာပြန်တာ၊ ဆိုလိုချက်ကို ဖွင့်ဆိုတာမှာ လွဲတတ်တယ်။
ကျောင်းစာထဲမှာ ထည့်သင်ရင်တော့ ခက်ဆစ်ဆိုပြီးထည့်ရတာတော့ ရှိပါတယ်။
စိတ်ကဗျာနှင့် နာမ်လင်္ကာ
(ထင်ရာတွေးသော ကဗျာဆရာသို့)
စိတ်ဖြင့်ရေးရာ၊ ကိုယ့်ကဗျာကို
ဘယ်မှာအသင်… သိမည်နည်း။
နာမ်ဖြင့်စေရာ၊ ကိုယ့်လင်္ကာကို
ဘယ်မှာအသင်… မြင်မည်နည်း။
တကယ်ဆိုလျှင်
ကောင်းကင်မှာကြယ်၊ မြေဝယ်လူသား
အငြင်းပွားစရာ၊ စကားထာကို
ထင်ရာစိတ်ကူး၊ ဦးနှောက်မူးသော်
အရူးသင်သာ ဖြစ်ချိမ့်မည်။
စိတ်ဆိုသည်မှာ
ပင်လယ်ပြာနောက်၊ ကျောက်ဆောင်အောက်မှ
ဖွေကောက်ရှာသုံး၊ ပုလဲကုံးတည့်
တကုံးသီဆက်၊ တကုံးပျက်က
ရေနက်သို့ဆင်း၊ ရှာဖွေခြင်းဖြင့်
ခရီးဆင့်သော်…
သခင့်ရွှေရင်… မခုန်လော။
နာမ်ဆိုသည်မှာ
စိတ်လဟာတွင်၊ လိပ်ပြာမျှင်ကူး
ပန်းဖူးပွင့်စုံ၊ မငုံတချို့
ငုံတချို့လျှင်၊ မှုန်ညှို့ဝတ်ရည်
ချိုသည်တကား၊ ခါးသည်တမာ
မဆိုသာမို့…
လိုရာမဆွဲ… သင့်ပါချေ။
အို… ပင့်ကူအိမ်တွင်
ကြောင်လိမ်လှေကား၊ တပ်ဆင်ထားသည်
ခြေဖျားထောက်၍ တက်ပါလော့။
ထင်ရာတွေးသော်
ကလေး ဆံချိမ့်မည်သာတည်း။ ။ (ဒေါင်းနွယ်ဆွေ)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment