စပယ်ပန်းအောက်မှာ တယောက်က စပါယ်လို့ထင်ခဲ့ကြောင်းရေးတယ်။ မေးခွန်းတခုက အဓိပ္ပါယ်နဲ့ အဓိပ္ပာယ် မေးတယ်။
စပယ် နဲ့ စံပယ် မူကွဲဖြစ်ပါတယ်။ စပါယ် နဲ့ စံပါယ် မမှန်ပါ။
စပယ်တဲ့ လေးရုံ
မလေးကွယ် မပန်ထိုက်
ပန်းပြတ်ခိုက် ကြုံ
အပွင့်ရယ် ကုန်
တငုံ ကျန်ပါသေး
ပန်ချင်သူ ညိုနွဲ့နှောင်းရယ်
ခေါင်း ဖြီးခဲ့လေး။
ပယ်
စံပယ်သည် (နေထိုင်သည်)
စပယ်ပန်း
နယ်ပယ်
ပစ်ပယ်သည်
ပန်းစပယ်
ပယ်ခွဲ
ပယ်ချသည်
ပယ်စွန့်သည်
ပယ်စိတ်
ပယ်တဆဲ့ခြောက် (ပယ်တစ်ဆဲ့ခြောက် မဟုတ်)
ပယ်ထားသည်
ပယ်ထုတ်
ပယ်ပစ်သည်
ပယ်ပယ်နယ်နယ်
ပယ်ကြဉ်
ပယ်ရှင်းသည်
ပယ်ရှားသည်
ပယ်လှန်
မြူနီစပယ်
အပယ်မိဘုရား
ပါယ်
သပ္ပါယ်လျောက်ပတ်
အဓိပ္ပါယ်
အပါယ်ငရဲ
အပါယ်လေးဘုံ
အလမ္ပာယ်
ဥပါယ်တံမျဉ်
ဒေါက်တာတင့်ဆွေ
Comments
Post a Comment