Skip to main content

ကိုဒေါင်း သက်တော်ရာကျော် ရှည်ပါစေသတည်း

မြန်မာနိုင်ငံက လူငယ်တွေ အတွက် စိတ်အားတက်စေမယ့် နှလုံးသား အာဟာရလို စာအုပ်မျိုးလေး ရေးတတ်ရင် ရေးပေးပါဆရာ။ ဒါမှမဟုတ် ဒုက္ခပင်လယ်ဝေနေတဲ့ လူငယ်တွေ အကျိုးရှိစေမယ့် ဆောင်းပါးလေးတွေ ရေးတတ်ရင် ရေးတင်ပေးပါ။ လတ်တလော မြန်မာလူငယ်တွေ လိုအပ်နေတာ အဲဒီလို စာပေမျိုးတွေပါ။
ဟုတ်။ အရင်ဆုံးတော့ မရေးတတ်ပါလို့ ဖြေပါရစေ။
မြန်မာစာပေထဲမှာ အာဘော်အမျိုးမျိုးနဲ့ ရေးသားကြပါတယ်။
တချို့က သမိုင်းမှာ ကိုယ့်ဘုရင်တွေ တန်ခိုးကြီးမားကြောင်း ဖွဲ့နွဲ့ ရေးသားကြတယ်။ အဲလိုသမိုင်းစာတွေကို ဒေါက်တာသန်းထွန်းက ထောက်ပြပါတယ်။
တချို့က ဘုန်းတော်ဘွဲ့တွေ ရေးကြတယ်။ မောင်တင်ကတော့ အဲလိုဟာမျိုးတွေကို သရော်စာ ရေးပါတယ်။
ကိုဒေါင်းကား သေလေပြီ၊ ကိုဒေါင်း သက်တော်ရာကျော် ရှည်ပါစေသတည်း (မောင်ထင်) 
ကျွန်ုပ်တို့ဗမာလူမျိုးများသည် နှယ်နှယ်ရရလူမျိုးများမဟုတ် https://burmese-spelling.blogspot.com/2024/02/blog-post_60.html
မောင်ထင်၏ သရော်စာမျိုးတွေကို မဖတ်ဘူးသေးသူတိုင်းက ကျွန်တော်တို့သည် ဗြဟ္မာကြီးနှင့်လည်းကောင်း သာကီဝင်မျိုးနှင့်လည်းကောင်း အမျိုးတော်သည်ဟုဆိုခြင်းအား ဒီအင်န်အေ စစ်ဆေးရန်မလိုဟု မှတ်ယူကြကုန်၏။
မဲရအောင်စည်းရုံးတဲ့ မိန့်ခွန်းစကားတွေကို ကြားဘူး ဖတ်ဘူးပါလိမ့်မယ်။ အနီးစပ်ဆုံးဥပမာတခုကတော့ အမေရိကန် သမတနှစ်ဦး။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က စကားစစ်ထိုးပွဲမှာ ဒေါ်နယ်ထရမ့်ဟာ မုသားစက်သေနတ်ပစ်သွားတယ်လို့ အမေရိကန်မီဒီယာတွေက ဆိုကြပါတယ်။ ဒါပေမဲ့ သူ့ကိုဘဲ မဲပေးကြမှာ။ အမေရိကန်နိုင်ငံရေးက အဲလို။
မြန်မာပြည်က စိတ်ဓါတ်အား လိုအပ်နေသူတွေကို အားပေးရာမှာတော့ လက်တွေ့ဆန်သင့်တယ်လို့ ယူဆပါတယ်။ ကျွန်တော်ကတော့ အင်တာဗျူးတွေမှာ မဖြစ်နိုင်လောက်တဲ့ အလားအလာကို မဖြေပါ။ ပြည်သူလူထုဘက်ကနေ လုပ်ကိုင်ဆောင်ရွက်နေသူတွေကိုလည်း လူသိရှင်ကြား အပြစ်တင်ဝေဘန်ခြင်း မပြုပါ။ သင့်တော်တဲ့နည်းလမ်းနဲ့ အကြံပေးပါတယ်။
ဆေးပညာစာမဟုတ်တဲ့ ကျွန်တော်ရေးနေတဲ့စာတွေဟာ ပညာကိုအခြေခံပြီး စဉ်းစားတွေးမြင်မှု တည့်စေအောင် ရည်ရွယ်ပါတယ်။ ပညာကို ပညာနဲ့သာ ဆန်းစစ်အပ်ပါကြောင်း၊ အမိန့်ထုတ်ထားတာဖြစ်လို့ တရားဝင်သတ်ပုံဖြစ်တယ်၊ လိုက်နာရေးသားရမယ်လို့ ယူဆနေတာကို ပြန်လည်စဉ်းစားကြစေချင်လို့ ရေးပါတယ်။ အနှစ် ၄၀ လောက်ခိုင်မြဲနေတဲ့ အုတ်နံရံကြီးကို တွန်းရွှေ့ဘို့ ကြိုးစားနေရမှန်းလည်း သိပါတယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

နိုင်ငံတော်သီချင်း

နိုင်ငံတော်သီချင်းကို တင်ထားတာ တွေ့တယ်။ မူရင်းသီချင်း မဟုတ်ပါ။ သတ်ပုံရော စာသားပါ မှားအောင်ပြင်ထားတာဖြစ်နေတယ်။ အမှန်ကိုသိသူ အတော်ကို ရှားသွားပြီ။နိုင်ငံတော်သီချင်း  တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ တို့ပြည် တို့မြေ များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည် တို့ပြည် တို့မြေ ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ အဓိဋ္ဌာန်ပြုပေ ထိန်း သိမ်း စို့လေ။ (ကမ္ဘာမကျေ၊ ဗမာပြည်၊ တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ) ၂ ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ။ ဒါ တို့ပြည် ဒါ တို့မြေ တို့ပိုင်နက်မြေ။ တို့ ပြည် တို့ မြေ - အကျိုးကို  ညီညာစွာ တို့ တတွေ ထမ်းဆောင်ပါစို့ လေ  တို့ တာဝန်ပေ  အဖိုးတန် မြေ။ မှတ်ချက် - ပြည်ကို ပြေဟု ဖတ်ပါ။ တို့ ကို ဒို့ ဟာ ဖတ်ပါ။ နိုင်ငံတော်သီချင်း မူရင်း ဖြစ်ပါတယ်။ အခုတော့ ဗမာပြည် မရှိတော့ပါ။ တို့တတွေလည်း မရှိတော့ပါ။ သတ်ပုံမှန်တွေကို ဖျက်လိုက်ပြီ။ စစ်အစိုးရ ဒုတိယမျိုးဆက်မှာ ဗမာ နဲ့ မြန်မာ ဝေါဟာရကို အငြင်းပွားလာကြတယ်။ စစ်ထောက်လှမ်းရေးက စတာ။ ကနေ့အသုံး ဂျင်း (ချင်း) ဖြစ်တယ်။ တိုင်းရင်းသားအမျိုးမျိုးကလည်း ဗမာဆိုတာ တကောင်းကစခဲ့တဲ့ ပုဂံ (ပျူ) လူမျိုးနဲ့သာဆိုင်တယ်၊ မြန်မာကသာ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ