တခုမဟုတ်တခုလို့ ရေးတာကသာ မှန်ပါတယ်။
ကြက်ဥဖြစ်စေ၊ ဘဲဥဖြစ်စေ ဝယ်ခဲ့ပါ။
မမြဖြစ်စေ၊ မလှဖြစ်စေ လွှတ်လိုက်ပါ။
ကိုယ်ကျင့်အဘိဓမ္မာ (အရှင်ဇနကာဘိဝံသ)
အတုက္ကံသန ပရဝမ္ဘနာ
စကားပြောသောအခါ ဖြစ်စေ၊ စာရေးသောအခါ ဖြစ်စေ မိမိကိုယ်ကို မြှောက်၍ မြှောက်၍(ဂုဏ်ဖော်၍)ပြောဆိုရေးသားခြင်းကို “အတ္တုက္ကံသန”ဟု ခေါ်၏။ [အတ္တ=မိမိကိုယ်ကို+ ဥက္ကံသန =ချီးမြှောက်ခြင်း၊] သူတပါးကို ရှုတ်ချ၍ ရှုတ်ချ၍ (အပြစ်တင်၍) ပြောဆိုရေးသားမှုကို “ပရဝမ္ဘန”ဟု ခေါ်၏။ [ပရ=သူတပါးကို+ဝမ္ဘန = ရှုတ်ချခြင်း၊ ထိုတွင် အတ္တုက္ကံသန အမှု၌ မိမိဂုဏ်ကို သာယာသော လောဘနှင့် အထင်ကြီးသော မာနများ ဖြစ်တတ်၏။ ပရဝမ္ဘာနအမှု၌ကား ယခုပြနေသော ဣသာနှင့် မလိုမုန်းထားသော ဒေါသ သဘော ဖြစ်တတ်လေသည်။
ဂုဏ်ဖော်သင့်သောအခါ
တခါတရံ ဂုဏ်ဖော်သင့်သော အချက်များလည်း ရှိတတ်သေး၏။ ထိုအချက်များကား မိမိဂုဏ်ကို ဖော်မပြောလျှင် မိမိ အလုပ်ကို ဖြစ်စေ၊ မိမိ စကား မိမိ တရားကို ဖြစ်စေ သူတပါးကိုက အထင်သေးဖွယ်ရှိသော အချက်တည်း ထိုကဲ့သို့ အချက်များ၌ကား မိမိဂုဏ်ကို ထိုက်သလို ထုတ်ဖော်ရပေမည်။ ထိုကဲ့သို့ မိမိအလုပ်ပိုစကားကို လေးစားစေလို၍ ဂုဏ်ဖော်ခြင်းကား မာန မဟုတ်ပါ။ မိမိအလုပ် မိမိစကားကို တွင်ကျယ်အောင် အမွှန်းတင်တတ်၊ စီစဉ်တတ်သော အသိ အလိမ္မာပင်ဖြစ်ပါသည်။
ရှုတ်ချမှု
သူတပါးကို ရှုတ်ချတတ်သော ပရဝမ္ဘနအမှုလည်း သတိ မထားတတ် သူ၏ စာအရေးအသား၊ စကား အပြောအဆိုများ၌ တွေ့ရတတ်သည်။ ကြားရသူတိုင်းက အထင်အမြင်သေးအောင် နိမ့်ကျသွားအောင် သူတပါးကို ရှုတ်ချခြင်းသည် ယုတ်မာ ဆိုးရွားလှ၏။ သို့သော် တကယ် ယုတ်မာသူကို အများလူတို့က ဖြစ်စေ၊ မိမိနှင့် ရင်းနှီးသူတို့က ဖြစ်စေ အထင် ကြီးနေရာ၌ကား တိုင်းသူပြည်သားတို့ (မိမိနှင့် စပ်သူတို့) အထင်မမှားရလေအောင် အခါအခွင့် အလိုက် ရှုတ်ချထိုက်ပေသည်။ သို့သော် ထိုသို့ အများက အထင်ကြီးနေသူကို အပြစ်ပြ၍ ရှုတ်ချရာဝယ် သက်သေခံ မရလျှင် မိမိကိုပင် ရင်းနှီးသူတို့ကပါ အထင်မှားတတ်သောကြောင့် သတိထား၍ ရှုတ်ချသင့်မှ ရှုတ်ချပါလေ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment