ပို့စ် တခု = တချို့က မှားမှားယွန်းယွန်း ရေးကြတယ်၊ တချို့က မှားမှားယွင်းယွင်း ရေးကြတယ်၊ မှား/မှန် မခွဲခြားတတ်တဲ့ ကျနော်ပဲ တုံးဝေးတာလား မသိပါ။
မှားယွင်းနဲ့ ယွန်းထည်လို့ရေးပါတယ်။
ယွင်း
ယွင်းချော်
ယွင်းချွတ်
ယွင်းပါး
ယွင်းဖည်
ပျက်စီးယိုယွင်း
ယွန်း
ယွန်း = တိမ်းစောင်း၊ သွား
ယွန်းဆက် (ဗိသုကာသုံး)
ယွန်းထည်
ယွန်းပေါင်ပုရပိုက်
မြောက်ဘက်ယွန်းယွန်း
ယွန်း (ရှမ်း) အက္ခရာ
(အောင်မြေသာစံ၊ သောင်ယံသဲက၊ ပုလဲလိုလို၊ ခင်းသာတယ်ကို)၂၊ [(ရေညိုညို)၂၊ တိုးယိုငယ် စီးပါလို့၊ ခရီးသာသာ၊ လမ်းမှာလှ၊ ရွှေတဲ့ ရွှေမြစ်ညာ]၂။
(ရွှေလက်ကယ် ကိုင်ကာ၊ သီတာသောင်ကမ်းခြေ)၂။ (စိမ်းရွှေငယ် ဖြူပြာ၊ ညိုမှောင်ဝါသွေး၊ တိမ်စွယ်ရိပ်ကယ်ကမှေး)၂။
ရွှေပြည်တော် မျှော်တိုင်းဝေး။ (ရွှေသွေးမျက်ခြည်၊ လေပြည်ယူသိမ်း၊ မြစိမ်းရောင် ညို့ညို့၊ မှိုင်းမို့မို့၊ ရေတဲ့ ရေကန်သာ)၂။
(ပဒုံရွှေကြာ၊ အငုံဝေဆာ၊ ရဂုံဗွေမှာ၊ ညိုးညိုးညင်းညင်း)၂၊ ကြိုင်မွှေး မာလာ ပန်းစုံကသင်း။
တဆင့်တက်သော် တတောင်ငယ်ကျော်၊ တမော်ရုံလျိုး၊ တခြုံတိုး။ တမိုးသောက်လျှင် တနေဝင်၊ တခွင်မြိုင်ကြီး၊ ဂနိုင်ဆီး။
(တောကြီးငယ် တောင်ကာ၊ သေလာ တောင်စောင်း၊ ပိတ်ပေါင်းငယ်သာထွေ၊ သပြေပင်နန်း၊ ရေယဉ်စမ်းငယ်နှင့်၊ စခမ်းရောက် အောင်မြေ)၂။
(အပန်းငယ် ဖြေကာ၊ ဗလာလေတူ ယွန်း၊ သံသာငှက်ကယ်က ညွှန်း)၂။
နှစ်ကိုယ်စံ၊ ဖန်တိုင်း ကျွမ်း၊ (အို့ အလွမ်းငယ်ထွေ၊ ဆော်လေကဖြူး၊ သာပျံ့ပျူး၊ မာလာငုံဖူး၊ ထုံနံ့မြူး၊ သာထူး ဆန်း)၂။
(နန်းရွှေတောင်မြင့်၊ နတ်ကယ်စံရာ၊ လွမ်းလေအောင်ဆင့်၊ ထပ်ကာကြုံလာ)၂။
(မလုံလေ ပါပဲထွေး၊ ရွှေရင်အုံ ချမ်းမြမြအေး)၂။
(မမလေး ကုန်ချစ်တဲ့၊ မှုန်နှစ်ကယ် လေး၊ တောချောင်မှာ မောင်အိပ်လို့တောင်ထိပ်မှာ ကွေး)၂။
(တောင်တောင်မြင့်၊ တောင်မြင့် ဂန္ဓမာ၊ ကြာတိုင်းမွှေး)၂။
ရွှေပြည်တော်၊ မျှော်တိုင်းဝေး၊ ရေကန်သာ ကြာတိုင်းအေး၊ ရွှေပြည်တော်၊ မျှော်တိုင်း ဝေး)၂။
အောင်မြေသာဇံ တောင်လား ပတ်ပျိုးဟာ ပုခန်းမင်းသားကြီးရေးသားခဲ့တာလို့ မှတ်ယူကြတဲ့သီချင်းကြီးဖြစ်ပါတယ်။
မှားယွင်းစွာ သတ်ပုံပြင်ရေးနေတဲ့မြန်မာစာ ရေကန်သာကြာတိုင်းမအေး၊ ရွှေပြည်တော်၊ မျှော်တိုင်းဝေး။
အောင်မြေသာဇံ https://soundcloud.com/zin-aung/ejlslfew23dw
ဒေါက်တာတင့်ဆွေ
၂-၇-၂၀၁၉
Comments
Post a Comment