Skip to main content

အင်တာနက်ခေတ်မှာ ပညာတွင်းနက်ခြင်း

ဆရာရှင့် ဆရာတင်ထားတဲ့စာပိုဒ်လေးတွေရဲ့အောက်မှာပေးထားတဲ့ Links တွေက ၂၀၂၁ လောက်ကစာတွေဆို ဖတ်လို့ရပါတယ် ၂၀၁၆ - ၂၀၁၇ လောက်ကစာတွေက ပြောင်းပြန်ပေါ်နေလို့ ဘယ်လိုလုပ်သင့်လဲဆရာရှင့် ဆရာရဲ့ဆောင်းပါးလေးတွေကိုဖတ်ချင်လို့ပါ။

ဟုတ်။ ဆောရီး။

ကျွန်တော့ 'လင့်' တွေက 'ဘလော့ဂ်' ကနေယူထားတာတွေ ဖြစ်ပါတယ်။ 'ဘလော့ဂ်' တွေက ပျက်တတ်တယ်။ ပျက်ရင် အသစ်ရေးရတယ်။ 

ပျက်သွားတဲ့ 'ဘလော့ဂ်' က 'လင့်' တွေကို ဖတ်လို့မရပါ။ အချိန်ရတိုင်း 'လင့်' အသစ်နဲ့ အစားထိုးပါတယ်။ အစားမထိုးအားသေးတာတွေ ကျန်ဦးမယ်။

မြန်မာလိုရေးတဲ့ 'ဖေ့စ်ဘွတ်' ကလည် ဂွကျတယ်။ အရင်က အဲလို ပျက်သွားတဲ့ 'ဘလော့ဂ် လင့်' ကိုတင်မိရင် ဘယ်နှစ်ရက် ဘယ်နှစ်လ မသုံးရဆိုပြီး ပိတ်ခံရသေးတယ်။ အခု မဟုတ်တော့ပြန်ဘူးထင်တယ်။

ကျွန်တော်ကိုယ်တိုင်လည်း အသစ်တင်မရ၊ အဟောင်းပြင်မရတဲ့ https://doctortintswe.blogspot.com/ 'ဘလော့ဂ်' ကို ပြန်ဖတ်ရပါတယ်။ ဖတ်လို့တော့ ရတယ်။ အဲဒီနေရာက စာတွေကို 'ဘလော့ဂ်' အသစ်မှာ တင်ပါတယ်။

ဒါပေမဲ့ သိလိုတာကို ရှာဖွေနေရာတခုခုမှာ ရှာရင် တွေ့တတ်ပါတယ်။

ရှာဖွေနေရာတွေကလညး ဂွကျတာဘဲ။ ဥပမာ 'ရင်သားကင်ဆာ' လို့ရှာကြည့် မမှန်တာများများနဲ့ မှန်တာနည်းနည်း တွေ့လိမ့်မယ်။ သတ်ပုံစာတွေလည်း အဲလိုဘဲ။ အမှား ၁၀၀ လောက်မှာ အမှန် ၁ ခုလောက်သာတွေ့ရမယ်။

'ဖေါင့်' မမှန်တာကတော့ 'ဇော်ဂျီ' နဲ့ 'ယူနီကုဒ်' ကြောင့်ဖြစ်ပါမယ်။ ကျွန်တော်က 'ဘလော့ဂ်' ပေါ်စကတည်းက 'ဇော်ဂျီဖေါင့်' နဲ့ ရေးပါတယ်။ 'ယူနီကုဒ်' ပေါ်ပြီးနောက် ၂-၃ နှစ်ကြာတော့ စာဖတ်သူတွေကို အားနာလို့ 'ယူနီကုဒ်' လုပ်လိုက်ရတယ်။ အခုထိ 'လက်ပတော့' မှာ 'ဇော်ဂျီ' နဲ့သာ ရေးပါတယ်။ တင်တော့မယ်ဆိုတော့ 'ဖေါင့်ကွန်ဗာတာ' နဲ့ ပြောင်းရတယ်။

နောက်ပေါ် 'အိုင်ဖုန်း' တွေက အော်တို ပြောင်းပေးသတဲ့။ 'အော်တို' ကလည်း ဂွကျတာဘဲ။ အကုန်အမှန်မပေါ်ပါ။ ဥပမာ မနေ့ကတင်တဲ့ မျက်စိစာလုံး ကျွန်တော့ဖုန်းမှာ အမှန်မပေါ်ပါ။ 

မြန်မာ့ 'ဖေါင့်'နည်းပညာပညာရှင်တွေ ကြိုးစားကြပါလေ။ 

မြန်မာ့ဖေ့စ်ဘွတ်ပညာရှင်တွေ ရှေ့နောက် ညီပါစေ။ တခါလာတမျိုးလုပ်တာ ပညာ မဟုတ်ပါ။

'ဖက်ဒရယ်ကုဒ်' 'ကွန်ဖက်ဒရေးရှင်းကုဒ်' တွေ ပေါ်လာရင် အဆိုးတွေထပ်တိုးဦးမယ်။

'အေအိုင်' သုံးနိုင်ရင် ကိုယ့်မိဘပုံအတုကို ချိတ်ဆွဲထားကြရမည်။

Grief Tech' Creates AI Version of Dead Parents for You to Ignore

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

နိုင်ငံတော်သီချင်း

နိုင်ငံတော်သီချင်းကို တင်ထားတာ တွေ့တယ်။ မူရင်းသီချင်း မဟုတ်ပါ။ သတ်ပုံရော စာသားပါ မှားအောင်ပြင်ထားတာဖြစ်နေတယ်။ အမှန်ကိုသိသူ အတော်ကို ရှားသွားပြီ။နိုင်ငံတော်သီချင်း  တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ တို့ပြည် တို့မြေ များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည် တို့ပြည် တို့မြေ ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ အဓိဋ္ဌာန်ပြုပေ ထိန်း သိမ်း စို့လေ။ (ကမ္ဘာမကျေ၊ ဗမာပြည်၊ တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ) ၂ ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ။ ဒါ တို့ပြည် ဒါ တို့မြေ တို့ပိုင်နက်မြေ။ တို့ ပြည် တို့ မြေ - အကျိုးကို  ညီညာစွာ တို့ တတွေ ထမ်းဆောင်ပါစို့ လေ  တို့ တာဝန်ပေ  အဖိုးတန် မြေ။ မှတ်ချက် - ပြည်ကို ပြေဟု ဖတ်ပါ။ တို့ ကို ဒို့ ဟာ ဖတ်ပါ။ နိုင်ငံတော်သီချင်း မူရင်း ဖြစ်ပါတယ်။ အခုတော့ ဗမာပြည် မရှိတော့ပါ။ တို့တတွေလည်း မရှိတော့ပါ။ သတ်ပုံမှန်တွေကို ဖျက်လိုက်ပြီ။ စစ်အစိုးရ ဒုတိယမျိုးဆက်မှာ ဗမာ နဲ့ မြန်မာ ဝေါဟာရကို အငြင်းပွားလာကြတယ်။ စစ်ထောက်လှမ်းရေးက စတာ။ ကနေ့အသုံး ဂျင်း (ချင်း) ဖြစ်တယ်။ တိုင်းရင်းသားအမျိုးမျိုးကလည်း ဗမာဆိုတာ တကောင်းကစခဲ့တဲ့ ပုဂံ (ပျူ) လူမျိုးနဲ့သာဆိုင်တယ်၊ မြန်မာကသာ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ