တညဉ့်ဦးတွင် ကျွန်တော့အိမ်၏ ဧည့်ခန်း၌ ကျွန်တော်တယောက်တည်း သတင်းစာများကို ဖတ်နေပါသည်။ ထိုအချိန်တွင် ကျွန်တော့ညီ လင်မယားနှင့် သက်ကြားအိုတဦးပေါက်လာကြပါသည်။
တညဉ့်ဦးတွင်
တယောက်တည်း
သက်ကြားအိုတဦး
ကုလားထိုင်တလုံးတွင်
စတဲ့ အရေးအသားများဟာ ကျွန်တော်တီထွင်ရေးသားတာတွေ မဟုတ်ပါ။
အသုံးချမြန်မာစာ စာပေဆောင်းပါးများထဲမှာ တက္ကသိုလ် မောင်မောင်ကြီး ရေးတာတွေ ဖြစ်ပါတယ်။ စာအုပ်ကို ၁၉၇၀ ခု၊ ဒီဇင်ဘာလမှာ ပထမအကြိမ်အဖြစ် နှလုံးလှစာပေက ထုတ်ပါတယ်။
တက္ကသိုလ် မောင်မောင်ကြီး (၁၉၁၄-၁၉၈၂) ဟာ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန မြန်မာစာပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်သူဖြစ်ပါတယ်။
ယနေ့ခေတ် မြန်မာစာအရေးအသားအတွက် ကြီးစွာသော သံဝေဂ ရကြပါစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment