Skip to main content

ခက်ဆစ်အဓိပ္ပါယ် (၂)

Please explain me this poem in writing sir

ကဗျာကို ဖွင့်ဆိုချက်လုပ်ပေးဘို့ ပြောတာဖြစ်ပါတယ်။ 

မကြာခဏ တင်ပြပါတယ်။ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ပါ။

ကဗျာတို့ စိတ္တဇပန်းချီတို့ကို အဓိပ္ပါယ်ဆိုတဲ့အခါ အထူး သတိထားရတယ်။ ရေးကြ ပြောဟောကြပေမဲ့ မူရင်းပညာရှင်ရဲ့အာဘော်ကို ထိထိမိမိ ဖွင့်ဆိုနိုင်ခြင်း မရှိဘူးလို့ဆိုရင် လွန်တယ်လို့ မထင်ပါ။

ကျွန်တော်လည်း တခါခါ အင်္ဂလိပ်လိုရေးထားတဲ့ကဗျာ၊ စာညွန့်၊ ဇင်တရား စတာတွေကို မြန်မာလို ဘာသာပြန်ပါတယ်။ ဒါပေမဲ့ ရေးသူရဲ့ နှလုံးသားအထိ ရောက်ရှိခြင်း မရှိတာ ကိုယ်တိုင်သိပါတယ်။

(၁)

စံနစ်တကျသင်ပေးတဲ့ဆရာတွေက ခက်ဆစ်အဓိပ္ပါယ်ဖွင့်ပေးကြပါတယ်။ ကဗျာစာအုပ်တွေမှာ ဝေါဟာရအနက်၊ ဝေါဟာရ လေ့လာချက်၊ စကားပြေ၊ လိုရင်းအချုပ်၊ ဝေဖန်ချက်ပါထည့်တယ်။ ဦးကြီးရေးတဲ့ စပ်ဟင်းချို လွမ်းချင်းကို တင်ပြပါရစေ။

စပ်ဟင်းချို

တခါလေလိုက်ခဲ့တော့၊ စရိုက်ကယ်ဘာသာ၊ တို့တောရွာမှာ၊ စားစရာဆန်ထမင်းမှာလ၊ မုရင်းနီတျာနှင့် သီတာရောတဲ့ချိန်ကိုလေး။

စပ်ဟင်းချိုမူ ယုန်ကိုပြက်ပြက်၊ ကင်ပလင်း ဂုံမင်းဖက်လို့၊ ငပျက်ကယ်ရောရီ၊ လောရွှေပီနှင့်၊ ပတီရုံးပြုံး စပ်ကာ ကျိုပြီးလျှင်၊ ဇီးချိုပင်ရိပ်သာမှာ၊ နှစ်မျက်နှာ ယှဉ်ပြိုင်ပြုံးလို့၊ သုံးရအောင်လေး။   ။

ဝေါဟာရအနက်

နီတျာ = နီရဲသော

သီတာဆန် = ကောက်ကြီးဆန်တမျိုး။

ပြက်ပြက် = အနည်းငယ်။

ငပျက် = ငါးအငယ်စားတမျိုး။

ရောရီ = ရောနှော၍။

ပြုံးစပ်ကျို = ရောမွှေ၍ကျိုသည်။

ထမင်းကို မုရင်းဆန်နီနီနှင့် သီတာဆန်ရောချက်တယ်။

ဟင်းချိုကို ကင်ပလင်းရွက်၊ + ဂုံမင်းရိုး + ပီလောရွက် + ရုံပတီးသီး ရောမွှေပြီးကျိုတယ်။

တောဓလေ့ရေးတဲ့ ဦးကြီးကတော့ 'တခါလေ' ကို 'တစ်ခါလေ' လို့ မရေးပါ။ မြို့ဓလေ့ ဆရာကြီးတွေ၊ နေပြည်တော်ဓလေ့ ဆရာမကြီးတွေကတော့ ထင်ရာရေးကြ ဟောပြောနေကြတယ်။

(၂)

ဆရာ မဂ်လာပါ(မင်္ဂလာပါ) အခြေခံပညာ  အဆင့်မြန်မာစာ မှာပါတဲ့  ခက်ဆစ် ဆိုတာ ဘယ်လိုနားလည်ရပါသလဲ။ ပီးတော့(ပြီးတော့) ကျောင်းသားတွေက ဘာလို့ ခက်ဆစ်ကို တလုံးမှ အလွဲ မခံပဲ  နူတ်ကျက် ဖတ်နေရပါသလဲ။

ရှေးကရေးထားတဲ့ စာတွေ ကဗျာတွေမှာ အလွယ်မသိနိုင်တဲ့စာလုံးတွေ ပါလေ့ရှိတယ်။ ကျောင်းသုံးစာအုပ်ထဲ သုံးရင် ကဗျာအောက်မှာ ခက်ဆစ်အဓိပ္ပါယ်ဆိုပြီး ရှင်းလင်းချက် ထည့်ပေးရတယ်။

ပန်းလောင်ကြောက ပိန်းကောရှင် (ဝန်ကြီး ပဒေသရာဇာ)

ခက်ဆစ်

သိုး = အဝတ်အထည်ဖြင့်ပြုလုပ်သော-အနားလေးဘက်ခေါက်၍ထားသော ပေါင်းရစ်ဦးထုပ်တမျိုးဖြစ်သည်။

လမိုင်း = လယ်စောင့်နတ်။ ။ ထမင်းခူးသော်၊ တဆုပ်နေ့တိုင်း၊ လမိုင်းရှိပူဇော် = လယ်စောင့်နတ်ကို ထမင်းခူးတိုင်း တဆုပ်-တဆုပ်တင်သည် ဆိုလိုသည်။

ဟန်တခါပြင် ရွှေစင်ဆယ်တင်း - ပပငယ်လေဝင်းဝင်း-ချီ ပတ်ပျိုး (သိန်းတန်တဲ့မေ ပတ်ပျိုး)

ခက်ဆစ်

စံလွတ်ကျွန်း = စံဘက်ပြိုင်ဘက်မရှိဟု ဆိုလိုသည်။ လွတ်ကျွန်းမှာ တုကျွန်းကဲ့သို့ အတုမဲ့ အတုမရှိဟု ဆိုလိုသည်။

အလွတ်ကျက်မှတ်စေခြင်းကတော့ သင်ပြတဲ့မြန်မာစာဆရာဆရာမတွေအပေါ်မူတည်ပါမယ်။ ကဗျာကိုသာ တလုံးမလွဲ သိရမှာဖြစ်ပေမဲ့ ရိုးရိုးဝါကျနဲ့ရေးတဲ့ ရှင်းလျင်းချက်ကတော့ အဓိပ္ပါယ်မလွဲဘို့သာ အရေးကြီးပါတယ်။ တိုတိုလေးတွေဆိုရင်တော့ အလွတ်ရနေတာ ကောင်းပါမယ်။

ပုံကတော့ အလယ်တန်း မြန်မာကဗျာ လက်ရွေးစင် ၁၉၇၅ ထုတ်၊ စာမျက်နှာ ၁၄၂ ဖြစ်ပါတယ်။ သင်းမြေနဲ့တကြိုင် ကို စသတ်နဲ့ မရေးပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ