Skip to main content

တုံ့ တုန့်

တုန့်ပြန်မှု၊ တုံ့ပြန်မှု ဘယ်ဟာအမှန်လဲဆရာ ကျေးဇူးတင်ပါတယ်။

တုံ့ = ပြန်လှန်ပြုမူသည်။

လက်ဆောင်များစွာတုံ့တော်မူ၏

ရွှေရင်ဖုံးတုံ့မဖုံးတုံ့ 

တုံ့

တုံ့နှေး

တုံ့ပယ်တုံ့ပယ်သွား

တုံ့ပြန်

တုံ့ဝပ်

(ကဝိဓဇသတ်ပုံကျမ်း)

တုံ့၍ပြေးသည်

ခွန်းတုံ့ပြန်သည်

နှုတ်တုံ့ပြန်လှန်

အတုံ့အလှည့်

ခေါက်တုံ့ခေါက်ပြန်

ချစ်တုံ့မပြေ

လူးလားတုံ့ခပ်

မြွေပတုံ့

တုံ့ပယ်တုံ့ပယ်

နှုတ်တုန့် (န သတ်)

ခေါက်တုန့် (န သတ်)

အလှည့်တုန့် (န သတ်)

ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့ (မာမာအေး)

ဝဏ္ဏပဘာ ကလျာဖူးစသစ် ပျိုမျစ်မျစ်လျှင် ကျစ်လျစ်စံပယ် လှမျိုးကြွယ်သား ဆံသွယ်မြိတ်စို့ ဆင်းရောင်ပျို့ကို နတ်တို့ထိုက်ဟန် ဆင်းစုံကြန်တည့် လွန်ရပေခက် ဖြူမြိတ်ရွက်နှင့် လက်လှထိန်ပြေး ရွှေရည်ရေးသို့ ပျံ့မွှေးအင်္ကျီ ရွှေထဘီနှင့် မျက်စိနားဋောင်း နွဲ့နွဲ့နှောင်းမူ ရောင်မောင်းကွမ်းသွား သက်တင်လားသို့ လက်ဖျားဒန်းရောင် လှတန်ဆောင်မူ မျက်တောင်ကော့သေး စုတ်ဖြင့်ရေးသို့ ကြိုက်အေးကတိုးရည် ထုံမျိုးကြည်၍ နတ်ပြည်မိုးသူဇာ ပျံသက်လှာသို့ ရှုသာတင့်နိုး လှခေါင်မိုးလျှင် ပြစ်မျိုးမှဲ့မထင် နတ်ရုပ်သွင်သို့ ဖြူစင်ရောင်ဝင်း လှမှန်ကင်းကို ညခင်းဆည်းဆာတွင် ကျွန်ုပ်မြင်သည် ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့ ။

ဒေဝစ္ဆရာ ပြင်လျာတင့်ဆင်းရောင် ရွှေကြက်တောင်နှင့် လှခေါင်ပြစ်လွတ် ပြာထွတ်ထွတ်လျှင် ရစ်ပတ်ခြူးစီ ရွှေထဘီနှင့် အာနီသိန်းတန်မျိုး ရွှေခါးကြိုးလည်း စံမျိုးနေ့တိုင်းပင် အမြဲဆင်၍ ကျွန်းတွင်ဇမ္ဗူလုံး ပြိုင်တိုင်းရှုံးသည်ပြစ်လုံးကင်းကွာ မိုးသူဇာသို့

ဆည်းဆာရီတွင် ကျွန်ုပ်မြင်သည် ရွှေရင်ဖုံးတုံ့ မဖုံးတုံ့ ။

ပဉ္စကလျာ ညိုပြာဆင်းရောင် ရွှေကြက်တောင်နှင့် ဖြူရောင်ထင်စွ သွယ်ခွေချ၍ ထွန်းပရောင်ဝင်း ပြာနွဲ့ရှင်းမူ ပျံ့သင်းနံ့သာပျောင်း မမွှေးတောင်းတည့် တင့်ကြောင်းစံပယ် ရှုချင်ဖွယ်တည့် နိကာယ်ရောင်မြေ့ ဆယ်နှစ်စေ့ကို ကြံရွေ့ရည်ထင် မြင့်ကြာတင်ခဲ့ ပုံပြင်နတ်တူလျော ပြာနွဲ့ချောလျှင် တင့်မောကျစ်လျစ် ပုလဲနှစ်သို့ ပြေပြစ်ဆုံဆည်း မိညက်ကြည်းသည် စုလည်းထုံးတုံ့ မထုံးတုံ့ ။ (ရှင်မဟာရဌသာရ)

ရွှေရင်ဖုံးတုံ့မဖုံးတုံ့ (တွံတေးသိန်းတန်) https://www.youtube.com/watch?v=XpSM7MdM8v8

ဒေါက်တာတင့်ဆွေ

Comments