ကျွန်တော်တို့ မြန်မာ့ဒီမိုကရေစီရေးကို အစပဌမမှာ လွတ်မြောက်နယ်မြေ၊ နောက်တော့ ပြည်ပကနေ ဆယ်စုနှစ် နှစ်ခုခွဲကြာ ကြိုးပမ်းခဲ့ကြပါတယ်။
ကျွန်တော့တာဝန်က NCGUB ခေါ် စင်ပြိုင်အစိုးရ။ NCGUB ကို အဓိက ထောက်ကူအားပေးတဲ့ အဖွဲ့အစည်းတခုကတော့ The Norwegian Burma Committee (Norwegian: Den norske Burmakomité, DnK) ဖြစ်ပါတယ်။
NBC ဥက္ကဌအမည်က Hal Kuloy မေစ္စတာကူလွိုင်း (ယခု ကွယ်လွန်)။ သူဟာ အင်မတန် ခင်မင်လေးစားစရာ ကောင်းတယ်။ မြန်မာပြည်အကြောင်းလည်း ကောင်းကောင်းသိသူဖြစ်တယ်။ သူနဲ့ မကြာခဏ တွေ့ဆုံ ဆွေးနွေးခဲ့ရတယ်။
တခါက ဥရောပခရီးစဉ်တခုမှာ မြန်မာ့အရေး အစည်းအဝေးအပြင် သူ့ရဲ့ ပြပွဲဖွင့်ပွဲတခုကိုပါ တက်ရတယ်။ မြန်မာ့ယွန်းထည်တွေကို တခမ်းတနား ပြသထားပါတယ်။ အော်စလိုမှာတော့ မဟုတ်ပါ။
ပုံကတော့ အိမ်မှာရှိတဲ့ ယွန်းထည်ပစ္စည်းတွေ။
ဘယ်အကြောင်းအရပ်မှာဖြစ်စေ အမွေအနှစ်၊ ယဉ်ကျေးမှု၊ အနုပညာ ပါမှသာ ပိုပြီးကောင်းမွန် တင့်တယ် ပြည့်စုံတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment