Skip to main content

Political Colors နိုင်ငံရေးအရောင်များ

ယူအက်စ်အေမှာ ရွေးကောက်ပွဲနီးလာရင် ဦးထုပ်အရောင်နဲ့ နက်ကတိုင် အရောင်ကို အတော်သတိထားရတယ်။ အနီနဲ့အပြာရောင် ဖြစ်နိုင်ရင် ရှောင်ရတယ်။ မဲဆွယ်သူလား ထင်ခံရနိုင်တယ်။

မြန်မာနိုင်ငံမှာ (ဖဆပလ) နှစ်ခြမ်းကွဲသွားတော့ ဦးနုဦးဆောင်တဲ့ (ဖဆပလ) က သန့်ရှင်အမည်နဲ့ အဝါရောင်၊ ဦးဗဆွ ဦးဆောင်တဲ့ (ဖဆပလ) က တည်မြဲနဲ့ အနီရောင်။ ကွန်မြူနစ် နဲ့ ဆိုရှယ်လစ် အိုင်ဒီယော်လော်ဂျီရှိသူကလည်း အနီရောင်။ ၂၆ နှစ်ကြာ တပါတီတည်းအုပ်စိုးခဲ့တဲ့ (မဆလ) ပါတီက အပြာနုရောင်ကို သုံးခဲ့တယ်။

ပြည်ခိုင်ဖြိုးပါတီက အစိမ်းရောင်သုံးတယ်။ ဖဆပလ ခေတ်က အစိမ်းရောင်ဟာ တသီးပုဂ္ဂလအရောင်ဖြစ်တယ်။ ၂၀၁၅ ရွေးကောက်ပွဲကစပြီး ပြည်ခိုင်ဖြိုးရဲ့ အစိမ်းရင့်ရောင်ကလည်း ခပ်ပုပ်ပုပ်ဖြစ်သွားတယ်။ (မဆလ) တဖြစ်လဲ (တစည) အပြာနုရောင်က ယဲ့ယဲ့လေးသာရှိတော့တယ်။ NLD က အနီရောင်ကို ခံယူလိုက်တယ်။

နိုင်ငံရေးပါတီတွေက သတ်သတ်မှတ်မှတ်သုံးကြတဲ့အရောင်တွေရှိတယ်။ 

၁။ Red အနီရောင် 

အစဉ်အလာအားဖြင့် ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်အရောင်ဖြစ်တယ်။ အရင်းရှင်တွေကစုပ်ယူတဲ့ အလုပ်သမားသွေးလို့ ဘာသာပြန်တယ်။ ၁၈၄၈ ပြင်သစ်တော်လှန်ရေးမှာ အနီရောင်အလံကိုသုံးခဲ့တယ်။ ယူကေ၊ သြစတေးလျနဲ့ နယူးဇီလန်မှာ အလုပ်သမားအရေးကသုံးတယ်။ Red Flag, Red Army, Red Scare လို့အထင်အရှားရှိတယ်။ အဲတာက ၁၉ဝဝ ကျော်ကတည်းက ဖြစ်တယ်။ ကနေဒါမှာ Liberal Party of Canada လစ်ဘရယ်ပါတီကသုံးတယ်။ အမေရိကမှာ ၂ဝဝဝ ခုနှစ်ကတည်းက Republican ရီပတ်ဘလီကင်ပါတီက သုံးတယ်။ 

၂၁ ရာစုထဲရောက်တော့ အနီရောင်ကို လက်ဝဲနဲ့ ကင်းလွတ်ပြီး ယူသုံးလာတယ်။ အထင်ရှားဆုံးက (၁) ရှေးရိုးစွဲ အမေရိကန် ရီပတ်ဘလီကန်ပါတီ၊ (၂) ထိုင်းနိုင်ငံမှာ ရှပ်နီ-ရှပ်ဝါအားပြိုင်မှုနဲ့  (၃)၂၀၁၅ ရွေးကောက်ပွဲ  မြန်မာနိုင်ငံမှာ အနီနဲ့ အစိမ်း။ မြန်မာပြည်မှာ NLD အတွက်ဖြစ်လာတယ်။

၂။ Black အနက်

Anarchism မင်းမဲ့အယူအဆကိနေယူသုံးထားတယ်။ Islamic State of Iraq and the Levant အကြမ်းဖက် အစ္ဓလမ် အစွန်းရောက်အဖွဲ့ကလည်း အနက်ပဲ။ ဂျာမဏီနဲ့ သြစတြေီးယားတွေမှာ ခရစ်ယန်ဒီမိုကရက်တစ်ပါတီက သုံးတယ်။ အီတလီမှာ ဖက်ဆစ်စပါတီ။ ဂရိမှာ လက်ယာစွန်းပါတီ။ ရုရှားမှာ ဘုရင်ဖက်တော်သားတွေကသုံးတယ်။

၃။ Blue အပြာရောင်

အများအားဖြင့် အစဉ်အလာစွဲကြီးတဲ့သူတွေကသုံးတယ်။ ယူကေနိုင်ငံမှာ ကွန်ဆာဗေးတစ်ပါတီ။ ကုလသမဂ္ဂအရောင်က အပြာနုရောင်။ ယူအက်စ်မှာတော့ ၂၀၀၀ ခုနှစ်ကတည်းက ဒီမိုကရက်တစ်ပါတီကို မီဒီယာကနေ ပေးထားတဲ့အရောင်။ ၂၀၁၀ ရောက်မှ တရားဝင် အပြာရောင်လိုဂို သတ်မှတ်ပါတယ်။ ယူအက်စ်မှာပဲ အလုပ်သမားလှုပ်ရှားမှုကလည်း အပြာရောင်ပဲသုံးတယ်။ ဥပမာ Blue collar workers ကော်လာပြာလုပ်သား။ အပြာရောင်ခပ်ဖြော့ဖြော့ဟာ ဂျူးဝါဒ ဖြစ်တယ်။ အစ္စရေးလ်အလံရောင်ကြည့်ပါ။ တောင်အာဖရိကမှာ လစ်ဘရယ်နဲ့ လက်ဝဲယိမ်းပါတီကသုံးတယ်။ အိန္ဒိယမှာ Dalit movement ဒါးလစ်လှုပ်ရှားမှုက အပြာရောင်သုံးတယ်။ တရုပ်ပြည်နဲ့ တိုင်ဝမ်မှာ Kuomintang (KMT) ကူမင်တန်ပါတီက အပြာရောင်။ တရုပ်ကွန်မြူနစ်ပါတီက အနီရောင်။ သြစတြီးယားမှာ လက်ယာယိမ်းပေါ်ပြူလစ်ပါတီ Freedom Party of Austria (FPÖ) ကအပြာသုံးတယ်။

၄။ Brown အညိုရောင်

Nazism နာဇီအရောင်ဖြစ်တယ်။ Sturmabteilung (SA) ဆိုတာ ဘရောင်းရှပ်ကိုခေါ်တယ်။

၅။ Buff ဝါညိုရောင်

ဗြိတိသျှမှာ Whig faction က အရင်တုံးကသုံးတယ်။

၆။ Grey မီးခိုးရောင်

ပင်စင်စားတွေကသုံးတယ်။ ဆံပင်ဖြူတာကို Grey hair လို့ခေါ်တယ်။

၇။ Green အစိမ်းရောင်

ဂရင်းပါတီတွေရှိတယ်။ ပတ်ဝန်းကျင်ဦးစားပေးပါတီတွေဖြစ်ကြတယ်။ အိုင်းရစ် အမျိုးသားရေးနဲ့ အိုင်းရစ် ရီပတ်ဘလီကန်တွေကသုံးတယ်။ အမေရိကမှာ ၁၈၉ဝ တုံးက စိုက်ပျိုးရေးအတွက် ပေါ်ပြူလစ်ပါတီကသုံးခဲ့တယ်။ သြစတေးလျမှ အမျိုးသားပါတီကသုံးတယ်။ အစိမ်းရောင်ဟာ အစ္စလမ်ဘာသာမှာ အထွတ်အမြတ်အရောင်ဖြစ်တယ်။ မြန်မာပြည်မှာတော့ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီကယူသုံးတယ်။

၈။ Orange လိမ်မော်ရောင်

Christian democrats ခရစ်ယန်ဒီမိုကရက်အရောင်ဖြစ်တယ်။ သြတြီးယား၊ ဂျာမဏီ၊ ပြင်သစ်၊ ဖင်လန်၊ ရိုမေးနီးယား၊ ဟန်ဂေရီ၊ ဆလိုဗားကီးယား၊ ချက်နဲ့ တူရကီ။ ကနေဒါမှာ New Democratic Party (NDP) ဆိုရှယ်ဒီမိုကရက်ပါတီက သုံးတယ်။ မြောက်ပိုင်းအိုင်ယာလန်မှာ Unionism နဲ့ Orange Order တွေကသုံးတယ်။ နယ်သာလန်မှာ Dutch People's Party for Freedom and Democracy ပါတီရဲ့ ဒုတိယအရောင်ဖြစ်တယ်။ 

၉။ Pink ပန်းရောင်

ပြင်သစ်နဲ့ ပေါ်တူကီမှာ ဆိုရှယ်ဒီမိုကရက်တွေကသုံးတယ်။ အနီရောင်ကနေ ပြော့လာတဲ့သဘောဆောင်တယ်။

၁၀။ Purple ခရမ်းရောင်

သတ်သတ်မှတ်မှတ် ယူသုံးတာနည်းတယ်။ Feminism ဣတ္တိလိင်အယူအဆကသုံးတယ်။

၁၁။ Saffron နနွင်းရောင်

အိန္ဒိယမှာ ရိုးရာအစဉ်အလာ ဟင်ဒူအမျိုးသားရေးဝါဒကသုံးတယ်။ ၂ဝဝ၇ မြန်မာပြည်က သံဃာလှုပ်ရှားမှုအတွက် နိုင်ငံတကာမီဒီယာကသုံးတယ်။

၁၂။ Yellow အဝါရောင်

လစ်ဘရယ်အယူအဆလို့ဆိုပါတယ်။ ဂျာမဏီ၊ ရိုမေးနီးယား၊ အက်စတိုးနီးယား၊ ယူကေတို့မှာသုံးတယ်။ ထိုင်းနိုင်ငံနဲ့ နီပေါမှာ ဘုရင်စနစ်လိုလားသူတွေကသုံးတယ်။

၁၃။ White အဖြူရောင်

Surrender flag လက်နက်ချတဲ့အလံရောင်ဖြစ်တယ်။ စင်္ကာပူမှာ People's Action Party ပါတီကသုံးတယ်။ ဟောင်ကောင်မှာ မြန်မာပြည်က စွမ်းအားရှင်လိုလုပ်သူတွေက အဖြူရောင်ဝတ်ထားကြတယ်။ သူတို့ရိုက်တာ ခံရသူတွေရဲ့သွေးက နီရဲနေတယ်။ 

အခု ပြောင်ပြောင်ပြောင်ပြောင်အဝါရောင်ဆိုတာ ပေါ်လာပြန်တယ်။ မြန်မာပြည်မှာ။ အရောင်များသည် လူတွေကို ဆွဲဆောင်နိုင်စွမ်းရှိကြ၏။ လှည့်စားနိုင်စွမ်းလည်းရှိကြ၏။ အရောင်ပြောင်းသူတွေလည်း များလှ၏။ ကာလာဘလိုင်းရောဂါလည်း ရှိတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...