မကြာခဏ တင်ပြရပါတယ်။ တင်ထားပြီး မှားလို့၊ လွဲလို့၊ ကျနေရစ်လို့၊ ထပ်နေလို့ ပြန်ပြင်ရလေ့ရှိတယ်။
- ဆရာ မင်းသုဝဏ် ပန်းပန်လျက်ဘဲ မှာ ဇော်ဂျီများ ဖြစ်မလားလို့
- ဆရာ ခြိမ့်ခြိမ့်ညံ (လုံးကြီးတင်တွေ ကျန်နေခဲ့တယ် ဆရာ)
- ဆရာ တိတ်တဆိတ် ဖြစ်ပေါ်လာ ရေးတာမှာ စသတ် မပါရင် မှန်နေမယ်ဆရာ။ မှား၏ လို့ ရေးမိထားတယ်ဆရာ။
တခါတခါ ကိုယ့်အမည်ရေးတောတောင် ဆွေ နဲ့ တွေ မှားတတ်သေးတယ်။
မှားမှန်သိရင် ပြင်ပါတယ်။ ဒါပေမဲ့ မပြင်ရသေးတာတွေ ကျန်ဦးမယ်။
ကျမ်းမာရေး မေးတာတွေဖြေစမှာ စာရေးတာတွေ ပိုမှားခဲ့တယ်။ အခုတော့ အမှားနည်းလာပြီ။ အကုန်မှန်တာတော့ မဟုတ်။ ကန်တော့ + ဆောရီး။
လူတိုင်း မှားတတ်သည်။
ဒါပေမဲ့ ဘယ်လောက်မှားသလဲ။
ဘယ်နေရာ ဘယ်အကြောင်းအရာကို မှားသလဲ။
မှားမှန်သိရင် ပြင်သလား။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment