မြန်မာပြည်မှာ မီးများစဉ်က မီးနိုင်ခဲ့ပြီး၊ ရေများပေမယ့် ရေမနိုင်သေး။
မီးစတဖက် ရေမှုတ်တဖက်တွေ များနေသေးတယ်။
ဝါဆိုဝါခေါင် ရေဖောင်ဖောင်မှာ ရေသာများ၍ ငါးမတွေ့ကြပါ။
သောင်မတင် ရေမကျအဆင့်သာရှိသေးတယ်။
ရေမနောက် ကြာမလျှောက်လို့ အောက်မေ့ကြပါ။
မိုးရွာတုန်း ရေခံကြပါ။
အချိန်နှင့် ဒီရေဟာ လူကိုမစောင့်ပါ။
တဦးနဲ့တဦး ကုန်းပေါ်ရောက်မှ ရေမမွန်းစေနဲ့။
ရေတိမ်နစ်တဲ့ဘဝတွေ အမျှဝေ။
ရေကိုခြားသော် အကြားမထင် ချစ်ခင်ကြစေ။
ရေလိုအေး ပန်းလိုမွှေးကြစေ။
စီးတဲ့ရေ ဆယ်တဲ့ကန်သင်း စည်းကမ်းရှိကြလေ။
ကျွန်တော်တို့ငယ်ငယ်က ဆီကိုရေချိုး ဆေးရိုးမီးလှုံခေတ်ကို နည်းနည်းလေးတော့ ကြုံခဲ့တယ်။
နောက်တော့ ရေကြည်ရာ အရပ်ကနေခွါ မြက်နုရာအရပ်တွေ ရှာနေရတယ်။
တချို့အတွက်တော့ နတ်တို့ဖန် ရေကန်အသင့် ကြာအသင့်လို ကံမကောင်းပါ။
ဖောင်စီးရင်း ရေငတ်တဲ့အခါတွေ ရှိခဲ့တယ်။
သဲထဲရေသွန်တော မဖြစ်ပါ။
အခုရေတွင်းတူး အခုရေကြည် သောက်။
ခဲလေသမျှ သဲရေကျမဖြစ်ပါ။
ရေစီးတခါ ရေသာအလှည့် မကျနိုင်ပါ။
ရေမြင့်ရင်ကြာတင့်ရမယ့်အချိန်တွေရောက်ပါစေသောဝ်
ရေအဆုံးကုန်းတဝက်မဖြစ်ကြပါစေနဲ့
ရေအသက်တမနက် ထမင်းအသက်ခုနစ်ရက်
ပြည်သူပြည်သားတွေ ပိန်းကြာဖက်တွင် ရေမတင် ရောဂါဘယတွေ ကင်းစင်ကြပါစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment