Skip to main content

ပဝါ နဲ့ ပုဝါ


၁။ အမေမှာတဲ့ ဆန်တခွဲ သုံးပြည်နဲ့မလဲဆိုတာကို သိချင်ပါတယ်ဆရာ။

အမေမှာတဲ့ ဆန်တခွဲ၊ သုံးစိတ်နဲ့မလဲဖြစ်ပါတယ်။

တခွဲ = ၈ ပြည်၊

သုံးစိတ် = ၁၂ ပြည်။

များများရတာမှန်းမသိ။ မှာလိုက်တာ၊ ခိုင်းလိုက်တာကိုသာ တထစ်ချယူတဲ့သူမျိုးကို ဆုံးမစကားအဖြစ်သုံးပါတယ်။ ပိုရတာ၊ ပိုကောင်းတာကို နားမလည်သူမျိုး။ စဉ်းစားဉာဏ်နည်းသူမျိုး။

၂။ ဆရာ ပဝါ နဲ့ ပုဝါ ဘာစာလုံးသတ်ပုံကအမှန်ပါလဲဆရာ။ ကျွန်မ သူငယ်တန်းမှာ ပဝါ သင်ခဲ့ရပါတယ်။ အတန်းတက်လာတော့ ပုဝါသင်ရပါတယ် ဆရာ။ သတ်ပုံအမှန်က ဘာလဲဆရာ။

ပဝါတံပက်လို့ အရင်ထုတ်သတ်ပုံစာအုပ်ထဲမှာ ပါတယ်။ ရှင်းလင်းချက်မှာ ပဝါ = (မွန်) တဟမက် = မျက်နှာသုတ်ပဝါလို့ ဆိုပါတယ်။ အခုခေတ်သတ်ပုံစာအုပ်တွေမှာလည်း ပဝါလို့သာ ရေးပါတယ်။

စုံပဝါ ဘယ်ညာချ၊ မှုန်နံ့သာခြယ်ကာသ။

အရင်ထုတ်သတ်ပုံစာအုပ် တအုပ်မှာ ပုဝါ နဲ့ နောက်တအုပ်မှာ ပဝါ။ အခုခေတ် သတ်ပုံစာအုပ်မှာ ပဝါလို့ရေးပါတယ်။

ပဝါပါးကို ကြက်သားထုပ်တော့ စွန်းတတ်တယ်။ တရွာသားကို ရည်းစားလုပ်တော့ လွမ်းရတတ်တယ်။

ကျွန်တော်က မြန်မာစာနဲ့ ဘွဲ့မရလို့ ရမ်းကုအဆင့်သာဖြစ်ပါတယ်။ Smile!

တွံတေးသိန်းတန် / မှုန်နံ့သာခြယ်ကာသပါလို့ https://www.youtube.com/watch?v=KZL3m-i7rKA

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ