Skip to main content

မြန်မာရထိုက်ရွှေကုက္ကို အထူးစီးပွားရေးဖွင့်ဖြိုးတိုးတက်ရေးဒေသ

၂၀၁၉ မတ်လ ၁ ရက်နေ့ အေရှတိုင်း သတင်းစာမျက်နှာမှာ ဘာတေးလစ်တနာရေးတဲ့ ရွှေကုက္ကို စီးပွားရေးဇုံအကြောင်းပါလာတယ်။ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ထဲမှာ သူ အဲ့ဒီနေရာကို ရောက်ခဲ့ပြီး ခွင့်ပြုချက်ပေးတဲ့နေရာတချို့မှာရိုက်ခဲ့တဲ့ ဓတ်ပုံတချို့ပါ

တင်ထားပေးတယ်။ သူရလာတဲ့ သတင်းအချက်အလက်တချို့ကိုပါ ဆက်စပ်ပြီးတင်ထားပေးတယ်။

https://www.asiatimes.com/.../a-chinatown-mysteriously.../

ဒါနဲ့ နိုင်ငံတကာအဆင့်မီ အနာဂါတ် ဒေသတွင်း တရုပ်ရွှေမြို့တော်ကြီးတခုဖြစ်လာမဲ့ အကြောင်း

ရထိုက် ကုမ္မဏီက တင်ထားတဲ့ တရား၀င်ဗီဒီယို ကလစ်တွေကို အခြေခံပြီး ပြောချင်လာတယ်။ 

ဘာတေး ဆောင်းပါးမှာမပါတဲ့ တိကျတဲ့ သတင်း

အချက်အလက်တချို့ကိုလည်းဖြည့်စွက်ပေးဖို့ပေါ့။

မြန်မာရထိုက်ကုမ္မဏီကို မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္မဏီများညွှန်ကြားမှုဦးစီးဌာန(DICA) အင်တာနက် စာမျက်နှာမှာ ရှာကြည့်တော့ ၂၀၁၇ ဖေဖော်ဝါရီလ၁၄ ရက် (ချစ်သူများနေ့) မှာ မှတ်ပုံတင်ထားတာ တွေ့ရ တယ်။ ၁၃၊၂၊၂၀၂၂ မှာသက်တမ်း

ကုန်ဆုံးမယ်ဆိုတော့ ၅ နှစ်သက်တမ်းပေါ့။ ကရင်

ပြည်နယ်ထဲမှာ မှတ်ပုံတင်ထားတဲ့ တခုတည်းသော

ကုမ္မဏီပဲ။ 

https://www.myco.dica.gov.mm/Corp/EntityProfile.aspx...

https://opencorporates.com/companies/mm/1FC-2016-2017(KYN)

စိတ်၀င်စားဖို့ကောင်းတာတချက်က မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှု ဥပဒေများအရ ရင်းနှီးမြှပ်နှံမှု အမေရိကန်

ဒေါ်လာ ၅ သန်းအောက် ကုမ္မဏီတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့်မှာ မှတ်ပုံတင်ခွင့်ပြုပေမဲ့ ၅ သန်း အထက်ဆိုရင် ပြည်ထောင်စုအဆင့်မှာ မှတ်ပုံတင်ရမယ်လို့ဆိုထားတယ်။ ဒါပေမဲ့ ရထိုက်ကုမ္မဏီက တင်ထားတဲ့ ၂၀၁၇ခု သြဂုတ်လ ၂၈ ရက် နေ့ ဗီဒီယိုမှတ်တမ်းအရ ပဏာမ ဆောက်လုပ်ရေး 

ကုန်ကျစားရိတ် ရင်းနှီးမြှတ်နှံမှုတင် အမေရိကန် ဒေါ်လာသန်း ၅၀၀ ကျော်ရှိပြီး စုစုပေါင်း ရင်းနှီးမြှပ်နှံမှု အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ သုံးစွဲမယ်လို့ ပါ 

ပါတယ်။ (ဘာတေးဆောင်းပါးမှာ ၁.၅ ဘီလျံလို့ ပြောထားပါတယ်)

https://www.youtube.com/watch?v=4kNMqiwd5dE...

နောက်တချက်က ဘာတေးဆောင်းပါးမှာ မြေဧက ၂၀၀၀ ကျော် (ဟက်တာ ၈၀၀) လို့ ဖေါ်ပြထားပေမဲ့ 

အထက်ဗီဒီယိုထဲမှာတော့ ပဏာမဆောက်လုပ်ရေး လုပ်ငန်းများစတင်ဖို့ မြေဧက ၁၃၀၀ အသုံးပြုမှာဖြစ်ပြီး စုစုပေါင်း ဒေသ(မြို့တော်)တခုလုံးအတွက် စီမံကိဧရိယာဟာ မြေဧက ၁.၈ သိန်းကျော် (၇၃၀ စတုရန်းကီလိုမီတာ) ရှိမယ်လို့ အတိအလင်းပြောထားပါတယ်။ (စင်္ကာပူနိုင်ငံထက် ၇ စတုရန်းကီလို

မီတာကြီးပါတယ်။ ရန်ကုန်မြို့ကြီးထက် တဆခွဲ ကျော်ကြီးပါတယ်)

ဒါ့ကြောင့်မို့လို့လဲ အထက်က ဗီဒီယိုထဲမှာ ဒေသ

တွင်း နည်းပညာနဲ့ ကူးသန်းရောင်း၀ယ်ရေး ဗဟို ချက်မ၊ အကြီးဆုံးစက်မှုလက်မှုဇုံ၊ နိုင်ငံတကာကူးသန်းရောင်း၀ယ်ရေးစင်တာ၊ ဒေသတွင်း အကြီးဆုံး နိုင်ငံတကာလေဆိပ်၊ နိုင်ငံတကာခရီးသွား အပန်း ဖြေဒေသ၊ နိုင်ငံတကာ ကျန်းမာရေးစောင့်ရှောက်မှု အခြေစိုက်ဒေသ၊ ကမ္ဘာ့အကြီးဆုံးစက္ကူပန်းများ ပေါက်ရောက်ရာဒေသ၊ နိုင်ငံတကာရုပ်ရှင်အစည်းအရုံး တည်ရှိရာနေရာ၊ နိုင်ငံတကာသေနတ်လေ့ကျင့်ရေး ကွင်းကြီးရှိတဲ့မြို့တော်၊ တိုင်းရင်းသားများဧည့်ခံမဲ့ နိုင်ငံတကာ ဇိမ်ခံအပန်းဖြေဟော်တယ်များရှိရာဒေ သ၊ ဒေသတွင်းအကြီးဆုံးကာစီနိုလောင်းကစားဝုိင်း

များကိုတရား၀င်ခွင့်ပြုထားရာနယ်မြေ၊ စျေး အသက်သာဆုံး အွန်လိုင်း အပန်းဖြေစခန်းများရှိရာ ဒေသ၊ [ဘာကိုဆိုလိုလဲတော့မသိဘူး၊ ဒါပေမဲ့ လက်ရှိ အကြီးဆုံးမြ၀တီကွန်ပလက်စ်ကာစီနို အပါအ၀င် မြ၀တီဘက်ခြမ်း သောင်ရင်းမြစ်ဘေးမှာ ဖွင့်ထားတဲ့ ကာစီနို ၁၀ ခုလောက်မှာတော့ ပြည်မကြီးက လာတဲ့ (အထူးသဖြင့်ယူနန်ပြည်နယ်က)လာနေတဲ့ လူငယ်/လတ် တရုပ်တွ ၅၀၀ စီလောက်ရှိ နေတယ်။ အသစ်ဆောက်ထားတဲ့ တိုက်တန်းလျား တွေမှာ စမတ်ဖုန်းကိုယ်စီနဲ့ နိုင်ငံရပ်ခြားတရုတ်များက လှမ်းပြီး အွန်လိုင်းကစားတဲ့ လောင်းကစားပွဲ တွေကို ဒိုင်(Host) လုပ်ပေးနေတယ်] နိုင်ငံတကာ တက္ကသိုလ်များ၊ တရုပ်စာသင်ကျောင်းများရှိရာဒေ သ၊ နိုင်ငံတကာမီးပုံးပျံပွဲများ၊ နိုင်ငံတကာယဉ်ကျေးမှုပွဲတော်များ၊ ဂီတပွဲတော်များဧည့်ခံကျင်းပမဲ့ဒေသ၊ လို့ ညွှန်းထားတယ်။ နေစင်္ကြာ ၀ဠာကြီးရဲ့ဗဟိုချက်မကို ကိုယ့်အိမ်ဘေးကပ်ရက်မှာလာဆောက်ပေးလို့ 

ဖြူဖြူမြင်တိုင်း လက်သီးလေးဆုပ်၊ ဦးညွှတ်ရင်း “ဝူမိတောဖော” လုပ်ရတော့မဲ့ပုံပဲ။ 

ဒီဒေသကို တာ၀န်ယူစီမံအုပ်ချုပ်မဲ့(တည်ဆောက်မဲ့ လို့မပြောဘူး) ကုမ္မဏီနဲ့ လူတွေ(ကုမ္မဏီ ဥက္ကဌ တွေ၊ CEO တွေကိုလည်း အထူးပြု ဖော်ပြထား တယ်။ တရုပ်နိုင်ငံရေမြေခြားတရုပ်လုပ်ငန်းရှင်ကြီး များအသင်းရဲ့ဒုဥက္ကဌ၊ ဟောင်ကောင်ရေမြေခြား တရုပ်လုပ်ငန်းရှင်များအသင်းရာသက်ပန်ဥက္ကဌ  ကျုံးပေါက်ကြားနဲ့ ကမ္ဘောဒီးယားတရုပ်လုပ်ငန်းရှင် ဒိုင်လင်ကျိယန် တို့ ၂ ဦးပူးပေါင်းတည်ထောင်တဲ့

ရထိုင်းနိုင်ငံတကာဟိုးလ်ဒင်းကုမ္မဏီလုပ်ငန်းစု (Yatai International Holding Group) က စီမံ အုပ်ချုပ်မယ်လို့ ပြောထားတယ်။ တရုပ်ပြည်ဟောင်

ကောင်မှာ မှတ်ပုံတင်ပြီး ဘန်ကောက်မှာ အခြေ

စိုက်တယ်လို့ ဆိုတယ်။

တကယ်တော့ ဒီလုပ်ငန်းက တရုပ်အစိုးရပိုင် ထိပ် တန်းအကြီးဆုံးကုမ္မဏီတခုဖြစ်တဲ့ Jiliin Yatai Group Co. Ltd လက်အောက်ခံ ကုမ္မဏီပဲဖြစ်ပါ တယ်။ (ဘာတေးလ် ဆောင်းပါးမှာလဲ ပြောထားပါ တယ်) ဒါကြောင့် ဘဏ္ဍာရေးနဲ့ကူးသန်းရောင်း၀ယ် ရေး၊ နည်းပညာ၊ စက်မှုလက်မှု၊ ဆောက်လုပ်ရေး၊ လုံခြုံရေး (အရေးကြီးဆုံးထဲမှာပါတယ်)၊ သတ္ထုတူး ဖော်ရေး၊ ဆေးဝါးထုတ်လုပ်ရေး၊ ခရီးသွားလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်း၊ စိုက်ပျိုးရေး၊ ယဉ်ကျေးမှုနှင့် တိုင်းရင်းသားဖွံ့ ဖြိုးတိုးတက်ရေး (ဒေသခံလူမျိုးစု များဖွံ့ဖြိုးတိုးတက်ရေးအမည်ခံပြီး ကမ္ဘာလှည့်ခရီး သွားတွေကို ပြစားတဲ့လုပ်ငန်းလို့ ပြောရဲ့) စသဖြင့် အားလုံး မလုပ်တဲ့လုပ်ငန်းမရှိဘူး။ စစ်အုပ်စုခေတ် ခင်ညွန့်ဦးဆောင်တဲ့ စစ်ထောက်လှမ်းရေးတွေကို ပြောခဲ့သလို ပိုက်ဆံရဖို့ဆို သူတို့ မလုပ်တဲ့လုပ်ငန်းမရှိဘူး၊ မီးသွေးဖုတ်တာ၊ ဆိုက်ကားနင်းတာ၊ တွန်းလှည်းနဲ့ တံမြက်စည်းရောင်းတာ၊ ထီရောင်းတာကအစ ဖာခန်းဖွင့်တာ အလယ်၊ ဘုရားဌာပနာဖောက်တာအဆုံး အားလုံးလုပ်တယ်ဆိုတဲ့ ကုမ္မဏီမျိုး၊ ပိုဆိုးတာက တရုပ်အစိုးရပိုင် ဆိုတာပဲ။ (အရင်က အောက်က ဝီကီလင့်ကတဆင့် သူ့ ကုမ္မဏီလုပ်ငန်း တွေ၊ ကွန်ဂလိုမီရိတ်ထဲမှာပါတဲ့ ကုမ္မဏီကြီးတွေ၊ ရှန်ဟဲ အိပ်ချိန်းမှာ စာရင်း၀င်ထားတဲ့ ကုမ္မဏီစာရင်းတွေ လိုက်နှိပ်ကြည့်လို့ရတယ်၊ ခု မရတော့ဘူး)

https://en.wikipedia.org/wiki/Yatai_Group

ဒါ့ကြောင့် အောက်မှာပေးထားတဲ့ လင့်တွေကနေ

ရထိုင်းအင်တာနေရှင်နယ်ကနေတင်ထားတဲ့ မြန်မာ

ရထိုင်းရွှေကုက္ကို စီမံကိန်းအဆင့်ဆင့်ဆောက်လုပ်

လာတာတွေကို ကြည့်ရင် သူတို့ဖာသူတို့ လုပ်ငန်း

သုံးစက်ယန္တရားတွေ၊ ဆောက်လုပ်ရေးသုံးပစ္စည်းတွေကို တရုပ်ပြည်ကနေအားလုံးသယ်လာတယ်၊ ဒေသခံ အလုပ်သမား (မြန်မာ၊ကရင်၊ ထိုင်း) လုံး၀ (လုံး၀) မသုံးဘဲ အောက်ခြေအလုပ်ကြမ်းသမား တွေကအစ တရုပ်ကနေခေါ်သွင်းလာတာဖြစ်တယ်။

(ဘာတေးလ် ဆောင်းပါးမှာတော့ သူ့ကိုသွားခွင့် ပေးတဲ့ အောက်ခြေအလုပ်သမားတန်းလျားတချို့  ဓါတ်ပုံတင်ထားပေမဲ့အလုပ်လုပ်နေတဲ့ တရုပ်ပညာရှင်နဲ့ အလုပ်သမားအရေအတွက်ကို ခန့်မှန်းဖို့ မလွယ်ဘူးလို့ ပြောထားတယ်)။ ကျောက်ခွဲစက်ရုံနဲ့ ဘိလပ်မြေစက်ရုံကို အဲ့ဒီ ဧရိယာထဲမှာပဲတည်ပြီး 

လိုသမျှကုန်ကြမ်းတွေကို အဲဒီကပဲ တူးဖော်ထုတ် ယူသုံးစွဲနေတာကို ဗီဒီယိုကလစ်တွေမှာ တစိတ် တပိုင်းတွေ့နိုင်တယ်။ ဗီဒီယိုဖိုင် ၅၆ ဖိုင်ကို ရက်စွဲ အလိုက်ကြည့်သွားရင် မူလ စိမ်းစိုနေတဲ့ တောင် ကုန်း၊ သစ်တောတွေနေရာမှာ ခုတော့ အဆောက် အဦး၊ စက်ရုံ၊ လမ်းတွေနဲ့ လွင်တီးခေါင်ချိုင့်ဝှမ်းတွေကို တွေ့ရမယ်။ တောင်တွေကနေ ချိုင့်ဝှမ်းဖြစ်သွား တဲ့နေရာတွေကို မရိပ်မိအောင်ရေကန်တွေ၊ ပန်းခြံတွေ၊ ကုန်တိုက်ကြီးတွေရဲ့မြေအောက် ကားပါကင် တွေပြန်လုပ်မဲ့ အစီအစဉ်ပါ ပါတယ်။ (ဗီဒီယိုထဲမှာ တော့ အသေးစိတ်ပြောမထားပါ)

အစောပိုင်းကာလ ဆောက်လုပ်ရေးလုပ်ငန်းတွေစ စချင်း ထိုင်းနိုင်ငံက အာဆီယံစီးပွားရေးကွန်မြူနတီ အရာရှိတချို့မျက်မြင်အရ အဲဒီကာလက (၂၀၀၇ ခု နှစ် စက်တင်ဘာလ) တရုပ်ပညာရှင်နဲ့ အလုပ်သမား ၁၅၀၀ လောက်စတင် အလုပ်လုပ်နေပြီလို့

ပြောထားပေမဲ့ နောက်ပိုင်းမှာတော့ ထိုင်းမိတ်ဆွေ တွေက လူ ၄၀၀၀-၅၀၀၀ ကြားမှာရှိတယ်လို့ ပြော တယ်။ သူတို့လဲ စိုးရိမ်တကြီးစောင့်ကြည့်နေကြလို့။

https://www.facebook.com/aecaseannews/posts/1663697843640880

မဲဆောက်က ကုန်တိုက်ကြီးတွေမှာ တပတ်တခါ စားစရာရိက္ခာလာ၀ယ်တဲ့ တရုပ်အ၀ယ်တော်တွေ

(မျက်နှာမှာ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာလို တလုံးမှ မတတ်တဲ့၊ တရုပ်လို အော်ကြီးဟစ်ကျယ် ပြောနေတဲ့ ပေါက်ဖော်မတွေဆို ကုန်တိုက်က ကန်စွန်းရွက်တမျိုးထဲတောင် တွန်းလှဲ ၁၀ စည်းတိုက်စာ အပြည့်အမောက်၊ ကျန်တာ စဉ်းစားကြည့်။ မဲ

ဆောက်စျေးထဲက ၀ယ်နေကျ ၀က်သားဆိုင်က တနေ့ကို ၀က်အကောင်လတ်လတ် ၅ ကောင်ပေါ် တယ်၊ ည ၉ နာရီလောက် စဖွင့်ပြီး မနက် ၄နာရီ လောက်ဆိုကုန်ပြီ။ သူ့ကို ဟိုဖက်ကမ်းက တရုပ် တွေက သူတို့ဆီမှာ ဆိုင်လာဖွင့်ပါ၊ နေရာ အလကားပေးမယ်၊ တနေ့ကို ၀က် ၁၀ ကောင်ပေါ် ပေး ပါလို့ ပြောသတဲ့။ သူလဲ လုပ်မနိုင်လို့၊ ကြောက်တာ လဲပါလို့ ဒီမှာပဲလာ၀ယ်ပါလို့ ပြောလိုက်ရသတဲ့။

ထိုင်း၊မြန်မာနယ်စပ်မှာ ကျန်းမာရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ (——-) အဖွဲ့က ဆရာ၀န်တွေ နဲ့ ဆေး၀န်ထမ်းတွေ အပြောအရ သူတို့ ဆေးရုံ၊ ဆေးခန်းတွေမှာ သောင်ရင်းမြစ်ကူးပြီးဆေး လာကုတဲ့ တရုပ်အလုပ်သမားတွေရဲ့ အမျိုးသမီးတွေမှာ ၁၀ ယောက်မှ ၈ ယောက်က ကိုယ်၀န်နဲ့ ဖြစ်ပြီး ကိုယ်၀န်ဆောင် အမျိုးသမီး တ၀က်လောက်က HIV positive ဖြစ်နေတယ်လို့ ပြောတယ်။ သုံးပုံတပုံက မြန်မာမှတ်ပုံတင်ကိုင်ထားပေမဲ့ မြန်မာလို၊ ထိုင်းလို

အင်္ဂလိပ်လို တလုံးမှ မတတ်ဘူးလို့ ပြောလေရဲ့။

နောက်တခုက အထက်က DICA မှာ တရား၀င် မှတ်ပုံတင်တဲ့သက်တမ်းက ၅ နှစ်တကြိမ်နဲ့ သက်တမ်းတိုးသွားရမှာဖြစ်ပေမဲ့ နယ်မြေခံ ဒီကေဘီအေ တဖြစ်လဲ နယ်ခြားစောင့်တပ် (BGF) နဲ့ စာချုပ်တဲ့ အထဲမှာ ၉၉ နှစ် မြေငှားရမ်းစာချုပ်လုပ်ထားတယ် ပြောတယ်။ ဒေသခံ ကရင် အဖွဲ့အစည်း ၃ ဖွဲ့ကို လည်း တဖွဲ့ကို ဆောက်လုပ်ရေးလုပ်ငန်းစတင် ရင်းနှီးမြှုပ်နှံငွေရဲ့၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းထိ အခွန် (ကြည့်ကောင်းပြောတာပေါ့လေ)ပေးထားပြီး

ပြီလို့ မိတ်ဆွေထိုင်းအရာရှိတချို့ကပြောတယ်။ သူ က အဖွဲ့့ နဲ့ လူနာမည်တွေတောင် ရွတ်ပြလိုက်သေးတယ်။ ဗီဒီယိုထဲမှာတော့ တရုပ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဒေါ်အောင်ဆန်းစုကြည် OBOR လုပ်ငန်းစဉ်ဆွေး နွေးသဘောတူတာကစ,လို့ ကရင်ပြည်နယ်၀န်ကြီးချုပ်

ဒေါ်နန်းခင်ထွေးမြင့်နဲ့ ရွှေကုက္ကိုစီမံကိန်းသဘောတူ

လက်မှတ်ရေးထိုးတာတွေ၊ BGF ဗိုလ်ချစ်သူနဲ့ လက်ဆောင်ပစ္စည်း အ

ပြန်အလှန်လဲလှယ်တာတွေပါတယ်။ 

ပြောချင်တာတွေ အများကြီးရှိပေမဲ့ နောက်ဆုံး

လုံခြုံရေးကိစ္စတခုပြောချင်တယ်။ အထက်မှာပြော ခဲ့သလိုပဲ လုံခြုံရေး၀န်ထမ်းတွေလဲ တရုပ်တွေပဲ

ခေါ်လာတယ်လို့ ပြောခဲ့တယ်။ တကယ်တော့

တရုပ်ပြည်သူ့တပ်မတော်ထဲက အထူးတပ်ဖွဲ့၀င်

တွေပါပဲ။ အလုပ်သမားထဲက သုံးပုံတပုံကလဲ 

စစ်သားတွေချည်းပါပဲ။ ဒါက လက်ရှိတရုပ်အစိုးရ

ရဲ့ နိုင်ငံတကာလုပ်ငန်းတွေမှာ လုပ်နေတဲ့ ထုတ် မပြောတဲ့ ပေါ်လစီနဲ့ လုပ်ထုံးပဲ။ ဒါပေမဲ့ ထိုင်း

ထောက်လှမ်းရေးမိတ်ဆွေတယောက်က ဒီကောင်

တွေ အင်တာနက်နဲ့ ဆိုက်ဘာထောက်လှမ်းရေး လာလုပ်မှာစိုးရိမ်မိတယ် … မင်းဘယ်လိုထင်လဲ လို့ လာမေးတယ်။ စဉ်းစားတတ်တဲ့သူတိုင်း မင်းလို စဉ်းစားမှာပဲလို့သာ ဝိနည်းလွတ်ပြောလိုက်ရတယ်။

ဒါပေမဲ့ သူတို့တွေက ပစ္စည်းအားလုံး လူအားလုံး ပြည်မကြီးက သယ်လာပေမဲ့ လုပ်ငန်းအားလုံးရဲ့ အဓိက လောင်စာအရင်းအမြစ် (Energy resource) ဘယ်ကရမယ်ထင်လဲ စဉ်းစားကြည့် ပါလား၊ သိအောင်စုံစမ်းဖို့ မလိုဘူးလား လို့ ပြန်ပြီး ခေါင်းစားပေးလိုက်တယ်။ သူကလဲ မင်း ဘယ်လိုထင်လဲ လို့ ပြန်မေးတယ်။ အဲ့ဒါ မင်း အလုပ်ပဲလေလို့ ဟာသ ပြန်လုပ်လိုက်ရတယ်။ (လုံခြုံရေးတွေရဲ့

ဓါတ်ပုံတချို့အဲဒီ ထိုင်းကပေးလို့ တင်ပေးလိုက်တယ်)

ရေးစရာ ပြောစရာတွေတော့ အများကြီး၊ တွေးစရာ

တောစရာတွေလဲ တပုံတပင်၊ ဆွေးစရာ မောစရာ တွေက မကုန်မခန်းနိုင်ဖြစ်မှာပဲ။ ဒါပေမဲ့ ဒါတွေကို အကုန်ချရေးဖို့ စိတ်ထိခိုက်ရတဲ့ အတွက် မရေးကို မရေးချင်တော့ဘူး။ ဒါပေမဲ့ ဒီလောက်ရေးလိုက်ရင်

သက်ဆိုင်ရာ အာဏာပိုင်များ၊ အာဏာမပိုင်များ၊ ပညာရှင်များ၊ ပညာသေများ လုပ်သင့်လုပ်ထိုက်တာ ဆက်လုပ်ကြ မလားလို့ မျှော်လင့်ပြီး ရေးလိုက်ရတာပဲ။ သိတာတွေ အကုန်လျှောက်ရေးလို့ကတော့ အသက်တိုယုံပဲရှိ မယ်။ 

ရက်စွဲအလိုက် ဆောက်လုပ်ပြီးစီးမှုပြ ဗီဒီယိုမှတ်တမ်းများ၏ Youtube Links မူလစမျက်နှာ (မှတ်တမ်းဗီဒီယိုဖိုင် ၅၆ ခု) 

Fu Lung

https://www.youtube.com/channel/UCPJ5A44iacWjWbKtjTGZDPA

၅၆ ဖိုင်လုံးကုန်အောင်မကြည့်နိုင်ပေမဲ့ အောက်က 

၂ ဖိုင်တော့ သေချာကြည့်စေချင်တယ်။ ပထမတခု

က မြန်မာလို အောက်ခြေစာတမ်းထိုးပါတော့ အားလုံး လိပ် ပတ်လည်မယ်၊ ဇာတ်ရည်လည်မယ်လို့ ထင်ပါတယ်။ 

၂၀၁၇ခု သြဂုတ်လ ၂၈ ရက် (2017 Aug 28)

https://www.youtube.com/watch?v=4kNMqiwd5dE...

၂၀၁၉ခု ဖေဖော်ဝါရီ ၂၄ ရက် (2019 Feb 24)

https://www.youtube.com/watch?v=lLwpxMbngOs

စဉ်းစားမိတိုင်း အစားပျက်၊ အသောက်ပျက်ဖြစ်နေတဲ့

တောင်ပေါ်က မောင်ကျော်။ 

၂၀၁၉ ခုနှစ် မတ်လ ၃ ရက်။

She Zhijiang: Discarded Chinese spy or criminal mastermind? https://www.aljazeera.com/.../she-zhijiang-discarded...

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...