Skip to main content

အတိုင်းအတာယူနစ်နှိုင်းယှဉ်ဇယား

မြန်မာအတိုင်းအတာ Metric Imperial/US

ဆံခြည် 79.375 µm 3⅛ thou/mil

နှမ်း 0.79375 mm 31¼ thou/m

မုယော 4.7625 mm 3⁄16 in

လက်သစ် 1.905 cm ¾ in

မိုက် 15.24 cm 6 in

ထွာ 22.86 cm 9 in

တောင် 45.72 cm 1½ ft; one cubit

လံ 1.8288 m 6 ft

တာ 3.2004 m 10½ ft

ဥသဘ 64.008 m 70 yd

ကောသ 1.28016 km 0.795455 mi

ဂါဝုတ် 5.12064km 3.18182 mi; about one league

ယူဇနာ 20.48256km 12.7273 mi

တိုင်းတာပုံ

၁၀ ဆံခြည် = ၁ နှမ်း (ဆံပင်ဆယ်ချောင်း = နှမ်းတစေ့)

၆ နှမ်း = ၁ မုယော (မုယောစပါး ၁ စေ့)

၄ မုယော = ၁ လက်သစ် (၁၂ လက်သစ် = ၁ ထွာ၊ ၂ ထွာ = ၁ တောင်၊ ၂ ဆုပ် = ၁ ထွာ၊ ၄ ဆုပ် = ၁ တောင်)

၈ လက်သစ် = ၁ မိုက်

၃ မိုက် = ၁ တောင်

၄ တောင် = ၁ လံ

၂ တောင် = ၁ ကိုက်

၇ တောင် = ၁ တာ

၂၀ တာ = ၁ ဥသဘ

၂၀ ဥသဘ = ၁ ကောသ

၄ ကောသ = ၁ ဂါဝုဒ်

၄ ဂါဝုဒ် = ၁ ယူဇနာ

၁၀ဝ၀ တာ = ၁ တိုင်

၆ တိုင် နှင့် တာ ၄၀ဝ = ၁ ယူဇနာ

မြန်မာ (၁၀) တိုင် ကို ခရီးတသောင်း ဟုခေါ်ဆိုသည်မှာ တာပေါင်း တသောင်း ရှိသောကြောင့် ဖြစ်သည်။  ခရီးတသောင်း၊ အပ်တချောင်း ဟူသော စကားပုံ လည်းရှိသည်။ အဓိပ္ပာယ်မှာ ခရီးတသောင်း (၁၀ တိုင်) ဝေးလျှင် အပ်ကလေးတချောင်းမျှပင် မသယ်ချင်လောက်အောင် လေးသည် ဟု ဆိုလိုသည်။

တတာတွင် (၇)တောင်ရှိပြီး၊ တာပေါင်းတထောင်သည် တတိုင်နှင့်ညီသောကြောင့် တတိုင်တွင် (၇၀၀၀)တောင် ရှိသည်။ ယင်းပမာဏသည် ပေပေါင်း (၁၀၅၀၀) နှင့်ညီမျှသည်။ တမိုင်တွင် (၅၂၈၀)ပေရှိရာ မိုင်ဖွဲ့လျှင် ၁.၉၉ မိုင်နှင့် ညီသည်။ သို့ဖြစ်၍ ဗြိတိသျှ (အင်္ဂလိပ်) အတိုင်းအတာများနှင့် ဆက်စပ်ရာတွင် အကြမ်းအားဖြင့် နှစ်မိုင်လျှင် တတိုင် ရှိသည်ဟု ကျေးလက်ဒေသများတွင် မှတ်ယူထားကြသည်။

ခရီးအကွာအဝေးကို မိုင်(အင်္ဂလိပ်အတိုင်းအတာ) အစား တိုင် (မြန်မာအတိုင်းအတာ) ဖြင့် ခေါ်ဝေါ် သုံးစွဲမှုများမှာ ယနေ့တိုင်အောင် မြန်မာ့ ကျေးလက်ဒေသများတွင် တွင်ကျယ်နေဆဲ ဖြစ်သည်။ ဥပမာအားဖြင့် ခရီး (၁၀) မိုင် ဝေးသည် ဟု ပြောမည့်အစား ခရီး (၅) တိုင် ဝေးသည် ဟုသာ ပြောဆိုလေ့ရှိကြသည်။ ထို့ပြင် အလတ်တန်းစား အတိုင်းအတာများ ဖြစ်သည့် လယ်ယာ ကိုင်းကျွန်း အတိုင်းအတာများကိုလည်း အလျား တာ မည်မျှ၊ အနံ တာ မည်မျှ စသည်ဖြင့်သာ ပြောဆိုနေကြဆဲ ဖြစ်သည်။ သည့်ထက်ပိုမိုတိုတောင်းသော အလျားအတိုင်းအတာ ဖြစ်သည့် သစ်၊ ဝါး စသည်တို့ကို တိုင်းတာရာတွင် သို့မဟုတ် အိမ်ဆောက်ရာတွင်မူ တောင် နှင့် ထွာ ကို အသုံးပြုကြသည်။

အလေးချိန်

အလေးချိန်ယူနစ်နှိုင်းယှဉ်ဇယား

မြန်မာအလေးချိန် Metric Imperial/US

ရွေးလေး 136.078 mg 2.1 grain

ရွေးကြီး 272.155 mg 4.2 grain

ပဲသား 1.02058 g 15.75 grain

မူးသား 2.04117 g 31.5 grain

မတ်သား 4.08233 g 63 grain

ငါးမူးသား 8.16466 g 0.288 oz

ကျပ်သား 16.3293 g 0.576 oz

အဝက်သား 204.117 g 7.2 oz

အစိတ်သား 408.233 g 14.4 oz

ငါးဆယ်သား 816.466 g 1.8 lb

ပိဿာ 1.63293 kg 3.6 lb

အချိန်တရာ 163.293 kg 360 lb

အချင်အတွယ်

အချင်အတွယ်ယူနစ်နှိုင်းယှဉ်ဇယား

မြန်မာအချင့်အတွယ် Metric Imperial US

လမြူ 79.9118 ml 213⁄16 fl oz 2.70214 fl oz

လမျက် 159.824 ml 5⅝ fl oz 5.40428 fl oz

လမယ် 319.647 ml 11¼ fl oz 10.8086 fl oz

စလယ် 639.294 ml 1⅛ pint 1.35107 pints

ခွက် 1.27859 l 1⅛ qt 1.35107 qt

ပြည် 2.55718 l 2¼ qt 2.70214 qt

စိတ် 10.2287 l 2¼ gallons/

1⅛ pecks 2.70214 gallons/

1.16106 pecks

ခွဲ 20.4574 l 4½ gallons/

2¼ pecks 5.40428 gallons/

2.32213 pecks

တင်း 40.9148 l 9 gallons/

1⅛ bushels 10.8086 gallons/

1.16107 bushels

ချင့်တွယ်ပုံ

၂ လမြူ = ၁ လမျက်

၂ လမျက် = ၁ လမယ်

၂ လမယ် = ၁ စလယ်

၂ စလယ် = ၁ ခွက်

၂ ခွက် = ၁ ပြည်

၄ ပြည် = ၁ စိတ်

၂ စိတ် = ၁ ခွဲ

၂ ခွဲ = ၁ တင်း

၁ တင်း = ၁၆ ပြည်

ငွေကြေး

မြန်မာ့ငွေကြေးယူနစ်ဇယား

မြန်မာငွေကျပ် ညီမျှမူ

ပြား

မတ် ၂၅ ပြား

ငါးမူး ၂ မတ်

ကျပ် ဆယ်မူး

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ