ဂရုစိုက် = အရေးတယူပြုသည်။ အလေးထား၊ အရေးစိုက်၊ အရေးစိုက်။
ဂရုစိုက်
ဂရုတစိုက်
ဂရုပြု
ဂရုမူ
ဂရုသံ
ဘဝသံသရာ ဝဲဂယက်မှ ရုန်းထွက်နိုင်ကြပါစေ။
ဂ
ဂဃနဏ
ဂဏန်းခြေ၊
ဂဏန်းသင်္ချာ
ဂတိ (လားရာ)
ဂဒူး (ဆောင်းစရာ)
ဂနာငြိမ်
ဂနိုင်
ဂမုန်းပင်
ဂယက်ရိုက်
ဂရင်ဂျီနာ (ဘရင်ဂျီနာ)
ဂရန်မြေ
ဂရွတ် (ဆယ့်နှစ်ဒါဇင်)
ဂရို့ချိုး
ဂရုကံ၊
ဂရုစိုက်
ဂရုတစိုက်
ဂရုပြု
ဂရုလဟု
ဂဝံကျောက်
ဂဝံရုပ်
ဂဠုန်ငှက်
ဆန္ဒာဂတိ၊
သုဂတိဘုံ၊
အဂတိလိုက်စား
"ဥသြ"
ဝေလီဝေလင်း အချိန်။
အုန်းတောကြီး အထဲမှ တွန်မြည်လိုက်သော ဥသြသံကလေးသည် မနိုးတဝက် နိုးတဝက်နှင့် မှိန်းစက်နေသော ရွာကလေး၏ နားသောတအားငြိမ့်စေလေ၏။ အနက်မထင်သော အသံဖြစ်၍ ငြိမ့်စေခြင်းထက် ပိုမိုမစွမ်းဆောင်နိုင်ချေ။ ဥသြသံကလေး ရပ်စဲသွားသည်နှင့် တပြိုင်နက် ရွာထိပ်ဆီမှ ပေါ်ပေါက်လာသော တေးသံသည်ကား ရွာကလေး၏ နားသောတကို ငြိမ့်စေရုံမျှမက စိတ်နှလုံးကိုလည်း စိမ့်စေလေ၏။ လွမ်းသော ဆွေးသော အောက်မေ့တသသော အဓိပ္ပာယ်တို့ စုဝေးရာ တေးသံတေးသွားဖြစ်လေသည်။ ဤတေးသံကလေးကို ကြားရသောခဏ၌ မှိန်းနေသော ရွာကလေးကို လူးလွန့်လာသည်ဟု ထင်မိတော့၏။ တေးပိုင်ရှင်သည် ဟိုဟိုဘဝများက ခွဲခွာခဲ့ရသော ချစ်သူအား ရော်ရမ်းတမ်းတလျက် အားရပါးရ သီဆိုလိုက်လေရော့လားဟု ကြားရသူတို့၏ စိတ်တွင် ထင်မိလေတော့၏။ တရွာလုံးက ဂရုစိုက် နားစွင့်နေသော်လည်း တေးပိုင်ရှင်သည် မည်သူ့ကိုမျှ သတိထားမိပုံ မရ။ ဆက်လက် သီဆိုသွား၍ ရွာလယ်ရပ် ၅ ရက် ဈေးကလေးဆီကျမှ အရပ် ၉ မျက်နှာတွင် ပျံ့နှံ့နေသော မိမိ၏ တေးသံကို ရပ်ဆိုင်းလိုက်လေ၏။
(မင်းသုဝဏ်- တက္ကသိုလ်ကျောင်းတိုက် မဂ္ဂဇင်း၊ ဇန်နဝါရီ+ဖေဖော်ဝါရီ ၁၉၃၃။)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment