နွေရာသီကျောင်းပိတ်ရက် အမှတ်တရစာမှာ ရေးခဲ့ပါတယ်။ ကျောင်းလွယ်အိတ်ထဲက စာအုပ်တွေထုတ်၊ မစုတ်သေးတဲ့ ပုဆိုးနဲ့အင်္ကျီ နှစ်ထည်စီ၊ ဘောင်းတီတိုလည်းနှစ်ထည်၊ စွပ်ကျယ်မလို၊ ရွာကိုအလည်ပြန်မှာ သွားတိုက်တံမလို၊ ဗိုလ်ကေဖီးဘို့ ဘီးမလို၊ ခုံဖိနပ်တို အိမ်မှာထား၊ ဆင်ကြယ်ဖိနပ်၊ ရာဘာဖိနပ်တွေ မပေါ်သေးတဲ့ကာလ အမေက တာယာဖိနပ် စီးသွားတဲ့။ ထွက်မဲ့ကားမီအောင်အသော့နှင် ခြေလျင်နဲ့ မြစ်ဆိပ်ဆင်း၊ သူငယ်ချင်းတွေ မေးငေါ့၊ ငါ ရွာအလည်သွားတော့မယ်ပေါ့။
ဆေးကျောင်းသားဖြစ်တော့ ဖေါ့ဖိနပ်နဲ့ နားကြပ်။ ဖိနပ်ပေါက်တာကုတဲ့ ဆရာဝန်မှာ လူနာရှင်ကန်တော့တာ စီးလို့မကုန်ပါ။
ခုံဖိနပ်ခေတ်ကုန်တဲ့အခါ၊ ဆင်ကြယ်ထက်ကျယ်တဲ့ နိုင်ငံရေးထဲမှာတော့ တခါခါ ဖိနပ်မပါ။ တခါတခါ ဘွတ်ဖိနပ်မှာ အခါခါ ကီဝီဆေးသုတ်ရအခါခါ။
အခုတော့ ဆံပင်ကို ငွေမင်နဲ့ ရှိုးထုတ်။ အခုလုပ်နေရတာ အွန်လိုင်းမှာ ဘဲယားဖုဒေါက်တာ၊ ဘာမှစီးနေစရာ မလိုတော့ပါ။
ဒေါက်တာတင့်ဆွေ
၁၆-၉-၂၀၁၈
Comments
Post a Comment