ဒီတိုင်းပြည်မှာ အနီပါတီနဲ့ အပြာပါတီ ပြိုင်သည်။ တယောက် တဝက်စီလောက် မဲရကြလေ့ရှိပါသည်။
နှာတဖျားကပ်နိုင်သူကို၊ နှာတဖျားကပ်ရှံးသူတွေက မကြိုက်ကြပါ။ ၄ နှစ်တခါ ထိုသို့နှင်နှင် ဖြစ်ပါသည်။
အခုဘလော့လိုက်ရသူက မြန်မာလိုရေးတဲ့အတွက် ဒီတိုင်းပြည်ကိုရောက်နေတဲ့ မြန်မာပြည်သား ဖြစ်ပါမည်။
မြန်မာပြည်ကနေ ဒီတိုင်းပြည်ကိုရောက်နေသူတွေထဲမှာလည်း အနီကြိုက်သူ၊၊ အပြာကြိုက်သူ ရှိပါသည်။ အဲလိုဖြစ်တာ နော်မယ်လ် ခေါ် ပုံမှန်သာဖြစ်ပါသည်။
ဘလော့လိုက်ရသူက ရိုင်းရိုင်းစိုင်းရေးလို့သာ ဘလော့ပါသည်။ ပိသုဏဝါစာနဲ့ ဖရုသဝါစာကို လက်မခံနိုင်ပါ။
မှတ်ထားသမျှ ဘလော့စာရင်းထဲက အမှတ်စဉ် ၇၀၆ ဖြစ်ပါသည်။
ကျွန်တော်က မြန်မာပြည်ကနေလာနေရတဲ့ ဆရာဝန်ဖြစ်သည်။ ဘာကိုကြည့်ကြည့် ဆရာဝန်တယောက်လို ကြည့်လေ့ရှိပါသည်။
ကျန်းမာရေးအာမခံမရှိတဲ့ မြန်မာပြည်သားတွေကို နေ့တိုင်း တွေ့နေရပါသည်။ ဆောရီး။
မကျန်းမာသူတွေအတွက် ကျန်းမာရေးအာမခံကို ကောင်းစေမဲ့ပေါ်လစီကို ထောက်ခံပါသည်။
ကလေးတွေ၊ သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင်တွေကို အကျိုးရှိစေမဲ့ ပေါ်လစီကို ထောက်ခံပါသည်။
မြန်မာပြည်ကနေလာနေသူတွေထဲမှာ မီလီယန်နာ ရှားပါမည်။ ဘလူးကော်လာ ခေါ် လူလတ်တန်းစားတွေအတွက် ကြည့်ရှုတဲ့ ပေါ်လစီကို ထောက်ခံပါသည်။
ပညာရေးဦးစားပေးတဲ့ ပေါ်လစီကို ထောက်ခံပါသည်။
အဘောရှင်းကိုတော့ မြန်မာ့မျက်စိနဲ့သာ ကြည့်ပါသည်။
သမတလောင်းတယောက်ကို နှစ်ကြိမ်လုပ်ကြံမှုဖြစ်သည်။
ကျွန်တော်က ပါဏာတိပါတကို မထောက်ခံပါ။
အနီပါတီ သမတလောင်းနဲ့ ဒုသမတလောင်းတွေက မုသားတွေကို နေ့တိုင်းပြောကြသည်။
ကျွန်တော်က မုသာဝါဒကို မထောက်ခံပါ။
အမှန်က သူကနေသာ ကျွန်တော့ကို ဘလော့ရမှာဖြစ်ပါသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment