ယူအက်စ်အေမှာလည်း နာဇီ နဲ့ ဟစ်တလာ ပြန်လည်ဆန်းသစ်လာပါတယ်။
၁။ ရီပတ်ဘလီကန် ဒုသမတလောင်း ‘ဂျေဒီ ဗင့်’စ် က သူ့သခင် ‘ဒေါ်နယ်ထရမ့်’ ကို ‘နာဇီ’ လို့ ပြောခဲ့ဘူးတယ်။ သူဌေးကြီးနှစ်ယောက် ဈေးတည့်သွားပြီး မဲအရွေခံနေကြလေရဲ့။
၂။ မြောက်ကာရိုလိုင်းနာ ပြည်နယ် ဒု အုပ်ချုပ်ရေးမှူးက အုပ်ချုပ်ရေးမှူးနေရာအတွက် ဝင်ပြိုင်နေတယ်။ အဲဒီ Lt. ရီပတ်ဘလီကန် Mark Robinson ‘မတ် ရော်ဘင်ဆင်’ ဟာ တချိန်က ‘I’m a black NAZI!’ ကျုပ်က 'လူမည်းနာဇီ' လို့ ပြောခဲ့ဘူးတယ်။
၃။ မနေ့က ဒေါ်နယ်ထရမ့်က The Hugh Hewitt Show အင်တာဗျူးမှာ တခြားတိုင်းပြည်တွေကနေ လာနေသူတွေမှာ မျိုးဗီဇချို့ယွင်းနေကြတယ်တဲ့။
Donald Trump says there are 'a lot of bad genes' among migrants in the US
ဟစ်တလာဟာ The Nazi Ideology of Race (Adolf Hitler) မျိုးဗီဇသီအိုရီကိုကိုင်စွဲပြီး ဂျူးလူမျိုး ၆ သန်းကို သတ်ခဲ့ပါတယ်။
မြန်မာပြည်အပါအဝင် တခြားတိုင်းပြည်တွေကနေ လာနေသူတွေ တဝက်လောက်က ဒေါ်နယ်ထရမ့်ကို မဲပေးကြပါလိမ့်မယ်။
သူတို့က သူဌေးကိုမဲပေးရင် သူတို့လည်း ချမ်းသာလာမှာတဲ့။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment