- ဝန်ကတော်သေရင် ၅ကျပ်
- ဝန်မင်းသေရင် တမတ်တဲ့
- ရှေးစကား မှားပါတယ် (Shi Ingyin)
တမတ် လို့ ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။
ကျွန်တော် မြို့နယ်တခုမှာ ဆရာဝန်လုပ်ခဲ့စဉ်က နယ်တခုလုံးမှာ အချမ်းသာဆုံးပုဂ္ဂိုလ်တဦး ကွယ်လွန်တော့ အသုဘလိုက်ပို့ကြတယ်။ မိတ်ဆွေတဦးက ပြောပါတယ်။
"သူမဟုတ်ရင် ဒိထက်စည်မယ်" တဲ့။
အစဉ်အလာဆိုစကားကတော့ ဟုတ်ပါတယ်။ ရှေးစကားဖြစ်စေ ခေတ်စကားဖြစ်စေ ၁၀၀% မှန်တာရယ်လို့ မရှိပါ။
တခါတခါရံမှာ အစဉ်အလာဆိုစကားတွေထဲကနေ အထက်ကစာလိုမျိုး အပြုသဘောတွေးတောင်ဆင်ခြင်ရလေ့လည်း ရှိတယ်။
ပြောင်းပြန်ဖြစ်နေတာမျိုးလည်း ရှိတတ်တယ်။
အခုလေးတင် "ရှေ့ဆောင်နွာလား ကောက်ကောက်သွားသော် နောက်နွားတသိုက်ကောက်ကောက်လိုက်၏" လို့ ပြောင်းပြန်ယူပြီး အပြစ်တင်စာတခု တင်ပြလိုက်သေးတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment