၁၉၉၀ သမိုင်းထဲကတယောက် ကွယ်လွန်တဲ့သတင်းကို တရက်လောက်စောပြီး တင်တဲ့ ဆိုရှယ်မီဒီယာက စာတွေကို အလေးအနက် အပြစ်တင်ပါတယ်။
သတင်းမတက်ခင် အရင်ရက်က မန္တလေးနေဆရာဝန်တယောက်ဆီ မေးထားတယ်။ ကိုဇော်မြင့်မောင် ရောဂါဆိုးပေမဲ့ နေသာတယ်တဲ့။
ကနေ့ ဘုန်းကြီးကျောင်းရောက်တော့လည်း သတင်းပင်ရင်းသိလောက်သူ နှစ်ဦးနဲ့ စကားပြောဖြစ်တယ်။
၁၉၉၀ ရွေးကောက်ပွဲနောက်မှာ ကျင်းပတဲ့ ဂန္ဒီခမ်းမအစည်းအဝေးအပြီး NLD ထဲက လူလတ်ပိုင်းအမတ်တွေ တိုင်ပင်ကြတယ်။ ဟိုမြို့ ဒီမြို့တွေမှာ ကျင်းပတဲ့ လျှို့ဝှက်အစည်းအဝေးတွေကနေ စင်ပြိုင်အစိုးရတရပ်ဖွဲ့မယ်လို့ ဆုံးဖြတ်ကြတယ်။
တိုင်း ၇ ခုနဲ့ ပြည်နယ် ၇ ခုက ၂ + ၂ ဦးစီ ရွေးကြတယ်။ အစိုးရဖွဲ့မဲ့ဌာနချုပ်ကို ၂ ဦးစီသွား။ ကျန် ၂ ဦးစီက အထဲမှာ ထောက်ခံမှုရရှိရေး လုံးပမ်းကြ။ ဖမ်းရင်လည်း အဖမ်းခံကြ။
မန္တလေးတိုင်းက ဦးသိန်းဦး (ယခင် NCGUB နဲ့ ယခု NUG တရားရေးဝန်ကြီး) နဲ့ ဒေါက်တာဇော်မြင့်မောင်။
စစ်ကိုင်းတိုင်းက ရေဦးအမတ် ဦးဝင်းကို (တရုပ်ပြည်မှာ လုပ်ကြံခံရသူ) နဲ့ ဒေါက်တာတင့်ဆွေ။
ဦးဝင်းကိုက ပြည်ပထွက်ရမဲ့သူ။ ဦးဝင်းကို ထွက်သွားတာလည်း သိတယ်။ ကျွန်တော် ထိုင်းကို ရောက်တော့ ဦးဝင်းကို ကို မမီလိုက်တော့ပါ။ သူ့ဆီက ဖက်စ် ကိုသာရတယ်။
ကျွန်တော်က စစ်ကိုင်းတိုင်းထဲက ပြည်ပထွက်ကြမဲ့အမတ်တွေအတွက် ခရီးစဉ်တွေ စီစဉ်ပေးရတယ်။ ရန်ကုန် ရွှေတိဂုံဟာ ဆုံချက်တခု။
မာနယ်ပလောသွားရမဲ့ အမတ်စာရင်းထဲမပါတဲ့ ကျွန်တော်က ပုလဲနေအိမ်ကို လာဖမ်းလို့ ပုန်းရှောင်နေရာကနေ အိန္ဒိယကို ထွက်ပြေးရပါတယ်။
၂၀၁၈ ခုနှစ်နွေရာသီမှာ ကျွန်တော် မြန်မာပြည်ကို အလည်ပြန်တော့ အဲဒီအချိန်မှာ တိုင်းဝန်ကြီးချုပ်ဖြစ်နေတဲ့ ဒေါက်တာဇော်မြင့်မောင်နဲ့ မန္တလေးမှာ ညစာအတူစားကြတယ်။
သူနဲ့ကျွန်တော်က လျှို့ဝှက်အစည်းအဝေးတွေအတွက် မန္တလေးဈေးချိုတနေရာမှာ တွေ့ဆုံလေ့ရှိပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment