လာ တခေါက်၊
လ, ပြောက်ကယ် ပြီတပြီ၊
သီကရီ တာမထောက်နိုင်ဘု၊
အိမ်နောက်က ဘူးစင်၊
လူခြေနစ် - အလစ်သာဝင်တော့၊
သက်ခင် သူ့အကြိုမှာ၊
အမောကို ပြေစေခဲ့တယ်လေး။ ။
ဖူးတနွေ၊
ဆောင်း ကြွေငယ်ရစ်၊
နမ်း လှစ်ကယ် လေပြေ၊
ဒို့နှစ်ဦး - ကြည်နူးရန်စေရေ့ာ၊
ချမ်း မပြေငယ်၊
သန်းရွှေတိုင်ကဲ၊
လုံမနွေ့ – ရင်ငွေ့ကို ခွဲနိုင်ဘု၊
ဖက်လဲတကင်၊
မဆုံးကြင်ခဲ့၊
ပုန်းဝင်ငယ်တွေ့၊
ငယ်ဓလေ့ပေမို့၊
ရိုင်းမွေ့နှစ်ဖော်
အပျော်ကြီး ပျော်ကြသည်၊
ဆောင်းကျော်ငဲ့ သည်ညတာမှာ၊
ကြည်မြစရာ လွန်ထွေထူးတာမို့၊
မေ့ဘူးကွယ်လေး။ ။
ရွှေခယ်ညိုယဥ်
မြဝတီမဂ္ဂဇင်း ၁၉၅၉ ဧပြီလ
ပုံအတွက် ကျေးဇူး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment