တင်ထားတဲ့စာ = ၁၉၉၀ သမိုင်း
ကွန်မင့်တခု = မြန်မာသတ်ပုံ စစ်ပေးပါ
ဘယ်ဝါကျကို သတ်ပုံစစ်ရမှာလည်းတော့ မသိပါ။ တင်ထားတဲ့စာကို စစ်ရမှာလား။
ကွန်တော် သူငယ်တန်းတုန်းကဆရာမနဲ့ ဆယ်တန်းတုန်းကဆရာတို့က သင်ပေးထားတဲ့ စာလုံးပေါင်းသတ်ပုံအတိုင်း တသွေမတိမ်းရေးပါတယ်။
လိုအပ်လာရင် -
- မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈-၇၉၈၀) ထုတ် ၅ တွဲ၊
- ကဝိဓဇသတ်ပုံကျမ်း၊
- မြန်မာစာရေးထုံးကျမ်း (သတ်ပုံသတ်ညွှန်းကျမ်း) (ဦးသာမြတ်)၊
- ပါဠိဆိုရင် ဦးဟုတ်စိန် ပါဠိ-မြန်မာ အဘိဓာန်၊
- အင်္ဂလိပ်ဘာသာပြန်စာလုံးဆိုရင် အင်္ဂလိတ် မြမ္မာ အဘိဓာန် (Judson’s English Burmese Dictionary)
- တရားစာဆိုရင် ဆဋ္ဌသံဂါယနာတင် ပါဠိ-မြန်မာဘာသာပြန်ကျမ်းတစုံတွေကို အားကိုးပါတယ်။
- ပေါ်လစီမြန်မာအဘိဓာန် (၁၉၉၁) ကို အားကိုးလေ့နည်းပါတယ်။
- အွန်လိုင်းသတ်ပုံကိုလည်း လွယ်ကူတဲ့စာလုံးမျိုးကိုသာ အရေးပေါ်အဖြစ် အားကိုးပါတယ်။
- သတ်ပုံ အက်ပ် တွေကို လုံးဝအသုံးပြုခြင်း မရှိပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment