Skip to main content

၁၉၉၀ သမိုင်း

(၁) 

(တိုင်းပြည်ထွက်ပြေး နိုင်ငံရေးလုပ်သူတယောက် ဟိုရောက်ဒီရောက်)

၁၉၉၀ သမိုင်းထဲကတယောက် ကွယ်လွန်တဲ့သတင်းကို တရက်လောက်စောပြီး တင်တဲ့ ဆိုရှယ်မီဒီယာက စာတွေကို အလေးအနက် အပြစ်တင်ပါတယ်။

သတင်းမတက်ခင် အရင်ရက်က မန္တလေးနေဆရာဝန်တယောက်ဆီ မေးထားတယ်။ ကိုဇော်မြင့်မောင် ရောဂါဆိုးပေမဲ့ နေသာတယ်တဲ့။

၁၉၉၀ ရွေးကောက်ပွဲနောက်မှာ ကျင်းပတဲ့ ဂန္ဒီခမ်းမအစည်းအဝေးအပြီး NLD ထဲက လူလတ်ပိုင်းအမတ်တွေ တိုင်ပင်ကြတယ်။ ဟိုမြို့ ဒီမြို့တွေမှာ ကျင်းပတဲ့ လျှို့ဝှက်အစည်းအဝေးတွေကနေ စင်ပြိုင်အစိုးရတရပ်ဖွဲ့မယ်လို့ ဆုံးဖြတ်ကြတယ်။

တိုင်း ၇ ခုနဲ့ ပြည်နယ် ၇ ခုက ၂ + ၂ ဦးစီ ရွေးကြတယ်။ အစိုးရဖွဲ့မဲ့ဌာနချုပ်ကို ၂ ဦးစီသွား။ ကျန် ၂ ဦးစီက အထဲမှာ ထောက်ခံမှုရရှိရေး လုံးပမ်းကြ။ ဖမ်းရင်လည်း အဖမ်းခံကြ။

မန္တလေးတိုင်းက ဦးသိန်းဦး (ယခင် NCGUB နဲ့ ယခု NUG တရားရေးဝန်ကြီး) နဲ့ ဒေါက်တာဇော်မြင့်မောင်။

စစ်ကိုင်းတိုင်းက ရေဦးအမတ် ဦးဝင်းကို (တရုပ်ပြည်မှာ လုပ်ကြံခံရသူ) နဲ့ ဒေါက်တာတင့်ဆွေ။

ဦးဝင်းကိုက ပြည်ပထွက်ရမဲ့သူ။ ဦးဝင်းကို ထွက်သွားတာလည်း သိတယ်။ ကျွန်တော် ထိုင်းကို ရောက်တော့ ဦးဝင်းကို ကို မမီလိုက်တော့ပါ။ သူ့ဆီက ဖက်စ် ကိုသာရတယ်။

ကျွန်တော်က စစ်ကိုင်းတိုင်းထဲက ပြည်ပထွက်ကြမဲ့အမတ်တွေအတွက် ခရီးစဉ်တွေ စီစဉ်ပေးရတယ်။ ရန်ကုန် ရွှေတိဂုံဟာ ဆုံချက်တခု။ 

မာနယ်ပလောသွားရမဲ့ အမတ်စာရင်းထဲမပါတဲ့ ကျွန်တော်က ပုလဲနေအိမ်ကို လာဖမ်းလို့ ပုန်းရှောင်နေရာကနေ အိန္ဒိယကို ထွက်ပြေးရပါတယ်။

၂၀၁၈ ခုနှစ်နွေရာသီမှာ ကျွန်တော် မြန်မာပြည်ကို အလည်ပြန်တော့ အဲဒီအချိန်မှာ တိုင်းဝန်ကြီးချုပ်ဖြစ်နေတဲ့ ဒေါက်တာဇော်မြင့်မောင်နဲ့ မန္တလေးမှာ ညစာအတူစားကြတယ်။

သူနဲ့ကျွန်တော်က လျှို့ဝှက်အစည်းအဝေးတွေအတွက် မန္တလေးဈေးချိုတနေရာမှာ တွေ့ဆုံလေ့ရှိပါတယ်။

(၂) 

နှစ်အစိတ်

ထောင်ထဲမှာ ကွယ်လွန်

ထောင်ပြင်ရောက်တာနဲ့ သေဆုံး

သေဆုံးရင်းခြင်းအကြောင်းရင်းဟာ ကင်ဆာတဲ့။

မကွယ်လွန်ခင် စာပြင်ထား သင့်အားလွှတ်လိုက်ပြီတဲ့။

နှစ်အစိတ်ကြာ ကြိုးပမ်းမှုအတွင်းမှာ ထောင်သက် နှစ်အစိတ်ကြာခဲ့သူတယောက်။

၁၉၉၀ ကို အသိအမှတ်ပြုသူဦးရေကား ၁၉၉၀ ယောက် မပြည့်လောက်။

နိုင်ငံရေးလုပ်သူတို့ သမိုင်းဟာ နှစ်အစိတ်လောက်ကြာမှသာ ပေါ်လာတတ်ပါ၏။

မှတ်ချက် - ဒေါက်တာဇော်မြင့်မောင်နဲ့ ကျွန်တော့ကို တရက်တည်းမှာ လာဖမ်းပါသည်။ သူက မပြေးသာ မရှောင်နိုင်။ ကျွန်တော်က ကံကောင်းပါသည်။ အဲဒီနေ့ မုံရွာရောက်တဲ့ညက မိဘတွေအိမ်မှာ မအိပ်သင့်ဘူးဆိုတဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့ပါသည်။ နောက်တရက်မှာ ပုလဲအထိလိုက်လာ ဖမ်းသည်။ မလွယ်ပေါက် ခေါ် ဂယ်ပေါက်ထားလေ့ရှိတဲ့ ပုတတ်ရဲ့ ဥပမာက ကျွန်ုပ်အား ကယ်လိုက်ပါသည်။ 

(၃)

ပြည်တွင်းမှာသာနေကြပြီး ကွယ်လွန်သွားကြတဲ့ ၁၉၉၀ အမတ်တွေထဲက အထူးရင်းနှီးသူတွေ မနည်းပါ။

အင်းတော်အမတ် ဦးစောလှိုင် အသည်းရောဂါအတွက် နယူးဒေလီမှာလာပြီး ဆေးလာကုတော့ စကားတွေ အမျာကြီးပြောရတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်က။ သူလည်း ဒုတိယတခေါက်လာပြီး ကွယ်လွန်ပါတယ်။ 

သူ့ကို အိန္ဒိယသွေးပါလို့ဆိုပြီး ရွေးကောက်ပွဲကော်မရှင်က ပယ်တဲ့သတင်းကို ကျွန်တော်ကဘဲ သူ့ကို ပြောပြရပါတယ်။ ၁၉၉၀ တုန်းကလည်း ဦးစောလှိုင်အဖေက အတူတူဘဲ။ 

ဒေါက်တာသန်းငြိမ်းလည်း နယူဒေလီမှာလာပြီး ဆေးလာကုတော့ စကားတွေ အများကြီးပြောရတယ်။ သူရေးတဲ့စာအုပ် ၂ အုပ်လက်ဆောင်ပေးပါတယ်။ သူလည်း ဒေလီကနေပြန်ပြီး မကြာခင်မှာကွယ်လွန်ပါတယ်။ 

အမတ်မဟုတ်ပေမဲ့ ၇ တန်းကျောင်းသားကတည်းက သူငယ်ချင်း၊ မုံရွာအောင်ရှင် ခေါ် ကိုအေးကြူနဲ့က ၂၀၁၈ ခုနှစ် အလည်ပြန်တော့ ရင်းရင်းနှီးနှီး အကြာကြီး စကားပြောကြတယ်။ 

သူကဘဲ ဒီလှိုင်းရုံးခန်းမှာ ဒီကုတင်လေးက ဆရာဦးဝင်းတင် စာရေးရင်း နားတဲ့နေရာလို့ ပြပါတယ်။

ဆရာဦးဝင်းတင်ကို RFA ကနေ ဦးဝင်းတင်းနဲ့စကားပြောခြင်းအစီအစဉ်တင်ဆက်တော့ ဦးဝင်းတင်နဲ့ ဒုတိယစကားပြောရသူက ကျွန်တော်။

(ပုံအတွက် ကျေးဇူး။)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ