မြန်မာစာ စာလုံးပေါင်း၊ သတ်ပုံ၊ အရေးအသားနဲ့ အသံထွက်တွေ လွဲမှားနေတာတွေထဲမှာ 'တ' နဲ့ 'တစ်' သာ မဟုတ်ပါ။
မြန်မာစာကို ဓါတုဗေဒလို ဖေါ်မြူလာနည်းနဲ့ သင်နေတာတချို့လည်း ပါတယ်။ သက်သေခံတွေ တင်ပြထားတယ်။
တခုကတော့ 'မ' နောက် 'ဘဲ' လိုက်။ မမှန်ပါ။
"မောင်ဘဲအနိုင်ယူ" သီချင်းမှာ 'ဘဲ' လို့သာရေးပါတယ်။
မောင်'ပဲ'အနိုင်ယူလို့ မှားအောင်ပြင်နေကြတယ်။ မလုပ်သင့်ပါ။
သီချင်းဆိုတာ စကားပြောဆိုတာနဲ့ ဆင်တယ်။ သီချင်းကို စကားသံနဲ့ ရေးလေ့ရှိတယ်။
မောင်'ပဲ'အနိုင်ယူလို့ ဘယ်အဆိုတော်က ဆိုပါသလဲ။
၁။ မောင်ဘဲအနိုင်ယူချင်
ဆို - ဝင်းဦး
ရေး - ကိုအောင်ကိုး
ချစ်သဲရုပ်ရှင်(၁၉၆၅)မှ ဇာတ်ဝင်တေး
၂။ ကဲ မောင်ဘဲအနိုင်ယူ
ရေး - ချိုတေးဆက်အောင်ကိုး
ဆို - ရီလေး
၃။ "ဘာ ဘဲလုပ်လုပ်ရ" သီချင်းကို ကိုမြကြီး ဆိုပါတယ်။ မြတ်လးက ရေးတာ 'ဘာပဲ' မဟုတ်ပါ။
မြန်မာစာနဲ့ ရေးထားတဲ့ ကျမ်းတွေ၊ စာအုပ်တွေ၊ ကဗျာတွေကို ပြန်ထုတ်တဲ့အခါ မူရင်းစာတွေကို ပြင်ခြင်းဟာလည်း ပညာပိုင်းဆိုင်ရာမူပိုင်ခွင့် ချိုးဖေါက်တာဖြစ်ကြောင်းကိုလည်း အထောက်အထားတွေ အများကြီးနဲ့ တင်ပြထားပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment