အင်လျှားကန် နဲ့ စီးပွားရေး တက္ကသိုလ်ကျောင်းသူများ
အင်းလျား နဲ့ အင်းယား မူကွဲဖြစ်တယ်။ အင်လျှားကန် မရှိပါ။ ပုံအတွက် ကျေးဇူး။
၁။ အင်းယားကန်သို့ အိုကုတို့ ကဗျာစာအုပ်ကို ဆရာ မင်းသုဝဏ် ၁၉၂၆ မှ ၁၉၇၂ အတွင်း ရေးသားထားတဲ့ ကဗျာတွေကို ဇွဲစာပေရိပ်မြုံက ဖြန့်ချိသည်။
၂။ ဆရာတင်မိုးက ဒေါက်တာဂျော်နီကဗျာမှာ တခါတရံ အင်းယားကန်မှာလို့ ရေးပါတယ်။
၃။ မိုးမိုး (အင်းလျား)။ ကလောင်အမည်။ အမည်တွေကို ကိုယ့်သဘော စာလုံးပေါင်းကြလေ့ရှိတယ်။
၄။ ချစ်ရက်ရှည်ရှည်အင်းယားမြေ (တွံတေးသိန်းတန်)
၅။ ၈/၈၂ အင်းလျား (မွန်းအောင်)
သက်သေခံစာလုံးပေါင်းတွေအရ အထင်ကရလူတွေကရေးထားတာဖြစ်လို့ အင်းလျား နဲ့ အင်းယား မူကွဲဖြစ်တယ်။ မူကွဲဆိုတာ ၂ မျိုးလုံး မှန်တယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment