ပုတတ်ကို ပဒပ်ဟု ဖတ်ပါသည်။
မေးခွန်းနှင့် ကွန်မင့်များ -
- ဆရာ ပုတတ်က ဘာကိုဆိုလိုပါသလည်းရှင်။
- ပုတတ် ဆိုတာ ပုတ်သင်လို အမျိုး ဖွတ် တို့ ပုတတ် တို့ က ပုံစံတူတယ် ပုတတ်က အကောင်သေးတယ်
- ကျေးဇူးပါရှင့်။
ပြန်ကြားချက် -
- မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉) ထဲမှာ ပုတတ်၊ ပုတတ်ကော့၊ ပုတတ်မေ့၊ ပုတတ်ရပ်လို့ ပါတယ်။
- ပုတတ်။ ပုတတ်စာ။ (မြန်မာစာအဖွဲ့ ၁၉၉၁)
- ပုတတ် (ဦးသာမြတ် ၁၉၅၃)
- ဖွတ်ပတတ် (ကဝိဓဇ ၁၉၅၄)
- ချောင်းပေါ်မှာ ဖြတ်လာရှာတဲ့ ပဒတ်ကလေးနီကျင်ကျင်ရယ် (လက်ရေတပြင်တည်း၊ နန်တော်ရှေ့ ဆရာတင်)
- လက်ရေတပြင်တည်း (သတ်ပုံမှန်တာ အလွန့်အလွန် ရှားတယ်။)
မှတ်ချက် -
သီချင်းတွေ ကဗျာတွေကို စကားသံနဲ့ ရွတ်ဆို ထွက်ဆိုရပါတယ်။
ပုတတ် ပဒတ် ပုတတ်စာ ပဒတ်စာ https://burmese-spelling.blogspot.com/2024/09/blog-post_968.html
ပုတတ်စာ https://burmese-spelling.blogspot.com/2023/03/blog-post_72.html
https://www.facebook.com/watch/?v=482040652298559
ဒေါက်တာတင့်ဆွေ
Comments
Post a Comment