သတ်ပုံကျမ်း အဟောင်းတွေမှာရော အသစ်ထဲမှာ မပါ။ ပဘာဝတီက မှန်ပါမယ်။ စကားပြောမှာ အလွယ်ပြောဆိုရာမှာသာ ပပဝတီလို့သုံးပါတယ်။ သီချင်းကြီးကြောင့် ပပဝတီလို့ မှတ်ယူမိကြတယ် ထင်ပါတယ်။
ပပငယ်လေဝင်းဝင်း ချီ ပတ်ပျိုး
ပပငယ်လေ ဝင်းဝင်း။ မှန်ရဝေဆောင်။ ကိုယ်ရောင်တိုက်ခန်းလင်း။ ။ ဟန်တခါပြင် ရွှေစင်ဆယ်တင်း။ ဆက်သွင်းပုံသေ။ သိန်းတန်တဲ့မေလေလေ့။ တင့်ကြူးငယ်မူရာထွေ။ ။ မြင်သူမြင်သူဗျာဝေ။ ကွဲကြေအံ့မဆုံး။ ။ တင်ကာတင်ကာ သွင်မျက်ခုံး။ ။ ချယ်မှင်ရောင်ပိတုန်းငယ်နှင့်။ သန်းခါမှောင်။ ။ မျက်လုံးတော်ရောင်။ သောက်ရှူးကြယ်ညီနောင်။ မြမျက်တောင် ကော့ကော့ရွှန်း။ ကေသီမှာ ဒေဝီကျမ်းစာဝင်။ မျက်နှာပြင်။ စံလွတ်ကျွန်း။ ငွေလဝန်း ပေါ်သည့်သွင်လေလေ့။ ခြောက်ပါးငယ် ပြစ်လွတ်စင်။ ။ တနဲလေ တဖုံလေ တနှုန်းလေ တအင်လေ။ တနဲလေ တဖုံလေ တနှုန်းလေ တအင်လေ။ မူရာမူရာစုံလင်။ နတ်ပင်လူပင်လား။ ။ ထင်ယောင်ထင်ယောင်ဝိုးတဝါး။ မြင်မြင်သူများပေက။ အံ့ခြားလေရှာ။ ။ ငုံကွမ်း ကြိုင်စွာ။ သင်းပျံ့မှုံနံ့သာ။ ရူပသာလှခေါင်ကြူး။ ခင်မေကို ကြင်ဆွေ လွဲဘူးနောင်။ မြဲခိုင်အောင် ဆောင်မယ်ကူး။ မောင်ရွယ်စူး မှန်ပါတယ်လေလေ့။ ကြော့မှူးရယ် ယုံတော့ကွယ်။ ။ သဲဘွင်ဝယ်။ ကြင်ခင်နှိုင်း။ ထင်မြင်တိုင်း။ တင့်လှတယ်။ အို-မိုးလယ်ဝေယန်ဖျား။ သူဇာထင်ရိုးမှား။ ။
ပဘာဝတီမင်းသမီးဟာ ခုနစ်ဆောင်တိုက်ခန်းမှာ မီးမထွန်းပဲ အသားရောင်ကြောင့် ထွန်းလင်းပါသတဲ့။ စာဖွဲ့ထားတယ်။
ပဘာ = အရောင်၊ တောက်ပသောအရောင်၊ တောက်ပခြင်း။
ပုံအတွက် ကျေးဇူး။
ဒေါက်တာတင့်ဆွေ
၆-၁၀-၂၀၁၉
Comments
Post a Comment