လန်ဒန်မှာနေတဲ့ သူငယ်ချင်းဆရာဝန် = ကျွန်တော်တို့တော့ အမေရိကန်က Scrubs အခန်းဆက်တီဗီဇာတ်လမ်း မပေါ်ခင်က scrub suit လို့ပဲခေါ်ခဲ့ပါတယ်။ခွဲခန်းအပြင်မှာပါ နောက်တော့ ဝတ်လာရာကနေ လမ်းပေါ်ပါ တွေ့လာရတယ်။ အမေရိကန်အသုံး scrubs လို့ပဲခေါ်ကြတော့တယ်။ operating theatre (OT) ကိုတော့ operating roon (OR) လို့ပြောင်းမခေါ်သေးဘူး။
ဟုတ်။
အင်္ဂလိပ်စကားသာပြောကြတဲ့ ဗြိတိန်နဲ့ ယူအက်စ်အေကြား ဂွကျတာတွေ မနည်းပါ။
မနေ့ကဘဲ လက်ဘက်ရည်ဆိုင်မှာ ပြောမိသေးတယ်။ ယူအက်စ်အေမှာ တုပ်ကွေးကာကွယ်ဆေးကို Flu shot ဖလူးရှော့ ခေါ်ပြီး အင်္ဂလန်မှာတော့ Flu jab ဖလူးဂျက် တဲ့။
ဆေးကျောင်းသားကတည်းက သားဖွားမီးယပ်ကို OG လို့ခေါ်တာ ယူအက်စ်အေရောက်တော့ OB/GYN တဲ့။ မခေါ်တတ်သလို နေလိုက်တယ်။
ဒေလီတုန်းကလည်း အင်ဒီးယန်းအင်္ဂလိပ်က တမျိုး။ Doctor ဒေါက်တားရ်။
တိုင်းပြည်ကနေ အတူထွက်ပြေးသူဖြစ်တဲ့ အမတ် ဦးသန်းစိန် (ကွယ်လွန်) ပြောသလို လေချွန်နေရတော့မလို။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment