၁၄-၁၀-၂၀၁၉ နေ့ဟာ Columbus Day ကိုလမ်ဘတ်စ်နေ့ ရုံးပိတ်ရက်ဖြစ်တယ်။ အီတာလျန်လူမျိုး Christopher Columbus ခရစ္စတိုဖါ ကိုလမ်ဘတ်စ် အမေရိကတိုက်ကို စတွေ့တဲ့နေ့မှာ ကျင်းပကြတာပါ။ ကိုလမ်ဘတ်စ်ဟာ အမေရိကတိုက်ကို ၁၂-၁ဝ-၁၄၉၂ နေ့မှာ စရောက်ပါတယ်။ သူကမ်းတက်တဲ့နေ့ကို သူ့နေ့လို့ သတ်မှတ်တာဖြစ်ပါတယ်။ စပိန်မှာ အောက်တိုဘာ ၁၂ ရက်ကို Fiesta Nacional de España အမျိုးသားနေ့လို့ သတ်မှတ်တယ်။
အမေရိကားမှာ အဲလိုသတ်မှတ်တာကို သဘောမကျသူတွေလည်းရှိတယ်။ ကိုလမ်ဘတ်စ်က ကျွန်တွေသယ်လာတယ်။ တိုင်းတပါးသားတွေ ရောက်လာတာကို ဂုဏ်ပြုရာကျတယ်။ ကက်သလစ်ဘာသာ လွှမ်းမိုးဘို့ဖြစ်တယ်။ ဥရောပတိုက်က ကူးစက်ရောဂါဆိုးတွေလည်း သယ်လာတယ်တဲ့။
ကိုလမ်ဘတ်စ်ဟာ ဂျူလီယန်ပြက္ခဒိန်အရ ၁၂-၁၀-၁၄၉၂ နေ့မှာ အမေရိကကို တွေ့တယ်။ ၁၅၈၂ ကနေစသုံးတဲ့ ဂရီဂိုရီယန်ပြက္ခဒိန်အရ ၂၁-၁၀-၁၄၉၂ နေ့ဖြစ်တယ်။
ကိုလမ်ဘတ်စ် အမေရိကတိုက်ကို ခြေချတဲ့နှစ်ဟာ မြန်မာနိုင်ငံမှာ မွန်ရွှေခေတ်ကို ထူထောင်ခဲ့တဲ့ ဓမ္မစေတီမင်း (၁၄၇၂-၉၂) နန်းစံတဲ့နောက်ဆုံးနှစ် ဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment