ကျွန်တော်တို့ သင်ခဲ့ရတာ စောလျင်စွာ၊ ဆရာရဲ့ အခုမြင်ရတဲ့စာအုပ်ထဲမှာတော့ ဆောလျင်စွာ။ ဗဟုသုတရရှိပါတယ် ဆရာ။
စောလျင်စွာလို့ရေးရင် မှားမယ်။ အစောကြီးအိပ်ရာထလို့ ရေးနိင်တယ်။ ဆောလျင်စွာအလုပ်သွားတယ်လို့ ရေးသင့်တယ်။
အဆောတလျင်
ဆောဆောတလျင်
ဆောမြို့
စိတ်စော
ဘဝင်စော
စောဒကတက်
စောဒနာ
စောစောစီးစီး
စောကြောမေးမြန်း
စောထွတ်
စောပြာပင်
ညသန်ကောင်မှာ အရေးတကြီး အဆောတလျင် ဆေးရုံသွားတယ်။ အဲတာကို စောနဲ့ရေးရင် မှားတယ်။
'အစောတစ်လျင်' လို့ရေးရင် အစောလို့ခေါ်တဲ့သူ အစာမျိုချမရလို့။
'အဆောတစ်လျင်' လို့ရေးရင် ဆေးရုံအသွား လမ်းမှာတစ်နေလို့။
ဒေါက်တာတင့်ဆွေ
၅-၁၁-၂၀၁၈
Comments
Post a Comment