Skip to main content

ဝိပါတ် နဲ့ ဝိဘတ် မှားနေသည်

ဝိဘတ် = နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၎င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်ကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၎င်းကြိယာ၏ ကာလ နှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံး (postpositons) ဖြစ်သည်။ 

ဝိပါတ်ဟူသည်

ကြာမရှည်ခင်

ပြန်လည်တတ်မျိုး

မကောင်းကျိုးဖြင့်

နောက်ပိုးလိုက်တတ်

သူ့ကိုဖျက်က

ကိုယ်ပျက်တတ်စွာ

ဤလူ့ရွာဝယ်

ဓမ္မတာအရိုး

ပမာနိုးမူ

ခါးမျိုး,ချိုမျိုး

စေ့စိုက်ပျိုးက

ထိုမျိုးအလား

မခြားတူပြီး

ခါးချိုသီးသို့

သားကြီးမင်းပျို

မှတ်ပိုက်သိုလော့ …

သူ့ကိုသရမ်း

မကြော့ကြမ်းနှင့်

လူနှမ်းကိစ္စ

ကျိုးမလှဘူး …

နိယာမမျိုး

ကောင်းအဆိုးတည်း

ပြစ်ကျိုးနှစ်ပါး

ဖြစ်တတ်ငြားက

ဘုရားသော်မှ

မလွတ်ရာဘူး (မဃဒေဝ-မန်လည်ဆရာတော်)

ရှေးကဝိပါက် ခုနစ်ရက်၊ ကာလဝိပါက် နောက်ပိုးတက် = ဝိပါကဝဋ်သည် ရှေးအခါက ခုနစ်ရက်ဆိုင်းငံပြီးမှ အကျိုးပေးသော်လည်း ယခုကာလတွင်မူ ထက်ကြပ်မကွာ လိုက်၍ အကျိုးပေးသည်။

ဒေါက်တာတင့်ဆွေ

Comments