ယူအက်စ်အေမှာ သမတရွေးကောက်ပွဲ နက်ဖြန်။
ရွှေမြန်မာတွေကလည်း ဖေ့စ်ဘွတ်မှာ တင်ကြတယ်။ နှစ်စု တွေ့ရတယ်။
တစုက ထရမ့်နိုင်မယ်တဲ့။ ထရမ့်ဦးထုပ်နဲ့၊ ဘိုင်ဘယ်နဲ့။
နောက်တစုကတော့ မဲပေးပြီးခဲ့ပြီတဲ့။
ဆရာဝန်ကတော့ ကျန်းမာရေးအကြောင်းပြချက်တွေ ထောက်ပြထားပြီးပြီ။
ထရမ့် အရင်တခါ သမတဖြစ်တုန်းက ကိုဗစ်ကို ငှက်ဖျားဆေးနဲ့ကုပါတဲ့။
သန့်ရှင်းရေးလုပ်ရတဲ့ ကလိုရင်းဆေးရည်ကို ထိုးပါတဲ့။
နှာခေါင်းစည်း မလိုဘူးတဲ့။
လျှပ်စစ်ထုတ်ပေးတဲ့ လေအားသုံးပန်ကာတွေက ကင်ဆာဖြစ်တယ်တဲ့။
ကိုဗစ်စမ်းသပ်နည်း စတွေ့တွေ့ချင်း အမေရိကန်တွေ၊ ရွှေမြန်မာတွေ အသုံးမပြုရခင် ထရမ့်က ရုရှားက ပူတင်ဆီကို တိတ်တိတ်လေးပို့တယ်။ ဟိုတလောကမှ ပေါ်တယ်။
တချက်ထပ်တိုးရဦးမယ်။
ထရမ့်သာနိုင်ရင် ကာကွယ်ဆေးမှန်သမျှ ထိုးစရာမလိုတော့ပါ။ သူက ရောဘတ်ကနေဒီဆိုသူကို ကျန်းမာရေးမှာ တာဝန်ပေးမှာတဲ့။ အဲဒီလူက ကာကွယ်ဆေးဆန့်ကျင်ရေးသမား။
ရွှေမြန်မာတွေကလည်း အမေရိကန်ရေသောက်တော့ လူတဝက်လောက်က မြန်မာစိတ်ပျောက်ကုန်ကြတယ်။
ကိုယ်ကြိုက်တာ ရွေးခွင့်ရှိတာကို ဒီမိုကရေစီလို့ ခေါ်သတဲ့။
လူကြီးမင်းတို့သဘောပါဘဲ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment